Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တောင်ကိုရီးယားကို လက်တွေ့ တိုက်ခိုက်ပုံမျိုး စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ မြောက်ကိုရီးယားဆို

အဲဒီလေ့ကျင့်မှုတွေ အားလုံးဟာ မြောက်ကိုရီးယား စစ်တပ် အနေနဲ့ နိုင်ငံရဲ့ ရန်စတဲ့ အပြုအမူတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန် ချေမှုန်းနိုင်စွမ်းရှိကြောင်း သေချာအောင် ပြသဖို့ သရုပ်တူ လေ့ကျင့်ခဲ့တာလို့ မြောက်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်က ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားကို လက်တွေ့ တိုက်ခိုက်ပုံမျိုး စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ မြောက်ကိုရီးယားဆို
တောင်ကိုရီးယားကို လက်တွေ့ တိုက်ခိုက်ပုံမျိုး စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ မြောက်ကိုရီးယားဆို

တောင်ကိုရီးယားကို တိုက်ခိုက်တဲ့ သရုပ်တူ စစ်ရေးလေ့ကျင့်မှုမျိုး လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဒုံးကျည်ပစ်ခတ်မှုတွေ၊ လေတပ် စစ်ရေးလေ့ကျင့်မှုတွေဟာ တောင်ပိုင်း နယ်စပ်အလွန်က တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ စစ်ရေးပစ်မှတ်တွေကို အသနား၊ အညှာအတာမရှိ ချေမှုန်းပုံမျိုး သရုပ်တူ လေ့ကျင့်ခဲ့တာလို့ မြောက်ကိုရီးယား စစ်ဘက်က နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြိုင်ဘက် မဟာမိတ် နှစ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အခုလို စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံတကာရေးရာ လေ့လာသူတွေကတော့ တကယ်တမ်းမှာ ကင်မ်ဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို နည်းပညာပိုင်း အဆင့်မြှင့်တင်ဖို့အတွက် လက်နက် စမ်းသပ်နေတာတွေကို အခုလို အကြောင်းပြနေတာသာ ဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားဟာ ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့သလို တောင်ကိုရီးယားနဲ့ နယ်စပ်နားထိ ချဉ်းကပ်ပြီး ရာနဲ့ချီတဲ့ စစ်လေယာဉ်တွေကို ပျံသန်းစေခဲ့ပါတယ်။

အဲဒီလေ့ကျင့်မှုတွေ အားလုံးဟာ မြောက်ကိုရီးယား စစ်တပ် အနေနဲ့ နိုင်ငံရဲ့ ရန်စတဲ့ အပြုအမူတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန် ချေမှုန်းနိုင်စွမ်းရှိကြောင်း သေချာအောင် ပြသဖို့ သရုပ်တူ လေ့ကျင့်ခဲ့တာလို့ မြောက်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယား ပစ်ခတ်တဲ့ ဒုံးကျည်တစ်စင်းဟာ တောင်ကိုရီးယားနဲ့ ပိုင်းခြားထားတဲ့ ရေပိုင်နက် စည်းကို ကျော်လွန်ပြီး တောင်ကိုရီးယား ကမ်းလွန် မိုင် ၅၀ လောက် အကွာကို ကျရောက်ခဲ့တာကြောင့် တောင်ကိုရီးယားက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါသေးတယ်။

မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားကလည်း လက်နက်ကြီးတွေ၊ ဒုံးကျည်တွေ ပစ်ခတ်တာ၊ တိုက်လေယာဉ်တွေ ပျံသန်းစေတာမျိုး တုံ့ပြန်မှုတွေ လုပ်ဆောင်ပြခဲ့ပါတယ်။

You May Also Like

သတင်း

"လမ်းပိတ်ပြီးတော့ လိုက်လံပစ်ခတ်တာတွေရှိတယ်။ ရဲဘော်တွေကတော့ အန္တရာယ်ကင်းတဲ့နေရာပြန်ရောက်ပါပြီ။"ဟု ကိုသက်ကြီးက ပြောသည်။

သတင်း

လက်ရှိတွင် ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသော ပြည်သူများအား စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

သတင်း

KBC လက်အောက်ရှိ အဆိုပါကျမ်းစာသင်ကျောင်း ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကျောင်းသား လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

သတင်း

ယခုတိုက်ခိုက်မှုသည် စခန်းသိမ်းတိုက်ခိုက်သည့် အနေအထားမျိုးမဟုတ်ဘဲ ပြောက်ကျားနည်းဖြင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။