Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ရှိနေကြောင်း အမေရိကန် အတည်ပြု

ဒါပေမဲ့ အမေရိကန် အစိုးရက ကိုယ်ဆက်ဆံနေသူတွေဟာ ဘယ်လိုအမျိုးအစားလဲ ဆိုတာကိုတော့ စဉ်ဆက်မပြတ် မျက်စိဖွင့် နားစွင့်ထားမယ်လို့လည်း သူက ဆိုပါတယ်။

ရုရှားနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ရှိနေကြောင်း အမေရိကန် အတည်ပြု
ရုရှားနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ရှိနေကြောင်း အမေရိကန် အတည်ပြု

ရုရှားအစိုးရနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။

အမေရိကန် အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်က ဝါရှင်တန်နဲ့ မော်စကိုကြားမှာ ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိနေကြောင်း ဝန်ခံခဲ့ပါတယ်။ နယူးယောက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဆူလီဗန်က အမေရိကန်ဟာ ရုရှားနဲ့ ဆက်ဆံရေး လမ်းကြောင်းတွေ ထိန်းသိမ်းထားဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အမေရိကန် အစိုးရက ကိုယ်ဆက်ဆံနေသူတွေဟာ ဘယ်လိုအမျိုးအစားလဲ ဆိုတာကိုတော့ စဉ်ဆက်မပြတ် မျက်စိဖွင့် နားစွင့်ထားမယ်လို့လည်း သူက ဆိုပါတယ်။

ဆူလီဗန်ဟာ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး နစ်ကိုလိုင် ပက်ထရူရှက်ဗ်ရယ်၊ ကရင်မလင်နန်းတော်ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ အကြံပေး ယူရီ အူရှာကော့ဗ်ရယ်နဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း အစောပိုင်းမှာ Wall Street ဂျာနယ်က ဖော်ပြခဲ့တဲ့နောက် ဆူလီဗန် ကိုယ်တိုင်က ဒီကိစ္စကို ထုတ်ဖော် အတည်ပြုခဲ့တာပါ။

အမေရိကန် အစိုးရနဲ့ နီးစပ်သူ တချို့က နှစ်နိုင်ငံ ထိပ်တန်း အရာရှိတွေဟာ ယူကရိန်း စစ်ပွဲကြောင့် နျူကလီးယား တင်းမာမှုတွေ မြင့်တက်လာနိုင်ခြေကို လျှော့ချဖို့ အဓိက ဆွေးနွေးကြပြီး စစ်ပွဲကို ရပ်တန့်ဖို့တော့ နည်းလမ်း ရှာမတွေ့ခဲ့ကြဘူးလို့ ပြောပါတယ်။

အမေရိကန်ဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားကို ပြင်းထန်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ သတ်မှတ် ကြေညာထားပေမယ့် ရုရှား အစိုးရကိုတော့ ချိတ်ဆက် ဆွေးနွေးပိုင်ခွင့် ရှိတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ကာရင်ဂျင်း ပီယေးက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အမေရိကန် အစိုးရဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဆီ ဆက်သွယ်ပြီး ရုရှားမှာ သမ္မတ ဗလာဒီမာပူတင် တာဝန်ယူနေသ၍ စစ်ပွဲရပ်ဆိုင်းဖို့ မဆွေးနွေးဘူးလို့ တင်းခံနေတဲ့ သဘောထားကို ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

You May Also Like

နိုင်ငံတကာ

KCNAကတော့ မြောက်ကိုရီးယားဟာ ရုရှားနဲ့ ဘယ်လို လက်နက် အပေးအယူ သဘောတူညီမှုမှ မရယူခဲ့သလို အနာဂတ်မှာလည်း ဒီလို သဘောတူညီမှုတွေ ရှိမလာနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီနဲ့ အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ပြီးနောက် ဒီမိုကရေစီလိုလားသူခေါင်းဆောင်တွေနဲ့သာ ထိတွေ့ဆက်ဆံဖို့ကိုလည်း တပါတည်းတိုက်တွန်းထားတာတွေ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်ကတော့ စစ်ပွဲရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာပါစေ၊ အမေရိကန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် ထောက်ခံ အားပေးနေမယ်လို့ ကြေညာထားပါတယ်။

နိုင်ငံတကာ

မြို့ခံမီးသတ် တပ်ဖွဲ့ဟာ နိုက်ကလပ်မီးကို ငြှိမ်းသတ်ဖို့အတွက် နာရီပေါင်း အတော်ကြာအောင် အချိန်ယူခဲ့ရပါတယ်။ မီးကျည်သေနတ် ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အမျိုးသားကတော့ လောလောဆယ် အဖမ်းခံထားရပါတယ်။