Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ချားလ်စ်ဘုရင်ကို ကြက်ဥနဲ့ ပေါက်သူကို ဗြိတိန် ရဲတပ်ဖွဲ့ ဖမ်းဆီး

ယော့ခ်တက္ကသိုလ်ကလည်း သူတို့ရဲ့ ကျောင်းသားတစ်ယောက်က မနှစ်မြို့စရာ အပြုအမူမျိုး လူမြင်ကွင်းမှာ ကျူးလွန်ခဲ့တဲ့အပေါ် စည်းကမ်းပိုင်းအရ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ချားလ်စ်ဘုရင်ကို ကြက်ဥနဲ့ ပေါက်သူကို ဗြိတိန် ရဲတပ်ဖွဲ့ ဖမ်းဆီး
ချားလ်စ်ဘုရင်ကို ကြက်ဥနဲ့ ပေါက်သူကို ဗြိတိန် ရဲတပ်ဖွဲ့ ဖမ်းဆီး

ဘုရင်နဲ့ မိဖုရားကို ကြက်ဥနဲ့ လှမ်းပေါက်သူ တစ်ဦးကို ဗြိတိန် ရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ပါတယ်။

နိုဝင်ဘာ ၉ ရက်က ယော့ခ်ရှိုင်းယား ပြည်နယ်ကို အလည်အပတ် ရောက်ရှိနေတဲ့ ချားလ်စ်ဘုရင်နဲ့ မိဖုရား ကယ်မီလာတို့ဟာ ယော့ခ်မြို့ကို အဝင်မှာ လာရောက် နှုတ်ဆက်တဲ့ မြို့ခံတွေနဲ့ တွေ့ဆုံနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အသက် ၂၃ နှစ်အရွယ် တက္ကသိုလ် ကျောင်းသား တစ်ယောက်က ချားလ်စ်ကို ကြက်ဥတွေနဲ့ လှမ်းပေါက်ခဲ့တာပါ။

ကြက်ဥတွေက လမ်းပေါ် ကျကွဲသွားပြီး ဘုရင်ကိုရော၊ မိဖုရားကိုပါ မထိမှန်ခဲ့ပါဘူး။ ချားလ်စ်ဘုရင်က ဒီဖြစ်ရပ်မှာ အတန်ငယ် တုံ့ဆိုင်းသွားပေမယ့် ပြည်သူတွေကို ဟန်မပျက် နှုတ်ဆက်ပြီး အဲဒီနေရာက ထွက်ခွာသွားပါတယ်။ ကြက်ဥနဲ့ ပစ်ပေါက်သူကို ရဲတွေက ဝိုင်းဖမ်းခဲ့သလို ပြည်သူတွေကလည်း အော်ဟစ် ရှုတ်ချခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဒီလုပ်ရပ်ဟာ ဆန္ဒပြတဲ့ စတန့်ထွင်မှု တစ်ခုလို့ ဗြိတိန် မီဒီယာတွေက ဖော်ပြပါတယ်။ ယော့ခ်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသားက ဗြိတိန်ဟာ ကျေးကျွန်တွေရဲ့ သွေးနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုလို့ အော်ဟစ်ပြီး ချားလ်စ်ကို ကြက်ဥနဲ့ လှမ်းပေါက်ခဲ့တာပါ။ ယော့ခ် ရဲတပ်ဖွဲ့က သူ့ကို ဝိုင်းဝန်း ဖမ်းဆီးပြီးတဲ့နောက် ဖြစ်စဉ်ကို အသေးစိတ် ဆက်လက် စုံစမ်းသွားမယ်လို့ ဆိုပါတယ်။

ယော့ခ်တက္ကသိုလ်ကလည်း သူတို့ရဲ့ ကျောင်းသားတစ်ယောက်က မနှစ်မြို့စရာ အပြုအမူမျိုး လူမြင်ကွင်းမှာ ကျူးလွန်ခဲ့တဲ့အပေါ် စည်းကမ်းပိုင်းအရ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

You May Also Like

သတင်း

ဖမ်းဆီးခံရတဲ့ တပ်သားဟာ စစ်ကိုင်းမြို့နယ်ရဲစခန်းမှာ တာဝန်ကျနေသူဖြစ်ပြီး ရဲစခန်းကနေ ထွက်လာချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

သတင်း

အခုလို ဗုံးနဲ့တိုက်ခိုက်ခံရတဲ့ ချမ်းမြသာစည်မြို့နယ် ရဲတပ်မှူးရုံးဟာ စခန်းရှေ့က လမ်းမတစ်ခြမ်းကိုပိတ်ထားသလို ဘန်ကာတွေနဲ့ လုံခြုံရေးချထားတဲ့ နေရာလည်းဖြစ်ပါတယ်။

သတင်း

နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က မန္တလေးမိုးကောင်းကျောင်းတိုက်ထဲကို စစ်အုပ်စုဟာ ဝင်ရောက်ကာ သံဃသမဂ္ဂ ဦးဆောင် ဆရာတော် တစ်ပါးကို ဝင်ဖမ်းခဲ့တာပါ။

သတင်း

ရခိုင်ပြည်နယ်၌ AAနှင့် စစ်ကောင်စီတပ်အကြား တကျော့ပြန်တိုက်ပွဲပြင်းထန်စွာ မဖြစ်ပွားမီ ကတည်းက အပြန်အလှန် ဖမ်းဆီးမှုများ ပြုလုပ် လျက်ရှိရာ စစ်ကောင်စီလက်အောက်ခံရဲများ၊ စရဖများ၊ စစ်ကောင်စီတပ်သားများကို AAက မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။