Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တူရကီမှာ လူစည်ကားရာမြို့လယ် ဗုံးကွဲမှုကြောင့် ၆ ဦးသေပြီး ၈၀ ကျော် ဒဏ်ရာရ

တူရကီ အစိုးရက အခုပေါက်ကွဲမှုဟာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုလို့ ယုံကြည် ယူဆကြောင်း ကြေညာပေမယ့် ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်အဖြစ် တာဝန်ခံတာမျိုး မရှိသေးပါဘူး။

တူရကီမှာ လူစည်ကားရာမြို့လယ် ဗုံးကွဲမှုကြောင့် ၆ ဦးသေပြီး ၈၀ ကျော် ဒဏ်ရာရ
တူရကီမှာ လူစည်ကားရာမြို့လယ် ဗုံးကွဲမှုကြောင့် ၆ ဦးသေပြီး ၈၀ ကျော် ဒဏ်ရာရ

တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လူ ၆ ဦးသေဆုံးခဲ့သလို ၈၁ ဦးထက်မနည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက်က ညနေပိုင်းက အစ္စတန်ဘူလ် မြို့လယ်က လူစည်ကားရာ တက်ခ်ဆင်မ် ရင်ပြင်နားက စျေးဆိုင်တန်းတွေ ပေါများတဲ့ လမ်းတစ်လမ်းမှာ ဗုံးကွဲခဲ့တာ ဖြစ်ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ဗုံးခွဲမှု ကျူးလွန်သူလို့ ယူဆရတဲ့ သံသယ တရားခံ တစ်ဦးကို ထိန်းသိမ်းထားကြောင်း ပြောပါတယ်။

တူရကီ အစိုးရက အခုပေါက်ကွဲမှုဟာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုလို့ ယုံကြည် ယူဆကြောင်း ကြေညာပေမယ့် ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်အဖြစ် တာဝန်ခံတာမျိုး မရှိသေးပါဘူး။

တူရကီ တရားရေးဝန်ကြီး ဘီကာ ဘော့ဇ်ဒက်ဂ်က သံသယ တရားခံအဖြစ် အမျိုးသမီး တစ်ဦးကို စွပ်စွဲခဲ့ပါတယ်။ အဲဒီ အမျိုးသမီးဟာ ပေါက်ကွဲမှုဖြစ်မယ့် နေရာမှာ မိနစ် ၄၀ လောက်ကြာအောင် ထိုင်နေခဲ့ပြီး ပေါက်ကွဲခါနီးမှ ထထွက်သွားတာကို လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာ တွေ့ခဲ့၇ကြောင်း ဘော့ဇ်ဒက်ဂ်က ဆိုပါတယ်။

တူရကီ သမ္မတ ရာဂျစ်တာယစ် အာဒိုဂန်ကလည်း ဒီဖြစ်စဉ်မှာ အကြမ်းဖက် လုပ်ရပ်ရဲ့ အငွေ့အသက်တွေ ပြင်းပြင်းထန်ထန် ခံစား ရရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ တူရကီ ပြည်ထဲရေး ဝန်ကြီး ဆူလီမန် ဆွိုင်လူကတော့ ဒါဟာ တူရကီ အစိုးရရဲ့ ရန်သူတော် ကာ့ဒ်အလုပ်သမားပါတီ (PKK)ရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။

PKKဟာ တူရကီ အစိုးရက အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ် ကြေညာထားတဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး တူရကီကနေ ကာ့ဒ်ကိုယ်ပိုင်ပြည်နယ် ခွဲထွက်ရေးအတွက် တောင်းဆိုနေပါတယ်။ အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ကလည်း PKKကို အကြမ်းဖက် အဖွဲ့အဖြစ် စာရင်းသွင်းထားပါတယ်။ ဒါပေမဲ့ အစ္စတန်ဘူလ် ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး PKKက သူတို့ရဲ့ လက်ချက်လို့ ဝန်မခံသေးပါဘူး။

ဗုံးပေါက်ပြီး သေဆုံးသူတွေထဲမှ ကလေးမလေး တစ်ယောက်နဲ့ ဖခင်ဖြစ်သူလည်း ပါဝင်တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ NATOရဲ့ မဟာမိတ်ဖြစ်တဲ့ တူရကီနဲ့အတူ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရည်မှန်းချက်တွေမှာ ရင်ဘောင်တန်း ရပ်တည် ကူညီသွားမယ်လို့ ထုတ်ပြန်ပါတယ်။ ပြင်သစ်၊ ယူကရိန်း၊ ပါကစ္စတန်၊ အီတလီ၊ ဂရိ အစိုးရတွေကလည်း အစ္စတန်ဘူလ် မြို့လယ်က အစ္စတစ်လယ်လ် လမ်းပေါ်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တူရကီ ပြည်သူတွေကို စာနာကြောင်း အသီးသီး ကြေညာခဲ့ကြပါတယ်။

အဲဒီလမ်းဟာ အစ္စတန်ဘူလ်မြို့ရဲ့ အစည်ကားဆုံး နေရာတစ်ခုဖြစ်ပြီး စျေးဝယ်သူတွေနဲ့ စည်ကားနေလေ့ ရှိပါတယ်။ ၂၀၁၆ တုန်းကလည်း အဲဒီဧရိယာ တဝိုက်မှာ အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ်ပွားပြီး တရားခံ အပါအဝင် ၅ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

Facebook

You May Also Like

သတင်း

လောပိတရှိ ဘီလူးချောင်းအနီး စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းအား ရိက္ခာပို့ရန် လက်နက်အပြည့်အစုံ၊ အရပ်ဝတ်ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ယမန် နေ့( နိုဝင်ဘာလ ၁၃ ရက်)ညနေ၃ နာရီခန့်က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

အခင်းဖြစ်သည့်နေရာသို့ မြိတ်မြို့နယ်မီးသတ်နှင့်အတူ ရပ်ကွက် အရန်မီးသတ်များ နှင့် လူမှုကူညီရေး အဖွဲ့များက သွားရောက်ကူညီပေးခဲ့သည်ဟု ဆိုသည်။

ဗီဒီယို

အဲဒီ အမျိုးသားဟာ နိုဝင်ဘာ ၁၁ ရက်က သေဆုံးမသွားခင် တစ်ရက်အလိုမှာ ယွန်ဆန် ရဲစခန်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခု​နောက်ပိုင်းတွင် စစ်​ကောင်စီလက်​အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။