Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြောက်ကိုရီးယားက ၃ နှစ်ဆက်တိုက် ရပ်တည်

Trace Internationalရဲ့ ဥက္ကဋ္ဌဖြစ်သူ အလက်ဇန္ဒား ဝရာဂီက မနှစ်ကထက်စာရင် မြောက်ကိုရီးယားမှာ အခြေအနေတချို့ တိုးတက်လာတယ် ဆိုပေမယ့် အတိုင်းအတာ ပမာဏကတော့ အရမ်း သေးငယ်နေဆဲပဲလို့ မှတ်ချက် ပေးခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြောက်ကိုရီးယားက ၃ နှစ်ဆက်တိုက် ရပ်တည်
ကမ္ဘာပေါ်မှာ အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြောက်ကိုရီးယားက ၃ နှစ်ဆက်တိုက် ရပ်တည်

ကမ္ဘာပေါ်မှာ အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြောက်ကိုရီးယားက ၃ နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း သိရပါတယ်။

Trace Internationalက ကမ္ဘာ့နိုင်ငံပေါင်း ၁၉၄ ခုရဲ့ အဂတိ လိုက်စားမှု အခြေအနေတွေကို စာရင်းပြုစု ထုတ်ပြန်ခဲ့ရာမှာ မြောက်ကိုရီးယားက အခုနှစ်လည်း နောက်ဆုံးနေရာကို ရောက်နေခဲ့ပါတယ်။ Trace Internationalက ဒီစာရင်းကို အဓိက ညွှန်ကိန်း ၄ ခုအပေါ် အခြေတည်ပြီး ပြုစု ထုတ်ပြန်ရာမှာ မြောက်ကိုရီးယားက လူမှု အဖွဲ့အစည်းတွေအပေါ် မတရား ချုပ်နှောင် ဖမ်းဆီးမှု၊ စီးပွားရေး လုပ်ငန်းတွေကနေ အစိုးရဆီ လာဘ်ပေးမှုဆိုတဲ့ ညွှန်ကိန်းတွေမှာ အဆိုးဆုံး ဖြစ်နေတာ တွေ့ရပါတယ်။

ဒါပေမဲ့ အရင်နှစ်တွေကထက်စာရင် မြောက်ကိုရီးယားဟာ အဂတိ တိုက်ဖျက်ရေး အားထုတ်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ပွင့်လင်းမြင်သာရှိမှု ညွှန်ကိန်းတွေမှာ နည်းနည်း တိုးတက်လာတယ်လို့ Trace Internationalက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Trace Internationalရဲ့ ဥက္ကဋ္ဌဖြစ်သူ အလက်ဇန္ဒား ဝရာဂီက မနှစ်ကထက်စာရင် မြောက်ကိုရီးယားမှာ အခြေအနေတချို့ တိုးတက်လာတယ် ဆိုပေမယ့် အတိုင်းအတာ ပမာဏကတော့ အရမ်း သေးငယ်နေဆဲပဲလို့ မှတ်ချက် ပေးခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူဟာ အဂတိ လိုက်စားတဲ့ အစိုးရ အရာရှိတွေကို သနားညှာတာမှု မရှိဘဲ အပြင်းအထန် အရေးယူ ဒဏ်ခတ်သွားမယ်လို့ ပြောကြားထားပြီး အဂတိ တိုက်ဖျက်ရေး လှုပ်ရှားမှုတချို့ အကောင်အထည် ဖော်ခဲ့ပေမယ့် နိုင်ငံရဲ့ အနေအထားကတော့ ထူးခြားမလာသေးပါဘူး။

Trace Internationalရဲ့ စာရင်းတွေအရ အဂတိ လိုက်စားမှု အကင်းစင်ဆုံး နိုင်ငံတွေအဖြစ် နော်ဝေး၊ နယူးဇီလန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ ဗြိတိန်၊ ဩစတြေးလျ၊ ဖင်လန်၊ ဂျပန်နဲ့ ကနေဒါတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ နိုင်ငံကြီးတွေထဲမှာတော့ အမေရိကန်က အဆင့် ၁၆၊ ဂျာမနီက အဆင့် ၁၁၊ ပြင်သစ်က အဆင့် ၃၀၊ တရုတ်က အဆင့် ၁၃၈နဲ့ ရုရှားက အဆင့် ၁၄၂ အသီးသီး ရှိနေကြပါတယ်။ မြန်မာရဲ့ အဆင့်ကတော့ ၁၅၉ နေရာကို ရောက်နေပြီး အရှေ့တောင် အာရှမှာ မြန်မာထက် အခြေအနေ ဆိုးတဲ့ နိုင်ငံတွေအဖြစ် လာအိုနဲ့ ကမ္ဘောဒီးယားတို့ ရှိနေသေးကြောင်း သိရပါတယ်။

Facebook

You May Also Like

နိုင်ငံတကာ

နိုဝင်ဘာ ၁၄ ရက်မှာ အမေရိကန်နဲ့ တရုတ် သမ္မတတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပတဲ့ G20 ညီလာခံအကြိုအဖြစ် လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဘိုင်ဒန် အနေနဲ့ သမ္မတသက်တမ်း ၂ နှစ်နီးပါး ကာလအတွင်း ရှီနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

နိုင်ငံတကာ

KCNAကတော့ မြောက်ကိုရီးယားဟာ ရုရှားနဲ့ ဘယ်လို လက်နက် အပေးအယူ သဘောတူညီမှုမှ မရယူခဲ့သလို အနာဂတ်မှာလည်း ဒီလို သဘောတူညီမှုတွေ ရှိမလာနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အဲဒီလေ့ကျင့်မှုတွေ အားလုံးဟာ မြောက်ကိုရီးယား စစ်တပ် အနေနဲ့ နိုင်ငံရဲ့ ရန်စတဲ့ အပြုအမူတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန် ချေမှုန်းနိုင်စွမ်းရှိကြောင်း သေချာအောင် ပြသဖို့ သရုပ်တူ လေ့ကျင့်ခဲ့တာလို့ မြောက်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ လတုန်းကလည်း နှစ်နိုင်ငံ နယ်ခြားမျဉ်းနားကို စစ်လေယာဉ် ၁၀ စီးလောက် ချဉ်းကပ် ပျံသန်းစေခဲ့တဲ့အတွက် တောင်ကိုရီးယား လေတပ်က တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး စောင့်ကြည့်စေခဲ့ရဖူးကြောင်း သိရပါတယ်။