Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန် အောက်လွှတ်တော် ဒီမိုကရက် အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်တော့မယ့် ပလော့စီ

ပလော့စီဟာ အမေရိကန် သမိုင်းမှာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးတဲ့ ပထမဆုံး အမျိုးသမီး အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ လက်ရှိမှာလည်း သူဟာ အင်အား အသာရတဲ့ ပါတီ ခေါင်းဆောင်အဖြစ် အောက်လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ တာဝန် ထမ်းဆောင်နေပါတယ်။

အမေရိကန် အောက်လွှတ်တော် ဒီမိုကရက် အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်တော့မယ့် ပလော့စီ
အမေရိကန် အောက်လွှတ်တော် ဒီမိုကရက် အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်တော့မယ့် ပလော့စီ

အမေရိကန် အောက်လွှတ်တော်ထဲက ဒီမိုကရက်ပါတီ အမတ်တွေကို ဆယ်စုနှစ် နှစ်ခုနီးပါးလောက် ဦးဆောင်ခဲ့တဲ့နောက် နန်စီ ပလော့စီဟာ အောက်လွှတ်တော် ဒီမိုကရက် အကြီးအကဲ အဖြစ်က နုတ်ထွက်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ပလော့စီက သူဟာ လာမယ့် အောက်လွှတ်တော် ဒီမိုကရက်ပါတီ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ကယ်လီဖိုးနီးယား ကိုယ်စားပြု အမတ်တစ်ဦး အနေနဲ့တော့ အောက်လွှတ်တော်မှာ ဆက်ရှိနေဦးမှာပါ။

ပလော့စီဟာ အမေရိကန် သမိုင်းမှာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးတဲ့ ပထမဆုံး အမျိုးသမီး အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ လက်ရှိမှာလည်း သူဟာ အင်အား အသာရတဲ့ ပါတီ ခေါင်းဆောင်အဖြစ် အောက်လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ တာဝန် ထမ်းဆောင်နေပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ကြားကာလ ရွေးကောက်ပွဲ ရလဒ်အရ ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီက ပြန်လည် အသာရလာတာကြောင့် လာမယ့်နှစ်၊ ဇန်နဝါရီလမှာတော့ ပလော့စီဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ်က နုတ်ထွက်ပေးရမှာပါ။ သူ့နေရာကို ရီပတ်ဘလစ်ကန် ပါတီရဲ့ ကီဗင် မက္ကာသီက အစားထိုး ဝင်ရောက်ဖွယ် ရှိနေပါတယ်။

ပလော့စီဟာ အောက်လွှတ်တော်မှာ ဒီမိုကရက်ပါတီ အသာရနေချိန်ရော၊ အောက်စည်းရောက်နေတဲ့ ကာလတွေမှာပါ ဦးဆောင်ခဲ့ပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာဟာ အမေရိကန် ဖွဲ့စည်းပုံအရ သမ္မတ၊ ဒုတိယ သမ္မတတို့ပြီးရင် တတိယ အကြီးဆုံး အုပ်ချုပ်ရေး အရာရှိ ဖြစ်ပါတယ်။ ပလော့စီဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ ထူးခြားထင်ရှားတဲ့ လုပ်ဆောင်မှု တချို့ကို တာဝန်ယူပြခဲ့တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ချီးကျူးပါတယ်။

ပလော့စီက အောက်လွှတ်တော် ဒီမိုကရက် အစုအဖွဲ့ကို ဦးဆောင်တဲ့ တာဝန်ကနေ ရပ်နားဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့သလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း သိပ်မရှိပါဘူး။ မကြာသေးခင်က သူ့ရဲ့ နေအိမ်ကို လူစိမ်းတစ်ဦးက ကျူးကျော် ဝင်ရောက်ပြီး ရန်ပြုခဲ့တာကြောင့် ပလော့စီရဲ့ ခင်ပွန်းသည် အပြင်းအထန် ဒဏ်ရာရခဲ့ခြင်းက အခုဆုံးဖြတ်ချက်နဲ့ ပတ်သက်သလား ဆိုတာလည်း မသိရသေးပါဘူး။

ပလော့စီဟာ ၁၉၈၇ ခုနှစ် ကတည်းက အစဉ်တစိုက် ရွေးကောက်ခံလာရတဲ့ သူ့ရဲ့ အောက်လွှတ်တော် အမတ်နေရာမှာတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလထိ ဆက်လက် တာဝန်ယူပါလိမ့်မယ်။ ဒီမိုကရက် ပါတီရဲ့ အောက်လွှတ်တော် အစုအဖွဲ့ အကြီးအကဲအဖြစ် ပလော့စီရဲ့ အရိုက်အရာကို နယူးယောက် ကိုယ်စားပြု လွှတ်တော်အမတ် ကာကင်မ် ဂျက်ဖရီစ်က ဆက်ခံဖွယ် ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

You May Also Like

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ အခုနှစ်မကုန်ခင် နိုင်ငံရဲ့ သတ္တမမြောက် နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှုတစ်ခု ထပ်မံပြုလုပ်ဖို့ ကြံစည်နေကြောင်းလည်း အမေရိကန်နဲ့တောင်ကိုရီးယားတို့က စွပ်စွဲ ပြောဆိုထားပါတယ်။

သတင်း

အဲဒီအစည်းအဝေးကာလအတွင်း ထိုင်းဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဖို့ရှိပြီး မြန်မာ့အရေးထည့်သွင်းဆွေးနွေးမယ်လို့ အိမ်ဖြူတော်ဘက်က ထုတ်ပြန်တာတွေ့ရပါတယ်။

နိုင်ငံတကာ

P-63တွေဟာ တစ်ယောက်စီး လေယာဉ်ငယ်တွေဖြစ်ပြီး B-17တွေကတော့ အဖွဲ့သား ၁၀ ယောက်လောက်ထိ စီးနင်း လိုက်ပါနိုင်ပါတယ်။ လေယာဉ်တွေဟာ တိုက်မိတဲ့နောက် လေယာဉ်ကွင်းထဲ ပျက်ကျပြီး မီးစွဲလောင်ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

သတင်း

ဥရောပသမဂ္ဂ(EU)နှင့် အမေရိကန်တို့သည် ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းနှင့်ပတ်သက်ဆက်နွှယ်နေသူများကို အရေးယူဒဏ်ခတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။