Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လူမြင်ကွင်းရှေ့မှာ သမီးဖြစ်သူကို စတင်ပွဲထုတ်လာတဲ့ ကင်မ်ဂျုံအန်း

ကင်မ်မှာ သမီး ၂ ဦးနဲ့ သား ၁ ဦး ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မိသားစုက တရားဝင် အတည်ပြုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

လူမြင်ကွင်းရှေ့မှာ သမီးဖြစ်သူကို စတင်ပွဲထုတ်လာတဲ့ ကင်မ်ဂျုံအန်း
လူမြင်ကွင်းရှေ့မှာ သမီးဖြစ်သူကို စတင်ပွဲထုတ်လာတဲ့ ကင်မ်ဂျုံအန်း

နိုင်ငံရဲ့ ဒုံးကျည်လက်နက် အမျိုးအစားသစ်ကို သွားရောက် စစ်ဆေးရာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့ရဲ့ သမီးကို ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပွဲထုတ်လာခဲ့ပါတယ်။

ကင်မ်မှာ သမီး ၂ ဦးနဲ့ သား ၁ ဦး ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မိသားစုက တရားဝင် အတည်ပြုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ နိုဝင်ဘာ ၁၈ ရက်မှာတော့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက တိုက်ချင်းပစ် ဒုံးကျည်အသစ် မစမ်းသပ်ခင် ကြည့်ရှု စစ်ဆေးနေတယ်ဆိုတဲ့ ကင်မ်ရဲ့ ဓာတ်ပုံတွေကို ဖော်ပြရာမှာ သူ့ကို လက်တွဲထားတဲ့ အသက် ၁၂ နှစ်၊ ၁၃ နှစ်ဝန်းကျင် မိန်းကလေးငယ် တစ်ယောက်ပါ ပါလာခဲ့ပါတယ်။

အဲဒီ မိန်းကလေးရဲ့ အကြောင်းကို KCNAက အကျယ်တဝင့် ရှင်းပြမထားဘဲ ကင်မ်သွားရောက် စစ်ဆေးတာဟာ Hwasong-17 အမျိုးအစား တာဝေး ပျံသန်းနိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်ဖြစ်ပြီး ပြုံယမ်း နိုင်ငံတကာ လေယာဉ်ကွင်းကနေ စမ်းသပ် လွှတ်တင်ခဲ့တယ်လို့သာ ထုတ်ပြန်သွားပါတယ်။ အဲဒီနေ့က ဒုံးကျည် စမ်းသပ်မှုဟာ အောင်မြင်ခဲ့တယ်လို့ ယုံကြည်ရပြီး ဂျပန် အစိုးရက မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ အမေရိကန် ပိုင်နက်ထိ ရောက်ရှိနိုင်စွမ်း ရှိလိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ကင်မ်ဟာ အရင်က သားသမီးတွေကို လူမြင်ကွင်းရှေ့ ထုတ်ပြလေ့ မရှိတာကြောင့် သူ့သမီးကို အခုလို ပွဲထုတ်လာတဲ့အပေါ် အားလုံးက စိတ်ဝင်တစား ရှိနေကြပါတယ်။ မိန်းကလေးရဲ့ နာမည်ကို KCNAက ထုတ်ဖော် ရေးသားတာမျိုး မရှိပေမယ့် ကင်မ်ဂျူအေ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၃ ခုနှစ်တုန်းက မြောက်ကိုရီးယားကို သွားရောက်လည်ပတ်ပြီး ကင်မ်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ဘတ်စကက်ဘောကြယ်ပွင့် ဒင်းနစ် ရော့ဒ်မန်းက ကင်မ်နဲ့ ဇနီးဖြစ်သူ ရီဆိုလ်ဂျူတို့မှာ ဂျူအေဆိုတဲ့ သမီးတစ်ယောက်ရှိကြောင်း ပြောခဲ့ဖူးတာကြောင့်ပါ။

မြောက်ကိုရီးယား အစိုးရ မီဒီယာတွေ ကင်မ်မှာ အိမ်ထောင်ရှိတယ် ဆိုတာကိုတောင် ၂၀၁၂ ခုနှစ်ထိ အတည်မပြုခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ရီက ကိုယ်ဝန်ရှိတယ်လို့ ယုံကြည်ရတဲ့ အခြေအနေ ဖြစ်လာပြီး အင်္ကျီ အပွကြီးတွေ ဝတ်တာကို တွေ့ခဲ့ဖူးပေမယ့် မြောက်ကိုရီးယား အာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အတည်ပြုတာ ငြင်းဆိုတာ ဘာမှမရှိဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။

You May Also Like

နိုင်ငံတကာ

မြောက်ကိုရီးယားက သူတို့ဟာ နိုင်ငံခြား တိုင်းပြည်တွေရဲ့ ရန်လို တိုက်ခိုက်မှုတွေနဲ့ ကြုံမှသာ နျူကလီးယား လက်နက်တွေကို ထုတ်သုံးသွားမယ်လို့ ပြောပြီး ဒါဟာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို ရည်ညွှန်းဖွယ် ရှိပါတယ်။

နိုင်ငံတကာ

ကင်မ်ယိုဂျောင်က ကပ်ရောဂါ တားဆီးတိုက်ဖျက်ရေး သတ်မှတ် စည်းမျဉ်းတွေကို အစိုးရက ပယ်ဖျက်ပေးလိုက်ပြီလို့ ကြေညာခဲ့သလို ရောဂါဆိုးကြောင့် အသေအပျောက် ၇၄ ဦးသာ ရှိခဲ့တယ် ဆိုတာကလည်း တကယ့် ထူးခြား အံ့ဖွယ် အခြေအနေ တစ်ခုလို့ ညွှန်းဆိုသွားပါတယ်။

နိုင်ငံတကာ

တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံကြား ၃ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ကျွန်းဆွယ်စစ်ပွဲဟာ ၁၉၅၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။ အိမ်နီးချင်း နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမထားတာကြောင့် ဒီကနေ့ထိ စစ်ဖြစ်နေကြဆဲလို့ သတ်မှတ်နိုင်ပါတယ်။

ဗီဒီယို

နိုင်ငံပိုင်နက်ထဲမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေချိန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ လူစည်ကားရာ နိုင်ငံတော် ဈာပန အခမ်းအနား တစ်ခုကို နှာခေါင်းစည်း မဝတ်ဘဲ တက်ရောက်ခဲ့ပါတယ်။