Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပီရူးမှာ လေယာဉ်နဲ့ မီးသတ်ကား တိုက်မိပြီး မီးသတ် ဝန်ထမ်း ၂ ဦးသေ

အခင်းဖြစ်ပွားရာ ဂျော့ဂျ်ချားဗက်ဇ် လေဆိပ်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို တာဝန်ယူတဲ့ LAP ကုမ္ပဏီက အခုလို မတော်တဆမှုမျိုးကြောင့် အဖိုးတန် လူ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် အထူးတလည် ဝမ်းနည်း ကြေကွဲကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပီရူးမှာ လေယာဉ်နဲ့ မီးသတ်ကား တိုက်မိပြီး မီးသတ် ဝန်ထမ်း ၂ ဦးသေ
ပီရူးမှာ လေယာဉ်နဲ့ မီးသတ်ကား တိုက်မိပြီး မီးသတ် ဝန်ထမ်း ၂ ဦးသေ

ပီရူးနိုင်ငံမှာ ခရီးသည်တင် လေယာဉ်နဲ့ မီးသတ်ကား တစ်စီး တိုက်မိရာက မီးသတ်ဝန်ထမ်း ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

LATAM လေကြောင်းလိုင်းပိုင် လေယာဉ်ဟာ နိုဝင်ဘာ ၁၈ ရက်က လူပေါင်း ၁၀၂ ဦးကို တင်ဆောင်ပြီး ပျံတက်ဖို့ ပြင်ဆင်ချိန်မှာ လေယာဉ်ပြေးလမ်းပေါ်က မီးသတ်ကားနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ လေယာဉ်ပေါ်က ခရီးသည်တွေနဲ့ အမှုထမ်းတွေ ထိခိုက်ခဲ့တာတော့ မရှိဘူးလို့ လေကြောင်းလိုင်းက ဆိုပါတယ်။

Airbus A320 အမျိုးအစားလေယာဉ်ဟာ ပျံတက်ဖို့အတွက် ပြေးလမ်းပေါ် အရှိန်နဲ့ ပြေးလွှားနေတဲ့အချိန်မှာပဲ အရှိန်ပြင်းပြင်း မောင်းနေတဲ့ မီးသတ် ထရပ်ကားကို တိုက်မိသွားတာ ဖြစ်ပါတယ်။ လေယာဉ်ဟာ တိုက်မိတဲ့ အရှိန်ကြောင့် ညာဖက်ကို တစ်ခြမ်းစောင်းသွားပေမယ့် ပြေးလမ်းပေါ်ကနေတော့ ချော်ထွက် မသွားခဲ့ပါဘူး။

အခင်းဖြစ်ပွားရာ ဂျော့ဂျ်ချားဗက်ဇ် လေဆိပ်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို တာဝန်ယူတဲ့ LAP ကုမ္ပဏီက အခုလို မတော်တဆမှုမျိုးကြောင့် အဖိုးတန် လူ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် အထူးတလည် ဝမ်းနည်း ကြေကွဲကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးမှာ လေယာဉ်ပြေးလမ်းပေါ် မီးသတ်ကားနဲ့ လေယာဉ် တိုက်မိခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပီရူး အစိုးရ ရှေ့နေတွေက ပြောပါတယ်။ မီးသတ်ကားဟာ ဘာကြောင့် လေယာဉ်ပြေးလမ်းပေါ် ရောက်နေသလဲ ဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ လကလည်း လူပေါင်း ၄၈ ဦး စီးနင်းလိုက်ပါခဲ့တဲ့ LATAM လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးဟာ မုန်တိုင်းမိရာက ပါရာဂွေးနိုင်ငံ၊ အဆွန်စီယိုမြို့မှာ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

You May Also Like

နိုင်ငံတကာ

P-63တွေဟာ တစ်ယောက်စီး လေယာဉ်ငယ်တွေဖြစ်ပြီး B-17တွေကတော့ အဖွဲ့သား ၁၀ ယောက်လောက်ထိ စီးနင်း လိုက်ပါနိုင်ပါတယ်။ လေယာဉ်တွေဟာ တိုက်မိတဲ့နောက် လေယာဉ်ကွင်းထဲ ပျက်ကျပြီး မီးစွဲလောင်ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

နိုင်ငံတကာ

အောက်တိုဘာ ၁၃ ရက်က တောင်ကိုရီးယားဟာ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားကလည်း ဒုံးကျည်တွေ စမ်းသပ်ပြခဲ့ပြန်သလို စစ်လေယာဉ်တွေကို နယ်စပ်နားထိ အုပ်စုဖွဲ့ စေလွှတ်ခဲ့တာပါ။ ဒီအခြေအနေတွေက ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမို မြင့်တက်လာနေတယ် ဆိုတာကို ထင်ဟပ်စေပါတယ်။

သတင်း

"ညာဘက်ပါးကို ကျည်ဆံဝင်သွားတာ။အခုလက်ရှိ စစ်ဆေးရုံမှာ ကုနေတယ်"ဟု လွိုင်ကော်မြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် မြ၀တီမြို့နယ် မြ၀တီ-ဝေါ်လေ ကားလမ်းအနီးတဝိုက်ဒေသများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။