Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အစ္စတန်ဘူလ် ဗုံးကွဲမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ကာ့ဒ် စစ်စခန်းတွေကို တူရကီ လေကြောင်းကနေ တိုက်ခိုက်

PKKကတော့ အစ္စတန်ဘူလ်က ဗုံးခွဲမှုဟာ သူတို့နဲ့ ဘယ်လိုမှ မပတ်သက်ကြောင်း ငြင်းဆိုထားပါတယ်။ တူရကီ အစိုးရဟာ PKKကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ကလည်း အလားတူ သတ်မှတ် ကြေညာထားကြပါတယ်။

အစ္စတန်ဘူလ် ဗုံးကွဲမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ကာ့ဒ် စစ်စခန်းတွေကို တူရကီ လေကြောင်းကနေ တိုက်ခိုက်
အစ္စတန်ဘူလ် ဗုံးကွဲမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ကာ့ဒ် စစ်စခန်းတွေကို တူရကီ လေကြောင်းကနေ တိုက်ခိုက်

အစ္စတန်ဘူလ် မြို့လယ်မှာ ဗုံးပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်ကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဆီးရီးယား မြောက်ပိုင်းနဲ့ အီရတ်မှာရှိတဲ့ ကာ့ဒ်မျိုးနွယ်စု ပြောက်ကျား တပ်ဖွဲ့တွေကို တူရကီ လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အစ္စတန်ဘူလ်မြို့လယ်က လူစည်ကားတဲ့ ဧရိယာ တစ်ခုမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ၆ ဦးသေပြီး ၈၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီ ဗုံးကွဲမှုကို တူရကီ အစိုးရက အကြမ်းဖက်မှုအဖြစ် သတ်မှတ် ကြေညာခဲ့သလို ကာ့ဒ်မျိုးနွယ်စု ပြောက်ကျားတပ်ဖွဲ့ PKKရဲ့ လက်ချက်လို့ တပ်အပ် စွပ်စွဲခဲ့ပါတယ်။

PKKကတော့ အစ္စတန်ဘူလ်က ဗုံးခွဲမှုဟာ သူတို့နဲ့ ဘယ်လိုမှ မပတ်သက်ကြောင်း ငြင်းဆိုထားပါတယ်။ တူရကီ အစိုးရဟာ PKKကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ကလည်း အလားတူ သတ်မှတ် ကြေညာထားကြပါတယ်။

နိုဝင်ဘာ ၂၀ မှာတော့ PKKရဲ့ စစ်အခြေစိုက် စခန်းတွေကို လေကြောင်းကနေ တိုက်ခိုက်ပြီး အစ္စတန်ဘူလ်က ဗုံးခွဲမှုအတွက် လက်တုံ့ပြန်ခဲ့ကြောင်း တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အစ္စတန်ဘူလ်မှာ ဗုံးကွဲပြီး တစ်ပတ်ပြည့်တဲ့နေ့မှာ တူရကီ လေတပ်က အခုလို ဗုံးကြဲခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဖြစ်စဉ် မတိုင်ခင် နိုဝင်ဘာ ၁၈ ရက်မှာ ကတည်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တူရကီ အနေနဲ့ ကာ့ဒ်ပြောက်ကျားတွေအပေါ် စစ်ရေးအရ တုံ့ပြန်မှုတွေ ရှိလာမှာကို စိတ်ပူကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ နိုဝင်ဘာ ၁၉ ရက် ညသန်းခေါင်ကျော် အချိန်ကနေ စတင်ဆင်နွှဲခဲ့တဲ့ လေကြောင်း စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့တော့ တူရကီ အစိုးရက အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

လေတပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ထဲမှာ ဆီးရီးယားမြောက်ပိုင်း၊ တူရကီနဲ့ နယ်စပ်နားက ကာ့ဒ်အနွယ်ဝင်တွေ အများဆုံး နေထိုင်တဲ့ ကိုဘာနီမြို့လည်း ပါဝင်ခဲ့တယ်လို့တော့ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။ ကိုဘာနီဟာ ၂၀၁၄ ခုနှစ်က အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရပေမယ့် နောက်တစ်နှစ်မှာ ကာ့ဒ်ပြောက်ကျား တိုက်ခိုက်ရေးသမားတွေက ပြန်လည် ထိန်းချုပ် သိမ်းယူနိုင်ခဲ့ပါတယ်။

You May Also Like

သတင်း

အဲဒီ လမ်းကို ဒီမနက်ပိုင်း စစ်ကောင်စီ မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်းဖြတ်သန်းဖို့ရှိတဲ့အတွက် လုံခြုံရေးချထားတဲ့ကြားကနေ ပေါက်ကွဲမှုဖြစ်တာလို့သိရပါတယ်။

သတင်း

ကရင်နီဒေသအတွင်း တော်လှန်ရေးအင်အားစု များအနက် KRU သည် စစ်ကောင်စီကို ခုခံတိုက်ခိုက်လျှက်ရှိသော ဒေသခံတပ်ပေါင်းစု ဖြစ်သည်။

နိုင်ငံတကာ

တူရကီ အစိုးရက အခုပေါက်ကွဲမှုဟာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုလို့ ယုံကြည် ယူဆကြောင်း ကြေညာပေမယ့် ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်အဖြစ် တာဝန်ခံတာမျိုး မရှိသေးပါဘူး။

နိုင်ငံတကာ

အောက်တိုဘာ ၁၄ ရက် ညပိုင်းက ဘာတင်ခရိုင်မှာရှိတဲ့ အေမက်စ်ရာမြို့က ကျောက်မီးသွေးတွင်း တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းကို မသိရသေးပေမယ့် အမှားအယွင်း တစ်ခုကြောင့် မီသိန်းဓာတ်ငွေ့တွေ ယိုစိမ့်ရာက အစပြုခဲ့တယ်လို့ ယုံကြည်ရပါတယ်။