Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကုလသမဂ္ဂ အကြီးအကဲက အမေရိကန်ရဲ့ ရုပ်သေးဖြစ်နေပြီလို့ မြောက်ကိုရီးယား လှောင်ပြောင်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ စိတ်ပျက်စရာ သဘောထားကို သိမြင်လာရတဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ အခုအခါမှာ ဂူတာရက်စ်ဟာ အိမ်ဖြူတော်၊ ဒါမှမဟုတ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိ တစ်ဦးနဲ့တောင် ပိုပြီး ဆင်တူလာကြောင်း ချိုက ဆိုပါတယ်။

ကုလသမဂ္ဂ အကြီးအကဲက အမေရိကန်ရဲ့ ရုပ်သေးဖြစ်နေပြီလို့ မြောက်ကိုရီးယား လှောင်ပြောင်
ကုလသမဂ္ဂ အကြီးအကဲက အမေရိကန်ရဲ့ ရုပ်သေးဖြစ်နေပြီလို့ မြောက်ကိုရီးယား လှောင်ပြောင်

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ဟာ ဘက်မလိုက် သဘောထားကို စွန့်လွှတ်ပြီး အမေရိကန်ရဲ့ ရုပ်သေးရုပ် ဘဝကို ခံယူလိုက်ပြီလို့ မြောက်ကိုရီးယား အစိုးရက လှောင်ပြောင်သွားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ချိုဆွန်ဟွေက ဂူတာရက်စ်ကို အခုလိုမျိုး ထိုးနှက်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုကို အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေနည်းတူ ဂူတာရက်စ်က ကန့်ကွက် ရှုတ်ချခဲ့တဲ့အပေါ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ လက်ရုံးတစ်ဦးဖြစ်တဲ့ အမျိုးသမီးက အခုလို တုံ့ပြန်ခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ စိတ်ပျက်စရာ သဘောထားကို သိမြင်လာရတဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ အခုအခါမှာ ဂူတာရက်စ်ဟာ အိမ်ဖြူတော်၊ ဒါမှမဟုတ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိ တစ်ဦးနဲ့တောင် ပိုပြီး ဆင်တူလာကြောင်း ချိုက ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဆိုတာဟာ ဘက်မလိုက်တဲ့၊ သင့်တင့်မျှတတဲ့ သဘောထားမျိုး ရှိရမယ်ဆိုတဲ့ အခြေခံ ကျင့်ဝတ်တွေကို ဂူတာရက်စ်က မေ့ဖျောက်ပြီး အမေရိကန်ရဲ့ ရုပ်သေးဘဝ ရောက်နေပြီလို့လည်း မြောက်ကိုရီးယား ဝန်ကြီးက ထိုးနှက် ဝေဖန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြောက်ကိုရီးယား စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ ICBM တာဝေးပစ် ဒုံးကျည်နဲ့ ပတ်သက်လို့ အသေးစိတ် မသိရသေးပေမယ့် နောက်ဆုံးပေါ် Hwasong-17 အမျိုးအစား ဖြစ်နိုင်တယ်လို့ လက်နက်ရေးရာ သုတေသီတွေက ခန့်မှန်းထားပါတယ်။ မြောက်ကိုရီးယားဟာ အရင်က Hwasong-17ကို စမ်းသပ် ပစ်လွှတ်မှုတွေမှာ အကြိမ်ကြိမ် ချွတ်ချော်ခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားက နောက်ဆုံး စမ်းသပ်တဲ့ ဒုံးကျည်ဟာ အမြင့် ၆၁၀၀ ကီလိုမီတာလောက် ရောက်ရှိခဲ့တဲ့နောက် ပစ်လွှတ်တဲ့ နေရာကနေ ကီလိုမီတာ ၁၀၀၀ ကျော်အကွာ ပင်လယ်ပြင်ကို ကျဆင်းသွားပါတယ်။ တကယ်လို့သာ ဒုံးကျည်ကို ပိုနိမ့်တဲ့ ထောင့်ချိုးနဲ့ ချိန်ရွယ်ပြီး ပစ်လွှတ်မယ်ဆိုရင် အမေရိကန် နယ်နိမိတ်ထိ ရောက်ရှိမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

You May Also Like

သတင်း

ဒါအပြင်အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းကိုလည်း ကန်ဒုသမ္မတက ထိုင်းဝန်ကြီးချုပ်ကိုထပ်လောင်းအသိပေးခဲ့တယ်လို့သိရပါတယ်။

နိုင်ငံတကာ

ပလော့စီဟာ အမေရိကန် သမိုင်းမှာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးတဲ့ ပထမဆုံး အမျိုးသမီး အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ လက်ရှိမှာလည်း သူဟာ အင်အား အသာရတဲ့ ပါတီ ခေါင်းဆောင်အဖြစ် အောက်လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ တာဝန် ထမ်းဆောင်နေပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ အခုနှစ်မကုန်ခင် နိုင်ငံရဲ့ သတ္တမမြောက် နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှုတစ်ခု ထပ်မံပြုလုပ်ဖို့ ကြံစည်နေကြောင်းလည်း အမေရိကန်နဲ့တောင်ကိုရီးယားတို့က စွပ်စွဲ ပြောဆိုထားပါတယ်။

နိုင်ငံတကာ

ဒါ့အပြင် မြောက်ကိုရီးယားဟာ အခုနှစ် မကုန်ခင် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှုတစ်ခု ပြုလုပ်လာနိုင်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်က ခန့်မှန်း ပြောဆိုထားပါတယ်။