Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

OneLove လက်ပတ်တွေ ကမ္ဘာ့ဖလားမှာ ဝတ်ဆင်ခွင့် မပေးကြောင်း ဖီဖာက အတိအလင်း ဆုံးဖြတ်

တကယ်လို့ OneLove လက်ပတ်တွေ ဝတ်ဆင်ခဲ့မယ်ဆိုရင် အဝါကတ်ပြ သတိပေး အရေးယူမှုတွေ ရှိလာမယ်လို့ ဖီဖာက အကြောင်းကြားခဲ့တဲ့နောက် အသင်းခေါင်းဆောင်တွေက အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

OneLove လက်ပတ်တွေ ကမ္ဘာ့ဖလားမှာ ဝတ်ဆင်ခွင့် မပေးကြောင်း ဖီဖာက အတိအလင်း ဆုံးဖြတ်
OneLove လက်ပတ်တွေ ကမ္ဘာ့ဖလားမှာ ဝတ်ဆင်ခွင့် မပေးကြောင်း ဖီဖာက အတိအလင်း ဆုံးဖြတ်

လိင်စိတ်တိမ်းညွတ်မှု ကွဲပြားသူ အားလုံးကို တစ်သားတည်း ထောက်ခံရပ်တည်ကြောင်း ပြသတဲ့ လက်ပတ်တွေကို ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ဝတ်ဆင်တော့မှာ မဟုတ်ကြောင်း လက်ရွေးစင် အသင်းတချို့က ထုတ်ပြန်ပါတယ်။

အရင်က အင်္ဂလန်၊ ဝေးလ်စ်၊ ဒိန်းမတ် ဂျာမနီတို့ အပါအဝင် ဥရောပ ၉ နိုင်ငံရဲ့ လက်ရွေးစင် အသင်းတွေရဲ့ အသင်းခေါင်းဆောင်တွေဟာ ကမ္ဘာ့ဖလားမှာ OneLove လက်ပတ်တွေကို ဝတ်ဆင်ဖို့ စီစဉ်ထားခဲ့ပါတယ်။ အသည်းပုံမှာ ရောင်စုံ အစင်းကျားတွေ ဒီဇိုင်းရေးဆွဲထားတဲ့ လက်ပတ်တွေဟာ ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်တဲ့ သဘောထားကို ဖော်ဆောင်ထားတာပါ။ အဲဒီ လက်ပတ်တွေ ဝတ်ဆင်မှုဟာ လိင်တူ ဆက်ဆံခြင်းကို အားပေးတဲ့သဘော ဆောင်နေတယ်လို့ ယူဆနိုင်တာကြောင့် ကမ္ဘာ့ဖလား အိမ်ရှင် ကာတာနိုင်ငံက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)အပေါ် ဖိအားပေး ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။

အခုအခါမှာတော့ ဖီဖာရဲ့ အတိအလင်း တားမြစ်မှုကြောင့် လက်ရွေးစင် ၉ သင်းရဲ့ အသင်းခေါင်းဆောင်တွေဟာ OneLove လက်ပတ်တွေကို ဝတ်ဆင်တော့မှာ မဟုတ်ပါဘူး။ အဲဒီဆုံးဖြတ်ချက်ကို အင်္ဂလန် အပါအဝင် ၇ သင်းက ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန် အတည်ပြုခဲ့ပါတယ်။

တကယ်လို့ OneLove လက်ပတ်တွေ ဝတ်ဆင်ခဲ့မယ်ဆိုရင် အဝါကတ်ပြ သတိပေး အရေးယူမှုတွေ ရှိလာမယ်လို့ ဖီဖာက အကြောင်းကြားခဲ့တဲ့နောက် အသင်းခေါင်းဆောင်တွေက အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

OneLove လက်ပတ်တွေ ဝတ်ပြီး လူသားအားလုံးရဲ့ လိင်တိမ်းညွတ်မှုဆိုင်ရာ တန်းတူညီမျှ ရှိခွင့်ကို ထောက်ခံပြခဲ့ရင် အားကစား ရှုထောင့်ကနေ အရေးယူ ခံရမယ့် အခြေအနေတွေ ကြုံလာတာကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း၊ ဖီဖာရဲ့ ဆုံးဖြတ်ချက်အပေါ် အထူးဝမ်းနည်း စိတ်ပျက်မိကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အိမ်ရှင် ကာတာရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ LGBT အသိုက်အဝန်းအပေါ် ခွဲခြားဆက်ဆံမှုတွေက အတော်လေး လူပြောများခဲ့သလို ပြိုင်ပွဲကို သပိတ်မှောက်ဖို့ ဖိအားပေး တောင်းဆိုမှုတွေတောင် ရှိခဲ့ပါတယ်။ OneLove လက်ပတ်တွေ ဝတ်ဆင်ခွင့်ကို ဖီဖာက ပိတ်ပင်လိုက်တာကတော့ ကာတာ အစိုးရနဲ့ LGBT အသိုက်အဝန်းကြား ပိုပြီး တင်းမာလာစေမှာ ဖြစ်သလို ဖီဖာ အနေနဲ့လည်း ကာတာက အပိုင်ဝယ်တာ ခံထားရကြောင်း စွပ်စွဲချက်တွေနဲ့ ပိုပြီး ကြုံတွေ့လာရဖွယ် ရှိနေပါတယ်။

You May Also Like

နိုင်ငံတကာ

ပြိုင်ပွဲမတိုင်ခင် ကာတာကို ရောက်ရှိနေတဲ့ ပရိသတ် တချို့ကတော့ အရက်စျေးတွေကလည်း မတရားကြီးတယ်လို့ ညည်းညူနေပါတယ်။ အရက်သွားသောက်ရင် ဒေါ်လာ ၂၀၀ နဲ့ ၃၀၀ ကြားလောက်ထိ ကျသင့်မယ့် အခြေအနေကြောင့် ဝေဖန်သံတွေလည်း အတော်လေး ဆူညံနေပါတယ်။

နိုင်ငံတကာ

G20 ညီလာခံမှာ ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစု နိုင်ငံခေါင်းဆောင်တွေနဲ့ နေ့လယ်စာ သုံးဆောင်ချိန်မှာ ဖီဖာ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက အခုလို ပြောကြားသွားခဲ့တာပါ။

ဆောင်းပါး

၂၂ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ကာတာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ကနေ ဒီဇင်ဘာ ၁၈ ရက်ထိ တစ်လကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဗီဒီယို

၂၂ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ကာတာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ကနေ ဒီဇင်ဘာ ၁၈ ရက်ထိ တစ်လကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။