Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန် စူပါမားကက် တစ်ခုမှာ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးဝန်းကျင် သေဆုံး

လူမှုကွန်ရက်ပေါ် ရောက်ရှိလာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာတော့ အခင်းဖြစ်ရာ နေရာတဝိုက်မှာ ရဲအင်အား အမြောက်အမြား ဖြန့်ကျက်ထားတာ တွေ့ရပါတယ်။

အမေရိကန် စူပါမားကက် တစ်ခုမှာ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးဝန်းကျင် သေဆုံး
အမေရိကန် စူပါမားကက် တစ်ခုမှာ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးဝန်းကျင် သေဆုံး

အမေရိကန်က စူပါမားကက် တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၁၀ ဦးလောက် သေဆုံးသွားကြောင်း သိရပါတယ်။

ဗာဂျီးနီးယား ပြည်နယ်က ချက်ဆာပီရက်ကီမြို့မှာရှိတဲ့ Walmart စူပါမားကက်မှာ နိုဝင်ဘာ ၂၂ ရက်က ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ သေနတ်သမားဟာ စူပါမားကက်ရဲ့ စတိုခန်း မန်နေဂျာလို့ ယူဆရပြီး လူတွေကို ပစ်ခတ်ခဲ့တဲ့နောက် ကိုယ့်ကိုယ်ကိုယ်ပါ အဆုံးစီရင်သွားတယ်လို့ ရဲတွေက ပြောပါတယ်။

ချက်ဆာပီရက်ကီ မြို့တော်ဝန်ရုံးက ရဲတပ်ဖွဲ့ဟာ ပစ်ခတ်မှု သတင်းကြောင့် စူပါမားကက်ဆီ ချက်ချင်း သွားရောက်ခဲ့ကြောင်း ကြေညာထားပါတယ်။ အသေအပျောက် ဦးရေကို အတိအကျ မသိရသေးပေမယ့် ၁၀ ယောက်ထက် မပိုဘူးလို့ ရဲတွေက ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ပစ်ခတ်မှုဟာ စူပါမားကက် အဆောက်အအုံထဲမှာ ပေါ်ပေါက်ခဲ့ပြီး သေနတ်သမား တစ်ယောက်တည်းက ကျူးလွန်တာလို့ သိရပါတယ်။

လူမှုကွန်ရက်ပေါ် ရောက်ရှိလာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာတော့ အခင်းဖြစ်ရာ နေရာတဝိုက်မှာ ရဲအင်အား အမြောက်အမြား ဖြန့်ကျက်ထားတာ တွေ့ရပါတယ်။

အမေရိကန်က ကော်လိုရာဒို ပြည်နယ်မှာရှိတဲ့ LGBT ဘားတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေ၊ ၁၇ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပြီး ရက်ပိုင်း အကြာမှာ အခုလို သတင်းမျိုး ထပ်ကြားခဲ့ရတာပါ။ ၂၀၁၉ ခုနှစ်ကလည်း တက္ကဆက်စ်ပြည်နယ်၊ အယ်လ်ပါဆိုမြို့က Walmart စူပါမားကက်မှာ ပစ်ခတ်မှု ဖြစ်ပွားရာက လူ ၂၃ ဦး သေဆုံးခဲ့ဖူးပါတယ်။

You May Also Like

သတင်း

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်ကျော်စွာဟိန်း(ခ) ကျော်ကြီး ၊ ရဲဘော် နော်အဲ့မူး၊ ရဲဘော်သီတာအေးတို့သည် နိုဝင်ဘာ ၂၂ရက် ညနေပိုင်းတိုက်ပွဲ၌ ကျဆုံးခဲ့သည်။

သတင်း

နိုဝင်ဘာ ၂၂ရက် နံနက် ၉နာရီခန့်က ကန့်ဘလူမြို့ နယ်၊ ချပ်သင်းရွာမှ အင်အား၃၀ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လှဲပွဲရွာဘက်သို့ စစ်ကြောင်းထိုးလာရာ နေ့လယ် ၁နာရီခန့်တွင် ဆားကျင်းသုဿန်အနီး၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ယနေ့ (နိုဝင်ဘာ၂၃ ရက်) မွန်းလွဲပိုင်းက ခင်ဦးမြို့နယ် ပင်စိမ်းကင်းရွာအတွင်း ဝင်ရောက်ပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့သည်။

နိုင်ငံတကာ

ကင်မ်ယိုဂျောင်ဟာ မြောက်ကိုရီးယား နိုင်ငံရေး နယ်ပယ်မှာ ဩဇာအကြီးမားဆုံး အမျိုးသမီးအဖြစ် သတ်မှတ် ခံထားရသလို အစ်ကိုဖြစ်သူအပေါ် အထူးတလည် သစ္စာစောင့်သိသူလို့လည်း လူသိများပါတယ်။