Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ပြီးတဲ့နောက် ဥရောပ ပါလီမန်ကို ဟက်ကာတွေ တိုက်ခိုက်

နိုဝင်ဘာ ၂၃ ရက်မှာ ဥရောပ ပါလီမန်ရဲ့ ဥပဒေပြု အမတ်တွေက ရုရှားဟာ ယူကရိန်းမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက် ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ပြီး အကြမ်းဖက် အားပေးနိုင်ငံအဖြစ် သတ်မှတ်ကြောင်း မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။

ရုရှားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ပြီးတဲ့နောက် ဥရောပ ပါလီမန်ကို ဟက်ကာတွေ တိုက်ခိုက်
ရုရှားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ပြီးတဲ့နောက် ဥရောပ ပါလီမန်ကို ဟက်ကာတွေ တိုက်ခိုက်

ရုရှားကို အကြမ်းဖက်ဝါဒ အားပေးတဲ့ နိုင်ငံတစ်ခုအဖြစ် ကြေညာလိုက်တဲ့နောက် ဥရောပ ပါလီမန်ဟာ ဆိုက်ဘာနည်းလမ်းနဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက်မှာ ဥရောပ ပါလီမန်ရဲ့ ဥပဒေပြု အမတ်တွေက ရုရှားဟာ ယူကရိန်းမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက် ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ပြီး အကြမ်းဖက် အားပေးနိုင်ငံအဖြစ် သတ်မှတ်ကြောင်း မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။

ဒီကြေညာချက်ဟာ လုပ်ထုံးလုပ်နည်း သဘောဆန်ပြီး ရုရှားအတွက် သိသာထင်ရှားတဲ့ ဆိုးကျိုး သက်ရောက်မှုတွေ ရှိမလာနိုင်ပါဘူး။ ရုရှားကို အကြမ်းဖက် အားပေး နိုင်ငံအဖြစ် သတ်မှတ်တာဟာ ဥရောပ သမဂ္ဂ မဟုတ်ဘဲ နိုင်ငံရေး လုပ်ပိုင်ခွင့် မရှိတဲ့ ဥပဒေပြု ဥရောပ ပါလီမန်ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကြေညာချက်အပေါ် ရုရှား အစိုးရက အတော်လေး နာနာကျည်းကျည်း တုံ့ပြန် ဝေဖန်ခဲ့တာ တွေ့ရပါတယ်။

နောက်ပြီး အဲဒီကိစ္စကို မဲခွဲ ဆုံးဖြတ် အတည်ပြုပြီး နာရီပိုင်း အတွင်းမှာပဲ ဥရောပ ပါလီမန် ဝက်ဘ်ဆိုက်ကို ဟက်ကာတွေက တိုက်ခိုက်ခဲ့ပါတယ်။ ဥရောပ ပါလီမန်က နည်းပညာမြင့် ဆိုက်ဘာ တိုက်ခိုက်မှုတွေ တွေ့ကြုံခဲ့ရကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဥရောပ ပါလီမန်က ကြုံဖူးသမျှ အဆင့်အမြင့်ဆုံး ဆိုက်ဘာ တိုက်ခိုက်မှုမျိုးတောင် ဖြစ်နိုင်တယ်လို့ အမည်မဖော်ပြတဲ့ ဥပဒေပြု အမတ်တစ်ဦးက မှတ်ချက် ပေးခဲ့ပါတယ်။

ရုရှားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ခဲ့တဲ့ ဥရောပ ပါလီမန် ဆုံးဖြတ်ချက်ကို ယူကရိန်း အစိုးရကတော့ ထောက်ခံ ကြိုဆိုထားပါတယ်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေထဲက လစ်သူယေးနီးယား၊ လတ်ဗီးယား၊ ပိုလန်နဲ့ အက်စ်တိုးနီးယားတို့ကလည်း ရုရှားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သီးခြားစီ သတ်မှတ် ကြေညာထားကြောင်း သိရပါတယ်။

You May Also Like

သတင်း

ယမန်နေ့ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသ စဘော့မှော်တွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ယာဉ် တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁ဦးသေ၊ ၅ဦး ဒဏ်ရာရခဲ့သည်ဟု KIAက ယမန်နေ့တွင် အသိပေးထားသည်။

သတင်း

ဗဟင်းရဲစခန်းနှင့်ကျေးရွာအား မီးရှို့ပြီးထွက်လာသော စစ်ကောင်စီတပ်နှင့်ရဲများသည် မြိုင်မြို့အနောက်ဘက် ၄ဖာလုံခန့်အကွာရှိ ကြောင်ကန် ကျေးရွာသို့ ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်) ညနေ၄နာရီ ၄၅မိနစ်အချိန်က ရောက်ရှိလာခဲ့သည်။

သတင်း

ပျူစောထီးများပါသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၀ ရက်နှင့် ၂၁ရက်များတွင် ကျွန်းတိုင်ကျေးရွာကို ရွာလုံးကျွတ်မီးရှို့ပြီး စသိန်းရွာနှင့်ဂွေးဂုံရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

အမေရိကန် ဒုသမ္မတ အရှေ့တောင်အာရှကို ရောက်နေချိန်မှာ ပဲ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေး စက်ရုံ ဆောက်ဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ လက်မှတ်ထိုးလိုက်ကြတာပါ။