Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟန်ဂေရီ အင်ပါယာဟောင်း မြေပုံနဲ့ လည်စည်းပဝါ ဝတ်ဆင်ခဲ့တဲ့ ဝန်ကြီးချုပ် ဝေဖန်မှုတွေ ကြုံတွေ့နေ

အခုအခါမှာ ဟန်ဂေရီ အနွယ်ဝင် ၂ သန်းလောက်ဟာ အိမ်နီးချင်း နိုင်ငံသားတွေ ဖြစ်နေကြပြီး ရိုမေးနီးယားမှာ ၁.၂ သန်းနဲ့ ယူကရိန်းမှာ ၁ သိန်းခွဲလောက် ရှိနေတယ်လို့လည်း သိရပါတယ်။

ဟန်ဂေရီ အင်ပါယာဟောင်း မြေပုံနဲ့ လည်စည်းပဝါ ဝတ်ဆင်ခဲ့တဲ့ ဝန်ကြီးချုပ် ဝေဖန်မှုတွေ ကြုံတွေ့နေ
ဟန်ဂေရီ အင်ပါယာဟောင်း မြေပုံနဲ့ လည်စည်းပဝါ ဝတ်ဆင်ခဲ့တဲ့ ဝန်ကြီးချုပ် ဝေဖန်မှုတွေ ကြုံတွေ့နေ

ပထမ ကမ္ဘာစစ် မတိုင်ခင်က ဟန်ဂေရီ နိုင်ငံ မြေပုံဟောင်း ပါရှိတဲ့ လည်စည်း ပဝါ တစ်ထည်ကို ဝတ်ဆင်ခဲ့တဲ့အပေါ် ပြန်တောင်းပန်ဖို့ ဟန်ဂေရီ ဝန်ကြီးချုပ်ကို ယူကရိန်းနဲ့ ရိုမေးနီးယား အစိုးရတွေက တောင်းဆိုထားပါတယ်။

ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ဟာ ဘောလုံးပွဲ တစ်ခုမှာ ဟန်ဂေရီရဲ့ မြေပုံဟောင်း ပါတဲ့ လည်စည်းကို ဝတ်ဆင်ထားကြောင်း မှတ်တမ်း ဗီဒီယိုတွေ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီ လုပ်ရပ်ဟာ ဝေဖန်စရာ၊ အငြင်းပွားစရာ အခြေအနေတွေကို ဖိတ်ခေါ်ရာ ရောက်နေပါတယ်။ အဲဒီ မြေပုံဟောင်းအရ ဒီနေ့ခေတ် ယူကရိန်း၊ ရိုမေးနီးယားနဲ့ တခြား အိမ်နီးချင်း နိုင်ငံတချို့ရဲ့ နယ်မြေ အစိတ်အပိုင်းတွေက ဟန်ဂေရီ ပိုင်နက်အဖြစ် ပါဝင်နေပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အိုလက်ဂ် နစ်ကိုလန်ကိုက သူဟာ ဟန်ဂေရီ သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ဒီကိစ္စကို အတိအလင်း ကန့်ကွက်မှာ ဖြစ်သလို ဝန်ကြီးချုပ် အော်ဘန်ကိုလည်း အခုလုပ်ရပ်အတွက် ပြန်တောင်းပန်ဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

ရိုမေးနီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဒီကိစ္စကို ဒေါသတကြီး တုံ့ပြန်ပြီး ဟန်ဂေရီ သံအမတ်ကို ချက်ချင်း ဆင့်ခေါ်ခဲ့သလို အော်ဘန်ရဲ့ အပြုအမူက သည်းခံနိုင်စရာ မရှိဘူးလို့ အသိပေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အော်ဘန်ကတော့ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ လည်စည်းနဲ့ ပတ်သက်လို့ တိုက်ရိုက် ညွှန်းဆိုတာမျိုး မဟုတ်ဘဲ ဘောလုံးဆိုတာ နိုင်ငံရေး မဟုတ်ကြောင်း၊ မဆီမဆိုင် ကိစ္စတွေကို စဉ်းစား မနေသင့်ဘဲ ဟန်ဂေရီ လက်ရွေးစင် အသင်းဟာ ဟန်ဂေရီ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တယ်လို့သာ ခံယူစေလိုကြောင်း Facebookမှာ ရေးသားခဲ့ပါတယ်။

အော်ဘန်ဟာ ပထမ ကမ္ဘာစစ် မတိုင်ခင်တုန်းက ခမ်းနား ကျယ်ပြောခဲ့တဲ့ ဟန်ဂေရီ အင်ပါယာနဲ့ ပတ်သက်လို့ အမှတ်ရနေတဲ့ သဘောမျိုး အရင်ကလည်း အရိပ်အမြွက် ပြောဆိုတာတွေ ရှိခဲ့ဖူးပါတယ်။ ဂရိတ် ဟန်ဂေရီလို့ ရည်ညွှန်းလေ့ရှိတဲ့ ဟန်ဂေရီ အင်ပါယာဟောင်းရဲ့ ပိုင်နက်ထဲမှာ ဒီနေ့ခေတ် ယူကရိန်း၊ ဩစတြီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ ရိုမေးနီးယား၊ ခရိုအေးရှားနဲ့ ဆာဘီးယား နိုင်ငံရဲ့ အစိတ်အပိုင်းတွေ ပါဝင်နေပါတယ်။

အခုအခါမှာ ဟန်ဂေရီ အနွယ်ဝင် ၂ သန်းလောက်ဟာ အိမ်နီးချင်း နိုင်ငံသားတွေ ဖြစ်နေကြပြီး ရိုမေးနီးယားမှာ ၁.၂ သန်းနဲ့ ယူကရိန်းမှာ ၁ သိန်းခွဲလောက် ရှိနေတယ်လို့လည်း သိရပါတယ်။

You May Also Like

နိုင်ငံတကာ

အန်ဝါဟာ အရင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရာဇက် လက်ထက်တုန်းက လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်တဲ့ အပြုအမူအတွက် စွပ်စွဲခံရပြီး ထောင်ဒဏ် ကျခံခဲ့ရဖူးပါတယ်။ အန်ဝါကတော့ အဲဒီကိစ္စဟာ နာဂျစ်ဘ်ရဲ့ နိုင်ငံရေး ထိုးနှက်မှုသာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယားဟာ ဆင်းရဲတွင်းနက်နေဆဲ နိုင်ငံတစ်ခု ဖြစ်ပေမယ့် နိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ်ဆီမှာတော့ တစ်လုံးကို ဒေါ်လာသန်းနဲ့ချီ တန်ဖိုးရှိတဲ့ နာရီတွေ စုဆောင်းထားနိုင်ပါတယ်။

ဗီဒီယို

ရွေးကောက်ပွဲ ကော်မရှင်က မဲရေတွက်မှုတွေ ပြီးဆုံးကြောင်း တရားဝင် ကြေညာပြီးတဲ့အခါ အစ္စရေး ဝန်ကြီးချုပ် အိုင်ဆက် ဟာဇော့က နေတန်ညာဟုကို ဖိတ်ခေါ်ပြီး ၄၂ ရက်အတွင်း အစိုးရသစ် ဖွဲ့စည်းဖို့ တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဗီဒီယို

အခုတော့ သန်းကြွယ်သူဌေး ဆူနက်ခ်ဟာ သန်းကြွယ်သူဌေး ဝန်ကြီးချုပ် ဆူနက်ခ် ဖြစ်လာပါပြီ။ လန်ဒန်မှာ အရမ်းခမ်းနားတဲ့ အိမ်ကြီးတစ်လုံးနဲ့ နေထိုင်တဲ့ ဆူနက်ခ်တို့ မိသားစုဟာ အခုတော့ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်တော်ဆီ ပြောင်းရွှေ့လာကြပြီ ဖြစ်ပါတယ်။