Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မဟာသီယာရဲ့ တပည့်ဟောင်း အန်ဝါ မလေးရှား ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

အန်ဝါဟာ အရင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရာဇက် လက်ထက်တုန်းက လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်တဲ့ အပြုအမူအတွက် စွပ်စွဲခံရပြီး ထောင်ဒဏ် ကျခံခဲ့ရဖူးပါတယ်။ အန်ဝါကတော့ အဲဒီကိစ္စဟာ နာဂျစ်ဘ်ရဲ့ နိုင်ငံရေး ထိုးနှက်မှုသာ ဖြစ်တယ်လို့ ပြောပါတယ်။

မဟာသီယာရဲ့ တပည့်ဟောင်း အန်ဝါ မလေးရှား ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို
မဟာသီယာရဲ့ တပည့်ဟောင်း အန်ဝါ မလေးရှား ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

ကျမ်းသစ္စာ ကျိန်ဆိုမှုအပြီး မလေးရှား ဝန်ကြီးချုပ်သစ် အန်ဝါ အီဘရာဟင်ဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ လေ့လာသူတွေကတော့ အန်ဝါရဲ့ အစိုးရသစ်ဟာ ခါးသီးပြိုင်ဘက် ဝန်ကြီးချုပ်ဟောင်း မူယစ်ဒင် ယာဆင်ရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။ ရွေးကောက်ပွဲအပြီး အရှုပ်အထွေးတွေ ၅ ရက်လောက် ကြုံခဲ့ပြီးတဲ့နောက် အန်ဝါက ဝန်ကြီးချုပ်အဖြစ် ဆက်ခံခွင့် ရခဲ့တာပါ။

အန်ဝါရော၊ မူယစ်ဒင်ပါ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို ရလဒ်မျိုးနဲ့ မနိုင်ခဲ့ကြပါဘူး။ အခုလည်း မူယစ်ဒင်က လွှတ်တော်ထဲမှာ အန်ဝါ အသာစီး ရခဲ့တယ် ဆိုတာကို ခိုင်ခိုင်မာမာ သက်သေပြဖို့ တောင်းဆိုထားပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေက ပြတ်သားမှု မရှိပေမယ့် စည်းမျဉ်းခံ ဘုရင်ဖြစ်တဲ့ အယ်လ်ဆူလ်တန် အက်ဘ်ဒူလာက အန်ဝါကို အစိုးရဖွဲ့ဖို့ တာဝန် ပေးအပ်ခဲ့ပါတယ်။

မလေးရှားမှာ လအတန်ကြာ နိုင်ငံရေးအရ မရေမရာ အခြေအနေတွေ ကြုံနေရခြင်းက အန်ဝါ ဝန်ကြီးချုပ် ဖြစ်လာချိန်မှာ အဆုံးသတ်သွားပါတယ်။ ဒီအတွက် မလေးရှားရဲ့ ရင်းဂစ်ငွေ တန်ဖိုးကလည်း ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

အသက် ၇၅ နှစ်အရွယ် အန်ဝါဟာ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ရဲ့ လက်ရင်းတပည့် ဖြစ်ခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဒုတိယ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ မဟာသီယာ ဒုတိယအကြိမ် ဝန်ကြီးချုပ် ဖြစ်လာတော့ အရိုက်အရာ ဆက်ခံသူအဖြစ် လျာထားခံရပေမယ့် အခြေအနေတွေက ပြောင်းလဲကုန်ပြီး အခုမှသာ ရွေးကောက်ပွဲ ရလဒ်အရ ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

အန်ဝါဟာ အရင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရာဇက် လက်ထက်တုန်းက လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်တဲ့ အပြုအမူအတွက် စွပ်စွဲခံရပြီး ထောင်ဒဏ် ကျခံခဲ့ရဖူးပါတယ်။ အန်ဝါကတော့ အဲဒီကိစ္စဟာ နာဂျစ်ဘ်ရဲ့ နိုင်ငံရေး ထိုးနှက်မှုသာ ဖြစ်တယ်လို့ ပြောပါတယ်။

အန်ဝါကို အားပေး ထောက်ခံသူတွေကတော့ သူ့ရဲ့ အစိုးရဟာ ပြည်တွင်းက လူများစု မွတ်ဆလင်တွေ၊ တရုတ်နဲ့ အိန္ဒိယ အနွယ်ဝင် တိုင်းရင်းသားတွေကြားက သမိုင်းဝင် တင်းမာမှုတွေကို ရင်ကြားပြန်စေ့ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အန်ဝါ ဦးဆောင်တဲ့ ပါကာတန် ဟာရာပန် နိုင်ငံရေး မဟာမိတ် အဖွဲ့က လွှတ်တော် အမတ်နေရာ ၈၂ ခု ရရှိခဲ့ပြီး မူယစ်ဒင်ရဲ့ ပါရစ်ကာတန် နေရှင်နယ် အင်အားစုက ၇၃ နေရာ ရခဲ့ပါတယ်။ မလေးရှား ဖွဲ့စည်းပုံ ဥပဒေအရ အစိုးရ ဖွဲ့မယ့် အင်အားစုဟာ အမတ် ၁၁၂ နေရာ လိုအပ်ကြောင်း သိရပါတယ်။

You May Also Like

နိုင်ငံတကာ

အခုအခါမှာ ဟန်ဂေရီ အနွယ်ဝင် ၂ သန်းလောက်ဟာ အိမ်နီးချင်း နိုင်ငံသားတွေ ဖြစ်နေကြပြီး ရိုမေးနီးယားမှာ ၁.၂ သန်းနဲ့ ယူကရိန်းမှာ ၁ သိန်းခွဲလောက် ရှိနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယားဟာ ဆင်းရဲတွင်းနက်နေဆဲ နိုင်ငံတစ်ခု ဖြစ်ပေမယ့် နိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ်ဆီမှာတော့ တစ်လုံးကို ဒေါ်လာသန်းနဲ့ချီ တန်ဖိုးရှိတဲ့ နာရီတွေ စုဆောင်းထားနိုင်ပါတယ်။

ဗီဒီယို

ရွေးကောက်ပွဲ ကော်မရှင်က မဲရေတွက်မှုတွေ ပြီးဆုံးကြောင်း တရားဝင် ကြေညာပြီးတဲ့အခါ အစ္စရေး ဝန်ကြီးချုပ် အိုင်ဆက် ဟာဇော့က နေတန်ညာဟုကို ဖိတ်ခေါ်ပြီး ၄၂ ရက်အတွင်း အစိုးရသစ် ဖွဲ့စည်းဖို့ တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဗီဒီယို

အခုတော့ သန်းကြွယ်သူဌေး ဆူနက်ခ်ဟာ သန်းကြွယ်သူဌေး ဝန်ကြီးချုပ် ဆူနက်ခ် ဖြစ်လာပါပြီ။ လန်ဒန်မှာ အရမ်းခမ်းနားတဲ့ အိမ်ကြီးတစ်လုံးနဲ့ နေထိုင်တဲ့ ဆူနက်ခ်တို့ မိသားစုဟာ အခုတော့ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်တော်ဆီ ပြောင်းရွှေ့လာကြပြီ ဖြစ်ပါတယ်။