Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဒေသဆိုင်ရာ ရွေးကောက်ပွဲ ရလဒ်တွေကြောင့် အာဏာရပါတီ အကြီးအကဲ ရာထူးကို ထိုင်ဝမ်သမ္မတ စွန့်လွှတ်

တရုတ် အစိုးရက ထိုင်ဝမ်ဟာ ခွဲထွက်ရေး လှုပ်ရှား တောင်းဆိုနေတဲ့ နယ်မြေတစ်ခုလို့ သတ်မှတ်ပြီး နိုင်ငံပိုင်နက်ထဲမှာ အကျုံးဝင်ကြောင်း ရှုမြင်နေပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ပြည်သူ အများစုကတော့ တရုတ်နဲ့ ခွဲခြားပြီး ကိုယ်ပိုင် ရပ်တည်မှု၊ ကိုယ်ပိုင် ဒီမိုကရေစီနဲ့ ရှေ့ဆက်ဖို့သာ လိုလားနေကြပါတယ်။

ဒေသဆိုင်ရာ ရွေးကောက်ပွဲ ရလဒ်တွေကြောင့် အာဏာရပါတီ အကြီးအကဲ ရာထူးကို ထိုင်ဝမ်သမ္မတ စွန့်လွှတ်
ဒေသဆိုင်ရာ ရွေးကောက်ပွဲ ရလဒ်တွေကြောင့် အာဏာရပါတီ အကြီးအကဲ ရာထူးကို ထိုင်ဝမ်သမ္မတ စွန့်လွှတ်

ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ မျှော်မှန်းထားသလောက် ရလဒ် မကောင်းခဲ့တဲ့နောက် ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်ဟာ အာဏာရပါတီ အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်ပေးလိုက်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်က ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ အာဏာရ ဒီမိုကရက်တစ် ပြည်သူ့ပါတီ (DPP)က ရလဒ်တွေ အားနည်းခဲ့ပြီး အတိုက်အခံ ကူမင်တန်ပါတီ (KMT)က အရေးကြီးတဲ့ အဓိက မဲဆန္ဒနယ်မြေ တချို့မှာ အနိုင်ရခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဆိုင်က တာဝန်ယူပြီး ပါတီ အကြီးအကဲ နေရာကနေ နုတ်ထွက်လိုက်တာပါ။

မျက်မှောက် ကာလမှာ ထိုင်ဝမ်ဟာ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန် အားပြိုင်ရာ ဗဟိုချက် ဖြစ်လာတဲ့အတွက် အခုရွေးကောက်ပွဲတွေကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ သမ္မတ ဆိုင်က တရုတ်နဲ့ ဆက်ဆံရေး တင်းမာလာတဲ့ ကာလတွေအတွင်း အခုရွေးကောက်ပွဲကို ဒီမိုကရေစီ တည်မြဲရေးဆိုတဲ့ ရှုထောင့်ကပဲ ကြည့်ပြီး မဲပေးကြဖို့ ထိုင်ဝမ်လူထုကို တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ အနေအထားဟာ မျှော်လင့်သလို မဖြစ်ခဲ့ကြောင်း၊ ဒီအတွက် သူ့အနေနဲ့ တာဝန်ခံ၊ တာဝန်ယူရမှာ ဖြစ်ပြီး DPPရဲ့ ဥက္ကဋ္ဌ နေရာက ချက်ချင်း နုတ်ထွက်ပေးကြောင်း ဆိုင်က ပြောပါတယ်။ ဒါပေမဲ့ သူဟာ ကျွန်းနိုင်ငံငယ်လေးရဲ့ သမ္မတ အဖြစ်တော့ ဆက်လက် တာဝန်ယူနေမယ်လို့ ဆိုင်က သတင်းထောက်တွေဆီ အတည်ပြုခဲ့ပါတယ်။

ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေဟာ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေနဲ့ မြို့တော်ဝန်တွေ နေရာအတွက် အဓိက ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲတွေမှာ ပြည်သူတွေက ရာဇဝတ်မှု လျှော့ချရေး၊ လူမှုဘဝ ဖူလုံရေးနဲ့ အိုးအိမ်ပြဿနာလို ကိစ္စမျိုးတွေအတွက် အဓိက စဉ်းစားပြီး မဲပေးလေ့ ရှိပါတယ်။

ဒါပေမဲ့ ဆိုင်ရဲ့ အစိုးရကတော့ တရုတ်ဆီက ဖိအားတွေ တရိပ်ရိပ် တိုးလာတဲ့ မျက်မှောက် ကာလမျိုးမှာ ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ တစ်မျက်နှာတည်းကိုပဲ ကြည့်ပြီး မဲပေးစေလိုကြောင်း မဲဆွယ် စည်းရုံးခဲ့ပါတယ်။ အခု ရွေးကောက်ပွဲနဲ့အတူ မဲပေးခွင့် အသက် ကန့်သတ်ချက်ကို ၂၀ ကနေ ၁၈ နှစ်ထိ လျှော့ချဖို့အတွက် ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူမှုကိုလည်း ပြည်သူတွေက ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။

တရုတ် အစိုးရက ထိုင်ဝမ်ဟာ ခွဲထွက်ရေး လှုပ်ရှား တောင်းဆိုနေတဲ့ နယ်မြေတစ်ခုလို့ သတ်မှတ်ပြီး နိုင်ငံပိုင်နက်ထဲမှာ အကျုံးဝင်ကြောင်း ရှုမြင်နေပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ပြည်သူ အများစုကတော့ တရုတ်နဲ့ ခွဲခြားပြီး ကိုယ်ပိုင် ရပ်တည်မှု၊ ကိုယ်ပိုင် ဒီမိုကရေစီနဲ့ ရှေ့ဆက်ဖို့သာ လိုလားနေကြပါတယ်။

You May Also Like

သတင်း

ကေအဲန်ယူအနေဖြင့် ဒီမိုကရေစီကျင့်စဉ်နည်းလမ်းကို လက်ခံသော်လည်း အာဏာရှင်ကို တရားဝင်မှုဖြစ်စေမည့် ဆောင်ရွက်မှုတို့ကို အားမပေးကြောင်း ကေအဲန်ယူမှ ရှင်းလင်းပြောကြားခဲ့သည်။

သတင်း

နိုဝင်ဘာ ၃ရက်မှ ၇ရက်အထိ CJDC ရုံးချက်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် CJDC ပုံမှန်အစည်းအဝေးအပြီး ယနေ့ (နိုဝင်ဘာ ၁၁ရက်)တွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီနဲ့ အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ပြီးနောက် ဒီမိုကရေစီလိုလားသူခေါင်းဆောင်တွေနဲ့သာ ထိတွေ့ဆက်ဆံဖို့ကိုလည်း တပါတည်းတိုက်တွန်းထားတာတွေ့ရပါတယ်။

သတင်း

အာဏာသိမ်းသည့်အချိန်မှ စပြီး စစ်တပ်သည် လူပေါင်း ၂,၄၀၀ ကျော်သတ်ဖြတ်ခြင်း၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော် ဖမ်းဆီးခြင်းတို့ဖြင့်မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်သည်။