Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မျောက်ကျောက်ရောဂါ နာမည်ကို တရားဝင် ပြောင်းလဲကြောင်း WHO ကြေညာ

အဲဒီရောဂါဟာ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့် ထပ်ဆင့် ကူးစက်နိုင်ပြီး လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ အဖြစ်အများဆုံးလို့လည်း WHOရဲ့ ကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။

မျောက်ကျောက်ရောဂါ နာမည်ကို တရားဝင် ပြောင်းလဲကြောင်း WHO ကြေညာ
မျောက်ကျောက်ရောဂါ နာမည်ကို တရားဝင် ပြောင်းလဲကြောင်း WHO ကြေညာ

မျောက်ကျောက် (Monkeypox) ရောဂါကို Mpoxဆိုတဲ့ နာမည် ပြောင်းလဲ အသုံးပြုသွားမယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာခဲ့ပါတယ်။

အရင် နာမည်ဟောင်းက လူမျိုးရေး ခွဲခြားမှုနဲ့ မနှစ်မြို့မှုဆန်တဲ့ သဘော အဓိပ္ပါယ်တွေ ရှိနေနိုင်ကြောင်း ဝေဖန်မှုတွေကြောင့် WHOက အခုလို နာမည် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ Monkeypoxဆိုတဲ့ နာမည်ကို အသစ်ပြင်ဆင် ပြောင်းလဲဖို့ WHOက လအတန်ကြာ အချိန်ယူ စဉ်းစားခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်မှ တရားဝင် နာမည်သစ် သတ်မှတ်ခဲ့တာပါ။

မူလက နာမည်ကို စောစောပြောင်းဖို့ စဉ်းစားခဲ့ပေမယ့်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကပ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ သတ်မှတ်လိုက်ရင် အရောရော အနှောနှောတွေ ဖြစ်ကုန်မှာစိုးလို့ စောင့်ဆိုင်းခဲ့တာလို့ WHOရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရောဂါနာမည်ကို အသစ်ပြောင်းလဲ သတ်မှတ်လိုက်ချိန်မှာ အသားတကျဖြစ်ဖို့ အချိန်လိုကြောင်းလည်း WHOက ပြောပါတယ်။

အခုနှစ် အစောပိုင်းက မျောက်ကျောက်ရောဂါဟာ အမေရိကန်နဲ့ ဥရောပ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများကို ကူးစက် ရောက်ရှိခဲ့တဲ့နောက် ရောဂါနာမည် ဝေါဟာရ အသုံးအနှုန်းနဲ့ ပတ်သက်လို့ ဝေဖန် မေးခွန်းထုတ်မှုတွေ ထွက်ပေါ်လာပါတယ်။ ကျောက်ရောဂါ အနွယ်ဝင်ဖြစ်ပြီး အာဖရိကတိုက်က မျောက်တွေမှာ စတင်တွေ့ရှိလို့ မျောက်ကျောက်လို့ အလွယ်တကူ ခေါ်ဝေါ်ခဲ့ပေမယ့် အသုံးအနှုန်းပိုင်းမှာ ပြဿနာတွေ ရှိနေတာကြောင့် WHOက ပြန်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

မျောက်ကျောက်ဟာ အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ စတင် ပျံ့နှံ့ခဲ့ရာက နောက်ပိုင်းမှာ အရှိန်လျော့ ပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့ မေလနောက်ပိုင်း ကမ္ဘာတလွှားက နိုင်ငံပေါင်း ၁၁၀ လောက်မှာ မျောက်ကျောက် ကူးစက် ခံရသူ ၈၁၁၀၇ ဦးထက်မနည်း ရှိခဲ့ပြီး ၅၅ ဦး သေဆုံးခဲ့တယ်လို့ WHOက ထုတ်ပြန်ပါတယ်။

အဲဒီရောဂါဟာ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့် ထပ်ဆင့် ကူးစက်နိုင်ပြီး လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ အဖြစ်အများဆုံးလို့လည်း WHOရဲ့ ကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။

You May Also Like

နိုင်ငံတကာ

ဖေဖော်ဝါရီလတုန်းကတော့ ကမ္ဘာတလွှားမှာ အပတ်စဉ် ကိုဗစ်ကြောင့် သေဆုံးသူ ၇၅၀၀၀ လောက်ထိ များပြားခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ဥရောပတိုက်ဟာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို အဆိုးဆုံး ကြုံတွေ့ခဲ့တဲ့ ဒေသကြီးလည်း ဖြစ်ပါတယ်။ အခုတော့ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ၊ စပိန်နဲ့ ဗြိတိန်တို့ အပါအဝင် ဥရောပ နိုင်ငံ တော်တော်များများမှာ ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ အားတက်စရာ သတင်းတွေ ဆက်တိုက် ကြားနေရပြီလို့...

ဗီဒီယို

အာဖရိကတိုက်ရဲ့ လူဦးရေ ဒုတိယ အထူထပ်ဆုံး နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတုန်းက ပြည်တွင်းစစ် အစပြုခဲ့ပြီး လူပေါင်းထောင်နဲ့ချီ သေကြေ ပျက်စီးခဲ့ပါတယ်။

သတင်း

ကျန်းမာရေးလုပ်သားပေါင်း ၂၄ ဦးတို့ကို ကိုဗစ်-၁၉ ဆိုင်ရာ ဆေးကုသမှု စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး သင်ကြားပို့ချပေးခဲ့ပြီး ရောဂါစစ်ဆေးရန်နေရာ ၁၆ နေရာ ကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ သည်ဟု အီးယူက ထုတ်ပြန်သည်။