Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘရာဇီး ကားလမ်းမပေါ် မြေပြိုလို့ ၂ ဦးသေပြီး အများအပြား ပျောက်ဆုံးနေ

ကယ်ဆယ်ရေးတွေဟာ ရွှံ့ချပ်တွေအောက်ကနေ လူ ၆ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ကမ်းရိုးတန်း မြို့တစ်ခုဖြစ်တဲ့ ဂွာရာတူဘာရဲ့ မြို့တော်ဝန် ရောဘတ်တို ဂျီးဆက်စ်လည်း ပါဝင်ခဲ့ပါတယ်။

ဘရာဇီး ကားလမ်းမပေါ် မြေပြိုလို့ ၂ ဦးသေပြီး အများအပြား ပျောက်ဆုံးနေ
ဘရာဇီး ကားလမ်းမပေါ် မြေပြိုလို့ ၂ ဦးသေပြီး အများအပြား ပျောက်ဆုံးနေ

ဘရာဇီးနိုင်ငံမှာ ကားလမ်းတစ်ခုကို ကန့်လန့်ဖြတ်ပြီး မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၂ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။

နိုဝင်ဘာ ၃၀ က ဘရာဇီးနိုင်ငံတောင်ပိုင်း၊ ပါရာနာ ပြည်နယ်ကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ BR-376 အဝေးပြေးလမ်းပိုင်း တစ်နေရာမှာ မြေပြိုမှု ဖြစ်ခဲ့တာပါ။ လမ်းပေါ်မှာ ကားတွေ ဥဒဟို သွားလာနေတုန်း ဘေးဖက် တောင်စောင်းက မြေသားတွေ ရုတ်တရက် ပဲ့ထွက်ပြီး ပြိုဆင်းခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ဒေသတွင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့မှုတွေကြောင့် အခုလို ရုတ်တရက် မြေပြိုမှု ဖြစ်ခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေက ရုပ်အလောင်း ၂ ခုကို ရှာဖွေ တွေ့ရှိထားပေမယ့် ပျောက်ဆုံးနေသူ အရေအတွက်က ၃၀ ကနေ ၅၀ ကြားထိ ရှိနိုင်ကြောင်း ပြောပါတယ်။ စာရင်းပျောက်နေသူတွေအတွက် မျှော်လင့်ချက်ကလည်း သိပ်မရှိပါဘူး။

ကယ်ဆယ်ရေးတွေဟာ ရွှံ့ချပ်တွေအောက်ကနေ လူ ၆ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ကမ်းရိုးတန်း မြို့တစ်ခုဖြစ်တဲ့ ဂွာရာတူဘာရဲ့ မြို့တော်ဝန် ရောဘတ်တို ဂျီးဆက်စ်လည်း ပါဝင်ခဲ့ပါတယ်။

ဂျီးဆက်စ်က သူကြုံတွေ့ခဲ့တာ ဆိုးရွားလွန်းကြောင်း၊ တောင်ကြီး တစ်ခုလုံး ရုတ်တရက် ပြိုကျလာသလို တွေ့လိုက်ရပြီး ကားတွေ အကုန် လွင့်ထွက်ကုန်ကြောင်း ပြောပါတယ်။

ပါရာနာမှာ လာမယ့် ရက်ပိုင်းအတွင်း မိုးများနေဦးမှာ ဖြစ်တာကြောင့် နောက်ထပ် မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေး ထုတ်ပြန်ထားပါတယ်။

You May Also Like

နိုင်ငံတကာ

သူ့ကို ထောက်ခံ မဲပေးကြတဲ့ ပြည်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်းနဲ့ ဘရာဇီး နိုင်ငံသား တစ်ဦးဖြစ်တဲ့အတွက် ဘရာဇီး နိုင်ငံရဲ့ အခြေခံ ဥပဒေ သတ်မှတ်ချက်တွေကို လေးစား လိုက်နာမှာဖြစ်ကြောင်း ဘော်လ်ဆိုနာရိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရေး ပြိုင်ဘက်တွေက သူ့ကို အလဲထိုးဖို့ ကြိုးစားခဲ့ပေမယ့် အခုတော့ သူဟာ ဒီနေရာမျိုးဆီ ပြန်ရောက်လာပြီလို့ အသက် ၇၇ နှစ်အရွယ် လူလာက ထောက်ခံသူတွေကို မိန့်ခွန်းပြောချိန်မှာ ကြွေးကြော်သွားပါတယ်။

နိုင်ငံတကာ

ဘော်လ်ဆိုနာရိုကတော့ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်ကို တိုက်ရိုက် ဝေဖန်ပြစ်တင်တာမျိုး မလုပ်ပေမယ့် ရဲတွေကို ကိုယ်ထိလက်ရောက် ရန်မူတဲ့သူ ဘယ်သူမဆို ဥပဒေအရ ဖမ်းဆီး အရေးယူ ခံရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

သတင်း

အများပြည်သူသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းပြုပြင်ပေးနေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။