Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လူသတ်နိုင်တဲ့ စက်ရုပ်တွေ အသုံးပြုသွားမယ့် ဆန်ဖရန်ဆစ္စကို ရဲတပ်ဖွဲ့

Stop Killer Robots အဖွဲ့ရဲ့ ဒေါက်တာ ကော်နယ်လီကတော့ ဒီစက်ရုပ်မျိုးတွေ အသုံးတွင်ကျယ်လာတဲ့အခါ အနာဂတ်မှာ ဆုံးဖြတ်ရခက်တဲ့ အရေးပေါ် အခြေအနေတွေ ကြုံလာတိုင်း ရဲတွေက သုတ်သင်ရှင်းလင်းရေး နည်းလမ်းကို ဦးစားပေး ရွေးချယ်လာတော့မယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

လူသတ်နိုင်တဲ့ စက်ရုပ်တွေ အသုံးပြုသွားမယ့် ဆန်ဖရန်ဆစ္စကို ရဲတပ်ဖွဲ့
လူသတ်နိုင်တဲ့ စက်ရုပ်တွေ အသုံးပြုသွားမယ့် ဆန်ဖရန်ဆစ္စကို ရဲတပ်ဖွဲ့

အမေရိကန်နိုင်ငံက ဆန်ဖရန်ဆစ္စကို ရဲတပ်ဖွဲ့ဟာ လူသတ်နိုင်တဲ့ စက်ရုပ်တွေကို လိုအပ်သလို အသုံးပြုခွင့် ရရှိလာတော့မယ်လို့ သိရပါတယ်။

ဆန်ဖရန်ဆစ္စကို မြို့တော် အုပ်ချုပ်ရေး ဘုတ်အဖွဲ့က လူကို သေစေနိုင်တဲ့ လက်နက်မျိုးတွေ တပ်ဆင်ထားတဲ့ စက်ရုပ်တွေကို ရဲတွေက သုံးစွဲခွင့် ရသင့်ကြောင်း မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ အထူးတလည် အရေးကြီးတဲ့ အခြေအနေမျိုးကျရင် လက်နက်တွေနဲ့ ဖောက်ခွဲရေး ကိရိယာတွေ တပ်ဆင်ထားတဲ့ စက်ရုပ်တွေကို ရဲတွေက အသုံးပြုနိုင်မယ့် သဘောပါ။

ဒါပေမဲ့ လက်ရှိ အချိန်ထိတော့ လက်နက် တပ်ဆင်ထားတဲ့ စက်ရုပ်တွေကို လုံးဝဥဿုံ မသုံးစွဲရသေးကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒီကိစ္စဟာ အငြင်းပွားစရာတွေကို အတော်လေး ကြုံတွေ့စေခဲ့ပါတယ်။

ရဲတပ်ဖွဲ့က လူသတ်စက်ရုပ်တွေ သုံးစွဲတဲ့ ကိစ္စကို ဆန့်ကျင်တဲ့ Stop Killer Robots အဖွဲ့ဝင် ဒေါက်တာ ကက်သရင်း ကော်နယ်လီက ဒီလုပ်ရပ်ဟာ လူတွေရဲ့ အသက်တွေနဲ့ ဆက်စပ်ပြီး ကပျက်ကချော် ကိုင်တွယ်မှု တစ်ခုလို့ ဝေဖန်ခဲ့ပါတယ်။

ရဲတွေကတော့ ဒီလို စက်ရုပ်မျိုးတွေကို ခန့်မှန်းရခက်တဲ့၊ အန္တရာယ်များတဲ့၊ လူ့အသက်တွေကို ခြိမ်းခြောက်နိုင်တဲ့ သံသယ တရားခံမျိုးတွေနဲ့ ရင်ဆိုင်ရချိန်မှာသာ မဖြစ်မနေ ထုတ်သုံးမှာပါလို့ ဆိုပါတယ်။ ထောက်ခံသူတွေကလည်း စက်ရုပ်တွေကို အလွန်အကျွံ အန္တရာယ်များတဲ့ အခြေအနေတွေမှာသာ အသုံးပြုမှာ ဖြစ်ကြောင်း ပြောကြပါတယ်။

ဒါပေမဲ့ ဆန့်ကျင်သူတွေကတော့ ဒီလုပ်ရပ်ဟာ ရဲတွေကို စစ်တပ်အသွင် လက်နက် တပ်ဆင်ပေးနေတဲ့ နောက်ထပ် ခြေလှမ်းတစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်ကြသလို ပြဿနာ တစ်ခုကို ပြေလည် လျော့ပါးစေမယ့် နည်းဗျူဟာတွေ သုံးမယ့်အစား သတ်ဖြတ်ရေး ယန္တရားတွေနဲ့ အစားထိုးမယ့် လုပ်ရပ်အဖြစ် ရှုတ်ချကြပါတယ်။

မြို့တော် အုပ်ချုပ်ရေး ဘုတ်အဖွဲ့ကတော့ အဲဒီလို စက်ရုပ်တွေ အသုံးပြုခွင့်ကို ရဲတပ်ဖွဲ့ရဲ့ ထိပ်တန်း အရာရှိ အနည်းငယ်ကသာ စီမံဆုံးဖြတ်ပိုင်ခွင့် ကန့်သတ် ထားရှိမယ်လို့ ပြောပါတယ်။ ၂၀၁၆ တုန်းက တက္ကဆက်စ်ပြည်နယ်၊ ဒဲလက်စ်မြို့မှာ ရဲတွေက C-4ဗုံး တပ်ဆင်ထားတဲ့ စက်ရုပ်တစ်ခုကို အသုံးပြုပြီး စနိုက်ပါ သေနတ်သမား တစ်ယောက်ကို သုတ်သင်ခဲ့ဖူးပါတယ်။ အဲဒီ စနိုက်ပါဟာ ရဲနှစ်ဦးကို ပစ်သတ်ထားခဲ့သူ ဖြစ်ပါတယ်။

Stop Killer Robots အဖွဲ့ရဲ့ ဒေါက်တာ ကော်နယ်လီကတော့ ဒီစက်ရုပ်မျိုးတွေ အသုံးတွင်ကျယ်လာတဲ့အခါ အနာဂတ်မှာ ဆုံးဖြတ်ရခက်တဲ့ အရေးပေါ် အခြေအနေတွေ ကြုံလာတိုင်း ရဲတွေက သုတ်သင်ရှင်းလင်းရေး နည်းလမ်းကို ဦးစားပေး ရွေးချယ်လာတော့မယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

You May Also Like

နိုင်ငံတကာ

ယော့ခ်တက္ကသိုလ်ကလည်း သူတို့ရဲ့ ကျောင်းသားတစ်ယောက်က မနှစ်မြို့စရာ အပြုအမူမျိုး လူမြင်ကွင်းမှာ ကျူးလွန်ခဲ့တဲ့အပေါ် စည်းကမ်းပိုင်းအရ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

သတင်း

အခုလို ဗုံးနဲ့တိုက်ခိုက်ခံရတဲ့ ချမ်းမြသာစည်မြို့နယ် ရဲတပ်မှူးရုံးဟာ စခန်းရှေ့က လမ်းမတစ်ခြမ်းကိုပိတ်ထားသလို ဘန်ကာတွေနဲ့ လုံခြုံရေးချထားတဲ့ နေရာလည်းဖြစ်ပါတယ်။

သတင်း

"သူကခက်ခဲပေမယ့်အရှုံးမပေးဘဲ နောက်ဆုံးချိန်ထိကြိုးစားခဲ့တာပါ"ဟု သူနာပြုဆရာမသိင်္ဂီ၏ မိတ်​ဆွေတစ်ဦးကလည်း​ပြောသည်။

မေးမြန်းခန်း

Miss Grand International ပြိုင်ပွဲဝင် အလှမယ်ဟန်လေးဟာ စက်တင်ဘာ ၂၁ရက်ညက ဘန်ကောက်မြို့က ဆူဝဏ္ဏဘူမိလေဆိပ်မှာ ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုကိုခံထားရပါတယ်။