Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆောင်းရာသီ ဝင်ရောက်လာချိန် ယူကရိန်းမှာ ရုရှားစစ်တပ်က အီရန်ဒရုန်း အသုံးပြုနေမှုတွေ ရပ်တန့်သွား

ရုရှားဟာ အီရန်ရဲ့ ဒရုန်းတွေကို အောက်တိုဘာလမှာ စတင်သုံးစွဲခဲ့ပြီး ယူကရိန်းရဲ့ ဓာတ်အား ဖြန့်ဝေရေးနဲ့ တခြား အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အဓိက ပစ်မှတ်ထားခဲ့ပါတယ်။ အဲဒီ ဒရုန်း တိုက်ခိုက်မှုတွေအတွင်း ယူကရိန်း အရပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။

ဆောင်းရာသီ ဝင်ရောက်လာချိန် ယူကရိန်းမှာ ရုရှားစစ်တပ်က အီရန်ဒရုန်း အသုံးပြုနေမှုတွေ ရပ်တန့်သွား
ဆောင်းရာသီ ဝင်ရောက်လာချိန် ယူကရိန်းမှာ ရုရှားစစ်တပ်က အီရန်ဒရုန်း အသုံးပြုနေမှုတွေ ရပ်တန့်သွား

ဆောင်းရာသီ ဝင်ရောက်လာပြီး အပူချိန် ကျဆင်းလာချိန်မှာ ရုရှားဟာ အီရန်လုပ် ဖောက်ခွဲရေး ဒရုန်းတွေ အသုံးပြုမှုကို ရပ်တန့်သွားခဲ့ကြောင်း ယူကရိန်း စစ်တပ်က ပြောကြားခဲ့ပါတယ်။

အစောပိုင်း လတွေတုန်းက အီရန်က ထုတ်လုပ်ပြီး ကိုယ်တိုင် အပျက်စီးခံ တိုက်ခိုက် ဖောက်ခွဲလေ့ရှိတဲ့ ကာမီကာဇီ ဒရုန်းတွေဟာ ယူကရိန်းအတွက် ခေါင်းခဲစရာ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဒရုန်းတွေဟာ နည်းပညာပိုင်းအရ အဆင့်မမြင့်သလို အရမ်းမြန်မြန်လည်း မပျံသန်းနိုင်ပါဘူး။ ဒါပေမဲ့ စျေးသက်သာပြီး ပေါပေါများများ ဝယ်ယူနိုင်သလို အုံနဲ့ကျင်းနဲ့ ပစ်လွှတ်နိုင်တာကြောင့် ယူကရိန်း လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့တွေအတွက် ကြားဖြတ် ဟန့်တားဖို့ အခက်အခဲတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဆောင်းရာသီ ကာလကို စတင်ချဉ်းနင်း ဝင်ရောက်လာချိန် ကတည်းက အဲဒီ ဒရုန်းတွေကို မတွေ့ရတော့ဘူးလို့ ယူကရိန်း ပူးတွဲ စစ်ဆင်ရေးဌာနရဲ့ မဟာဗျူဟာယ ဆက်သွယ်ရေး ဦးစီးမှူး ယက်ဗ်ဂျီနီ ဆီလ်ကင်က ပြောပါတယ်။ အဲဒီ ဒရုန်းတွေဟာ အရမ်းအေးမြတဲ့ ရာသီဥတုမျိုးမှာ ပုံမှန် အလုပ်မလုပ်နိုင်တာကြောင့် အခုလို အသုံးပြုမှု ရပ်ဆိုင်းသွားတာ ဖြစ်နိုင်ကြောင်း သူက သုံးသပ်ပါတယ်။

ယူကရိန်း စစ်တပ်ရဲ့ အဆိုအရ နိုဝင်ဘာ ၁၇ ရက်ကစလို့ ရုရှားက အီရန် ဒရုန်းတွေ သုံးစွဲတာ လုံးဝ မတွေ့ရတော့ကြောင်း သိရပါတယ်။ အဲဒီနေ့က ယူကရိန်းမှာ အခုနှစ်အတွက် ပထမဆုံး ဆီးနှင်းတွေ ကျဆင်းခဲ့ပါတယ်။

ရုရှားဟာ အီရန်ရဲ့ ဒရုန်းတွေကို အောက်တိုဘာလမှာ စတင်သုံးစွဲခဲ့ပြီး ယူကရိန်းရဲ့ ဓာတ်အား ဖြန့်ဝေရေးနဲ့ တခြား အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အဓိက ပစ်မှတ်ထားခဲ့ပါတယ်။ အဲဒီ ဒရုန်း တိုက်ခိုက်မှုတွေအတွင်း ယူကရိန်း အရပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။

အီရန်ကတော့ သူတို့ဟာ စစ်ပွဲကာလမှာ ရုရှားကို ဒရုန်းတွေ ထောက်ပံ့ပေးတာမျိုး မရှိကြောင်း ငြင်းဆိုထားပြီး စစ်ပွဲ မတိုင်ခင်က ပေးပို့ထားတဲ့ ဒရုန်းတွေကိုသာ ရုရှားက သုံးစွဲနေတာလို့ ဖြေရှင်းထားပါတယ်။

You May Also Like

နိုင်ငံတကာ

အီရန် ဘာသာရေး ရဲတပ်ဖွဲ့ကို လက်ရှိ သမ္မတ အီဘရာဟင် ရိုင်ဆီက အကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့ အီရန်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေး အကြီးအမှူး ကောင်စီက စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ စတင် အသက်ဝင်လာခဲ့ပါတယ်။

နိုင်ငံတကာ

အဲဒီနောက် ပူတင်က ရုရှားအနေနဲ့ အခုလို တိုက်ခိုက်မှုမျိုးကို မလွှဲမရှောင်သာ ရွေးချယ်ရပါတယ်လို့ ကာကွယ်ပြောဆိုပြီး လေသံ ပြောင်းလဲလာတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေပိုင်နက် အပြင်ဖက်က လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားရာ ဧရိယာကို တရုတ်လေယာဉ် ၂ စီးနဲ့ ရုရှား လေယာဉ် ၆ စီးတို့ နိုဝင်ဘာ ၃၀ ရက်က ဝင်ရောက် ပျံသန်းခဲ့တာလို့ သိရပါတယ်။

သတင်း

KNU/KNLA တပ်ဖွဲ့များပြုလုပ်သယောင် တိုက်ခိုက်မှုများထပ်မံဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူလူထုအ‌နေဖြင့် စစ်ရေးသတိ၊ နိုင်ငံရေးသတိဖြင့်နေထိုင်ကြပါရန်လည်း KNUက အသိပေးထုတ်ပြန်ခဲ့သည်။