Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အင်ဒိုနီးရှားက ရဲစခန်းတစ်ခုမှာ အသေခံ ဗုံးကွဲပြီး ၂ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ

အသေခံ ဗုံးသမား စီးနင်းလာတဲ့ အပြာရောင် ဆိုင်ကယ်မှာ အဲဒီ ရာဇဝတ် ကျင့်ထုံးကို အယူမှားတဲ့ ကိစ္စတစ်ခုလို့ ရေးသားထားတာ တွေ့ရကြောင်း အနောက်ဂျာဗား ရဲတပ်ဖွဲ့ အကြီးအကဲ ဆူတာနာက ပြောပါတယ်။

အင်ဒိုနီးရှားက ရဲစခန်းတစ်ခုမှာ အသေခံ ဗုံးကွဲပြီး ၂ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ
အင်ဒိုနီးရှားက ရဲစခန်းတစ်ခုမှာ အသေခံ ဗုံးကွဲပြီး ၂ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ

အင်ဒိုနီးရှား နိုင်ငံမှာ အသေခံ ဗုံးခွဲမှု တစ်ခုကြောင့် ဗုံးသမားနဲ့ အခြားသူတစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေက အသေခံ ဗုံးခွဲသူကို အစ္စလာမ်မစ် အစွန်းရောက် တစ်ဦးလို့ စွပ်စွဲ ပြောဆိုထားပါတယ်။ ဒီဇင်ဘာ ၇ ရက်က ဘန်ဒွန်မြို့မှာရှိတဲ့ ရဲစခန်း တစ်ခုမှာ အသေခံ ဗုံးခွဲမှု ဖြစ်ခဲ့တာပါ။ ရဲတွေက ဗုံးသမားဟာ အိုင်အက်စ် အစွန်းရောက် စစ်သွေးကြွတွေနဲ့ ဆက်စပ်တဲ့ ဂျမား အန်ရှာရွတ် ဒါအူလာ (JAD) အဖွဲ့ဝင် တစ်ဦးလို့ ယူဆထားပါတယ်။

ရဲတွေက အဂူစ် ဆူဂျတ်နိုလို့ နာမည် ဖော်ပြထားတဲ့ ဗုံးသမားဟာ ၂၀၂၁ နှစ်ကုန်ပိုင်း ထောင်ကနေ ပြန်လွတ်ခဲ့သူလို့လည်း ပြောပါတယ်။ နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်တဲ့ အခါမှာ ဆူဂျတ်နိုဟာ မကြာသေးခင်က ပြဋ္ဌာန်းခဲ့တဲ့ အငြင်းပွားစရာ ရာဇဝတ် ကျင့်ထုံးသစ်ကို ဆန့်ကျင်တဲ့ သဘောမျိုး သေတမ်းစာဆန်ဆန် ရေးသားပြီး ချန်ထားခဲ့တယ်လို့ ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

ရာဇဝတ် ကျင့်ထုံးသစ်ဟာ အစ္စလာမ်မစ် ဘာသာရေးဆိုင်ရာ ရှာရီရာ စည်းမျဉ်းတွေကို အခြေခံထားပေမယ့် သဘောထား တင်းမာတဲ့ အစ္စလာမ် ဘာသာဝင် တော်တော်များများက မနှစ်မြို့ကြပါဘူး။ အဲဒီ စည်းမျဉ်း ဥပဒေတွေဟာ အစွန်းရောက် အစ္စလာမ်မစ် ဝါဒတွေကို ချိုးနှိမ်ဖို့ ရည်ရွယ် ရေးဆွဲထားတာဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

အသေခံ ဗုံးသမား စီးနင်းလာတဲ့ အပြာရောင် ဆိုင်ကယ်မှာ အဲဒီ ရာဇဝတ် ကျင့်ထုံးကို အယူမှားတဲ့ ကိစ္စတစ်ခုလို့ ရေးသားထားတာ တွေ့ရကြောင်း အနောက်ဂျာဗား ရဲတပ်ဖွဲ့ အကြီးအကဲ ဆူတာနာက ပြောပါတယ်။

JAD အဖွဲ့ဟာ ၂၀၁၈ ခုနှစ်က ဆူရာဘာယာ မြို့မှာ ခရစ်ယာန် ဘုရားကျောင်းတွေကို ဆက်တိုက် ဗုံးခွဲခဲ့တဲ့ လုပ်ရပ်ရဲ့ အဓိက လက်သည် ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာလည်း JAD အဖွဲ့ဝင် လက်ထပ်ပြီးစ စုံတွဲတစ်တွဲဟာ မာကက်ဆာမြို့က ခရစ်ယာန် ဘုရားကျောင်းကြီးမှာ အသေခံ ဗုံးခွဲဖူးပေမယ့် တခြားသူတွေကို မထိခိုက်ဘဲ သူတို့နှစ်ယောက်သာ သေဆုံးခဲ့ပါတယ်။

You May Also Like

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဆီမီရူ မီးတောင်ကြီး ပေါက်ကွဲပြီး မီးခိုးလုံးတွေနဲ့ မီးခိုးပြာတွေကို မှုတ်ထုတ်ခဲ့ပါတယ်။ ပူပြင်းတဲ့ ချော်ရည်တွေကလည်း မီးတောင်ရဲ့ တောင်စောင်း ဧရိယာတွေတလျှောက် အရှိန်ပြင်းပြင်း စီးကျလာခဲ့ပါတယ်။

သတင်း

ဒီဇင်ဘာ ၃ရက် နေ့လယ် ၁နာရီခန့်တွင်အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

သိပ်ဇရပ်ရဲစခန်းမှ မကြာခဏ လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိပြီး အရပ်သားပြည်သူများအား မတရားဖမ်းဆီးမှုများလုပ်ဆောင်လျှက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

ယနေ့(နိုဝင်ဘာ ၂၈ ရက်)နံနက်၇ နာရီ ၄၅မိနစ်ခန့်တွင် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီတပ်သည် ဇီးပြားရဲစခန်းမှ ထွက်လာပြီး လမ်းတစ်လျှောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။