Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တစ်လခွဲလောက် ကြာပြီးမှ ရွေးကောက်ပွဲ ရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ဘရာဇီး သမ္မတ မှတ်ချက်ပေး

ဘော်လ်ဆိုနာရိုဟာ အခုအချိန်ထိ လူလာရဲ့ ရွေးကောက်ပွဲ အောင်ပွဲရလဒ်ကို အသိအမှတ် မပြုသလို သူ့အပေါ် အားပေး ထောက်ခံသူတွေ အနေနဲ့ ဘရာဇီး စစ်စခန်းတွေနားမှာ ဆက်ပြီး ဆန္ဒပြသင့်ကြောင်း အရိပ်အမြွက်သဘော တိုက်တွန်းသွားတာလည်း တွေ့ရပါတယ်။

တစ်လခွဲလောက် ကြာပြီးမှ ရွေးကောက်ပွဲ ရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ဘရာဇီး သမ္မတ မှတ်ချက်ပေး
တစ်လခွဲလောက် ကြာပြီးမှ ရွေးကောက်ပွဲ ရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ဘရာဇီး သမ္မတ မှတ်ချက်ပေး

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတာ အရမ်း နာကျင် ခံစားရပါတယ်လို့ ရွေးကောက်ပွဲအပြီး တစ်လခွဲလောက် အကြာကျမှ ဘရာဇီး သမ္မတ ဂျဲရ် ဘော်လ်ဆိုနာရိုက ပထမဆုံးအကြိမ် ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။

အောက်တိုဘာ ၃၀ ရွေးကောက်ပွဲမှာ သမ္မတဟောင်း လူးဝစ်ဇ် အစ်နာရှို လူလာ ဒါဆေးလ်ဗားကို အရေးနိမ့်ခဲ့တဲ့ အချိန်ကစလို့ ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့အမြင်ကို လူသိရှင်ကြား လုံးဝ ထုတ်မပြောဘဲ နှုတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၉ ရက်မှာတော့ လက်ယာစွန်း အမျိုးသားရေး ဝါဒစွဲ သမ္မတ သူ့ကို အားပေး ထောက်ခံသူတွေနဲ့ သမ္မတ အိမ်တော်ရှေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ဘော်လ်ဆိုနာရိုရဲ့ အမာခံ အားပေးသူတွေက ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ဘရာဇီး စစ်တပ်က အာဏာသိမ်းသင့်ကြောင်း တိုက်တွန်းနေကြပါတယ်။

သူ့အနေနဲ့ အကြီးအကျယ် နာကျင် ခံစားခဲ့ရကြောင်း၊ ဒါပေမဲ့ သူဘယ်သွားမယ်၊ ဘရာဇီး စစ်တပ် ဘယ်ကို ဦးတည်မယ် ဆိုတာတွေ အကုန်လုံးကို ဆုံးဖြတ်နိုင်တာက သူ့ကို ထောက်ခံတဲ့ ပြည်သူတွေသာ ဖြစ်ကြောင်း ဘော်လ်ဆိုနာရိုက ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံရေးမှာ စစ်တပ်က ကြားဝင်စွက်ဖက်လာဖို့ တောင်းဆိုမှုတွေကိုတော့ ထောက်ခံမှာ မဟုတ်ကြောင်း ဘော်လ်ဆိုနာရိုက ဆိုပါတယ်။ ဘရာဇီးရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေဟာလည်း နိုင်ငံရဲ့ ဖွဲ့စည်းပုံ ဥပဒေကို လေးစားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဘော်လ်ဆိုနာရိုဟာ အခုအချိန်ထိ လူလာရဲ့ ရွေးကောက်ပွဲ အောင်ပွဲရလဒ်ကို အသိအမှတ် မပြုသလို သူ့အပေါ် အားပေး ထောက်ခံသူတွေ အနေနဲ့ ဘရာဇီး စစ်စခန်းတွေနားမှာ ဆက်ပြီး ဆန္ဒပြသင့်ကြောင်း အရိပ်အမြွက်သဘော တိုက်တွန်းသွားတာလည်း တွေ့ရပါတယ်။

ဘော်လ်ဆိုနာရိုနဲ့ လူလာတို့ရဲ့ အားပြိုင်မှုဟာ ဘရာဇီးနိုင်ငံ သမိုင်းမှာ အကြိတ်အနယ် အရှိဆုံး ရွေးကောက်ပွဲတစ်ခု အနေနဲ့ မှတ်တမ်းဝင်စေခဲ့ပြီး လူလာက ပွတ်ကာသီကာ အနိုင်ရခဲ့တာပါ။ အဲဒီအတွက် အချက်အလက်တွေကို တရားဝင် ထုတ်ပြန်ရှင်းလင်းဖို့လည်း ဘရာဇီး ရွေးကောက်ပွဲ ကော်မတီက အသင့်ဖြစ်နေပါတယ်။

ဘော်လ်ဆိုနာရိုက ဘရာဇီး လက်နက်ကိုင် တပ်တွေဟာ နိုင်ငံကို ဆိုရှယ်လစ် လမ်းစဉ်နောက် လိုက်မသွားအောင် ကာကွယ်ဖို့ တာဝန်ရှိကြောင်း ပြောပါတယ်။ ပြီးတော့ လက်ယာစွန်း နိုင်ငံရေး အင်အားစုတွေအတွက် ဘာဆုံးရှုံးမှုမှ မရှိခဲ့သလို သူတို့ရဲ့ ရပ်တည်မှုဟာ အရှည် တည်တံ့နေဦးမယ်လို့လည်း သူက ကြွေးကြော်သွားပါတယ်။

ရွေးကောက်ပွဲ အနိုင်ရထားတဲ့ လူလာဟာ ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းကစပြီး ဘော်လ်ဆိုနာရိုဆီက သမ္မတ အရိုက်အရာကို လွှဲပြောင်းယူသွားမှာ ဖြစ်ပါတယ်။

You May Also Like

ဗီဒီယို

Timeဟာ နှစ်တစ်နှစ် ကုန်ဆုံးခါနီးတိုင်း တစ်နှစ်တာ အထင်ရှားဆုံး လူပုဂ္ဂိုလ်တွေကို သတ်မှတ် ဖော်ပြလေ့ ရှိရာမှာ ၂၀၂၂ ခုနှစ်အတွက် ဇီလန်စကီးကို ရွေးချယ်လိုက်တာပါ။ Timeက ဇီလန်စကီးရဲ့ ပုံကို အဓိက ဖော်ပြထားတဲ့ မဂ္ဂဇင်း မျက်နှာဖုံးကိုလည်း ထုတ်ပြန်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ကယ်ဆယ်ရေးတွေဟာ ရွှံ့ချပ်တွေအောက်ကနေ လူ ၆ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ကမ်းရိုးတန်း မြို့တစ်ခုဖြစ်တဲ့ ဂွာရာတူဘာရဲ့ မြို့တော်ဝန် ရောဘတ်တို ဂျီးဆက်စ်လည်း ပါဝင်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် အစိုးရက ထိုင်ဝမ်ဟာ ခွဲထွက်ရေး လှုပ်ရှား တောင်းဆိုနေတဲ့ နယ်မြေတစ်ခုလို့ သတ်မှတ်ပြီး နိုင်ငံပိုင်နက်ထဲမှာ အကျုံးဝင်ကြောင်း ရှုမြင်နေပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ပြည်သူ အများစုကတော့ တရုတ်နဲ့ ခွဲခြားပြီး ကိုယ်ပိုင် ရပ်တည်မှု၊ ကိုယ်ပိုင် ဒီမိုကရေစီနဲ့ ရှေ့ဆက်ဖို့သာ လိုလားနေကြပါတယ်။

သတင်း

ကေအဲန်ယူအနေဖြင့် ဒီမိုကရေစီကျင့်စဉ်နည်းလမ်းကို လက်ခံသော်လည်း အာဏာရှင်ကို တရားဝင်မှုဖြစ်စေမည့် ဆောင်ရွက်မှုတို့ကို အားမပေးကြောင်း ကေအဲန်ယူမှ ရှင်းလင်းပြောကြားခဲ့သည်။