Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာ သတင်းယူနေတဲ့ ဂျာနစ်လစ်တစ်ဦး ရုတ်တရက် ကွယ်လွန်

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂီယန်နီ အင်ဖာတီနိုကလည်း ဝှားလ်ကွယ်လွန်သွားတာဟာ ဘောလုံးကို ချစ်မြတ်နိုးသူ အားလုံးအတွက် ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ကမ္ဘာ့ဖလားမှာ သတင်းယူနေတဲ့ ဂျာနစ်လစ်တစ်ဦး ရုတ်တရက် ကွယ်လွန်
ကမ္ဘာ့ဖလားမှာ သတင်းယူနေတဲ့ ဂျာနစ်လစ်တစ်ဦး ရုတ်တရက် ကွယ်လွန်

အမေရိကန်ရဲ့ ထင်ရှားတဲ့ ဘောလုံးအားကစား ဂျာနယ်လစ် တစ်ဦးဟာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သတင်းယူနေရင်း ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက် ညပိုင်းက အာဂျင်တီးနားနဲ့ နယ်သာလန်တို့ ယှဉ်ပြိုင်ကြတဲ့ ကွာတားဖိုင်နယ် ပွဲစဉ်ရဲ့ အချိန်ပို စတင်ချိန်မှာ အသက် ၄၈ နှစ်အရွယ် ဂရန့်ဝှားလ်ဟာ ရုတ်တရက် လဲကျသွားခဲ့ပါတယ်။ ကနဦး ဖော်ပြချက်တွေအရ ဝှားလ်ဟာ နှလုံးဖောက်ပြီး ကွယ်လွန်သွားတယ်လို့ ဆိုပေမယ့် တရားဝင် အတည်ပြုထားတာတော့ မရှိသေးပါဘူး။

ဝှားလ်ဟာ ပြီးခဲ့တဲ့ လတုန်းက LGBT အသိုက်အဝန်းကို ထောက်ခံတဲ့ သက်တံပုံနဲ့ အင်္ကျီ ဝတ်ဆင်ပြီး အားကစားရုံထဲ ဝင်ခဲ့တာကြောင့် ကာတာ အာဏာပိုင်တွေရဲ့ ခဏတာ ဖမ်းဆီးမှုကို ခံခဲ့ရဖူးပါသေးတယ်။

ဝှားလ်ရုတ်တရက် ကွယ်လွန်သွားတဲ့ သတင်းကို ကြားသိရတဲ့အတွက် အထူးတလည် ဝမ်းနည်းကြေကွဲကြောင်း အမေရိကန် ဘောလုံး အဖွဲ့ချုပ်ကလည်း ထုတ်ပြန်ပါတယ်။ ဝှားလ်ရဲ့ အမြင်စူးရှပြီး ဆန်းသစ်တဲ့ သတင်း ဖော်ပြမှုတွေကို အမေရိကန် ဘောလုံး ပရိသတ်တွေရော၊ မီဒီယာ အသိုက်အဝန်းကပါ အမြဲ အမှတ်ရနေမယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဝှားလ်ရဲ့ ဇနီးဖြစ်သူ စီလင်း ဂေါင်ဒါက သတင်းဆိုးကြောင့် အကြီးအကျယ် တုန်လှုပ်ခဲ့ရကြောင်း ဝန်ခံပြီး အခက်ခဲဆုံး အချိန်ကာလတွေမှာ ဝိုင်းဝန်း အားပေး ဖေးမသူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကမှ အသက် ၄၈ နှစ် ပြည့်ခဲ့တဲ့ ဝှားလ်ဟာ သူဟာ နေမကောင်းဘဲ ၁၀ ရက်လောက် ဖျားနာနေတာကြောင့် ပိုးသတ်ဆေးတွေပါ သောက်နေရတယ်လို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကိုယ်ပိုင် ဝက်ဘ်ဆိုက်မှာ ရေးသားထားခဲ့ဖူးပါတယ်။

၁၀ ရက်လောက် အအေးမိ ဝေဒနာ ခံစားခဲ့ရပြီး သူ့ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည် ဝန်ထက် ပိုပိနေတယ်လို့ ခံစားရကြောင်း ဝှားလ်က ဆိုပါတယ်။ သူသေဆုံးတဲ့ အကြောင်းရင်းကိုတော့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂီယန်နီ အင်ဖာတီနိုကလည်း ဝှားလ်ကွယ်လွန်သွားတာဟာ ဘောလုံးကို ချစ်မြတ်နိုးသူ အားလုံးအတွက် ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ကြောင်း ပြောကြားသွားပါတယ်။

You May Also Like

သတင်း

ယနေ့(ဒီဇင်ဘာ ၃ရက်) နေ့စွဲဖြင့်ပေးပို့သည့်သဝဏ်လွှာသည် လက်ရှိတရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိထံသို့ လိပ်မူပေးပို့ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆောင်းပါး

မြန်မာနိုင်ငံက ရန်ကုန်မြို့မှာ Pou Chen ကုမ္ပဏီက တည်ဆောက်ထားတဲ့ အထည်ချုပ် စက်ရုံရဲ့ ဝန်ထမ်း ၇၈၀၀ လောက်ကို ဒီမေးခွန်း သွားမေးမယ် ဆိုရင်တော့ သူတို့က တစ်နေ့ကို မြန်မာငွေ ၄၈၀၀ ကျပ် ရတယ်လို့ ပြောပြကြမှာပါ။

သတင်း

ကျန်ဇီမင်းဟာ တရုတ်သမ္မတအဖြစ် ၁၉၉၃ ခုနှစ်က ၂၀၀၃ ခုနှစ်အထိ ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

နိုင်ငံတကာ

တကယ်လို့ OneLove လက်ပတ်တွေ ဝတ်ဆင်ခဲ့မယ်ဆိုရင် အဝါကတ်ပြ သတိပေး အရေးယူမှုတွေ ရှိလာမယ်လို့ ဖီဖာက အကြောင်းကြားခဲ့တဲ့နောက် အသင်းခေါင်းဆောင်တွေက အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။