အိမ်ထောင်ရေးဖောက်ပြန်သည်ဟု စွပ်စွဲကာ ခင်ပွန်းက ဇနီးသည်အိပ်ပျော်နေချိန် ဓါးဖြင့်ခုတ်သတ်

ဇူလိုင်-၁၀။ အိမ်ထောင်ရေး ဖောက်ပြန်သည်ဟု စွပ်စွဲကာ ခင်ပွန်းက အသက်(၃၅)နှစ်အရွယ် ဇနီးသည်ကို အိပ်ပျော်နေချိန် ဓါးဖြင့်ခုတ်သတ်မူ ဇူလိုင်(၈)ရက် ညပိုင်းက စဉ့်ကူးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်၊ ရွာသာကျေးရွာတွင် နေထိုင်သည့် အသက်(၃၆)နှစ်အရွယ် ခင်ပွန်းနှင့် အသက်(၃၅)နှစ်အရွယ် ဇနီးဖြစ်သူတို့ ဇူလိုင်(၈)ရက်ညပိုင်းက လူမူရေးကိစ္စ စကားများရန်ဖြစ်ခဲ့ကြရာမှ နောက်တစ်နေ့ နံနက်တွင် ဇနီးသည်မှာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ခင်ပွန်းဖြစ်သူက ဇနီးသည်ကို အိမ်ထောင်ရေးဖောက်ပြန်သည်ဟု စွပ်စွဲခဲ့ပြီး ညအချိန် ဇနီးသည် အိပ်ပျော်နေချိန်တွင် အရိုးအသွား (၁၉)လက်မရှိ ဓါးဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက်(၃၆)နှစ်အရွယ် ခင်ပွန်းဖြစ်သူကို စဉ့်ကူးမြို့နယ် ထုံးကြီးနယ်မြေရဲစခန်းတွင်  ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(လူသတ်မူ) ဖြင့် ဖမ်းဆီး အမှုဖွင့် အရေးယူထားသည်။ MI News.

ဓါတ်ပုံ- စဉ့်ကူးမြို့နယ် မီးသတ် FB.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်