ရုပ်သံသတင်း

မိုးဗြဲရေကာတာ ဖွင့်ချသည့် စစ်တပ်လက်ချက်ကြောင့် စပါးစိုက်ဧက ထောင်ချီပျက်စီး

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်က မိုးဗြဲရေကာတာကို မိုးဗြဲအခြေစိုက် အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက ပြီးခဲ့တဲ့ တစ်ပတ်က ရုတ်တရက်ဖွင့်ချလိုက်တာကြောင့် ဒေသခံတွေရဲ့ စပါးစိုက်ဧကပေါင်း ထောင်နဲ့ချီပြီး ထိခိုက်၊ ပျက်စီးခဲ့ရပါတယ်။ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ဒေသခံတွေရဲ့ အဆိုအရ ဘီလူးချောင်းဘေးတစ်လျှောက်က စပါးစိုက်ဧက ၄,၀၀၀ ကျော် ရေမြုပ်သွားပြီလို့ သိရပါတယ်။ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ တစ်လေးလုံး စစ်ဆင်ရေးနဲ့အတူ မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ မိုးဗြဲရေကာတာအနီးက စစ်ကောင်စီရဲ့ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းကိုတော့ သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် မိုးဗြဲရေကာဟာ စစ်ကောင်စီခြေမြန်တပ်ရင်းရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာ ဖြစ်ပါတယ်။ သတင်း၊ တင်ဆက် – မုမေရီ

Show More

Related Articles

Back to top button