
‘ရာဂီ’ မုန်တိုင်းအရှိန်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် အပါအဝင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် ရင်ပြည်နယ်တို့တွင် စက်တင်ဘာ ၉ရက်ကစတင်၍ မကြုံစဖူး ရေကြီးရေလျှံမှုများကြောင့် လူရာနှင့်ချီ သေဆုံးခဲ့သည်။ တစ်နိုင်ငံလုံးတွင် ရေဘေးကြောင့် လူ ၂၂၆ ဦး သေဆုံးပြီး၊ ၇၇ဦး ပျောက်ဆုံးနေသည်ဟု စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၁၇)ထုတ် သတင်းစာများတွင် ထုတ်ပြန်သည်။ သို့သော် မြေပြင်တွင် သေဆုံးသူသည် ယင်းပမာဏာထက် ပိုမိုများပြားနိုင်သည်ဟု ကူညီကယ်ဆယ်သူများက ခန့်မှန်းထားကြသည်။



