မေးမြန်းခန်းရုပ်သံရုပ်သံသတင်း

“သိပ်ကိုဒေါသထွက်၊ ခံပြင်းစရာကောင်းပါတယ်” VOA သတင်းထောက်ဟောင်း ကိုကျော်ကျော်သိန်းနှင့် တွေ့ဆုံမေးမြန်းခန်း

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ သောကြာနေ့က ထုတ်ပြန်လိုက်သည့်အမိန့်ကြောင့် နှစ်ပေါင်းများစွာလည်ပတ်လာသော VOA သတင်းဌာနလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး၊ RFA ၏လုပ်ငန်းများလည်း မကြာမီပိတ်သိမ်းရတော့မည့် အခြေအနေကျရောက်ခဲ့ပါပြီ။

လက်ရှိတွင် VOA ဝန်ထမ်းများအားလုံး ၎င်းတို့၏ လုပ်ငန်းခွင်များသို့ ဝင်ရောက်ခွင့်မရှိတော့သလို အမြဲတမ်းဝန်ထမ်းများမှလွဲ၍ ကန်ထရိုက်တာ စာချုပ်ဖြင့် ချုပ်ဆိုခန့်ထားသော ကန်ထရိုက် ဝန်ထမ်းများကိုလည်း အလုပ်ရပ်စဲလိုက်ကြောင်းသိရှိရသည်။

သတင်းလွတ်လပ်ခွင့်ကို အကြီးအကျယ်ထိန်းချုပ်ထားသော စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှ ပြည်သူများသည် VOA ၊ RFA အပါအဝင် သတင်းမီဒီယာများမှ တစ်ဆင့် မှန်ကန်သော သတင်း အချက် အလက်များရယူနေရသည့်အတွက် ယခုလိုထိုသတင်းဌာနကြီး ၂ ခုရပ်ဆိုင်းသွားခြင်းမှာ မြန်မာ ပြည်သူ များအတွက် နစ်နာဆုံးရှုံးမှုကြီးမားသည်ဟု VOA သတင်းဌာနတွင် ၁၆ နှစ်ကျော်လုပ်ကိုင်ခဲ့သော မြန်မာသတင်းစာဆရာ ဦးကျော်ကျော်သိန်းက ဆိုသည်။

Show More

Related Articles

Back to top button