Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပေါ် ဆိုင်ကယ်ဖြင့် ညကင်းပတ် လာသည့် စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး လေးဦးသေဟုဆို

အဆိုပါတိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့၊ ဗိုလ်နေတိုးပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညို၊ ဒီမိုသိန်းငှက်ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

(ချောင်းဦးမြို့နယ်၊ မုံရွာ - မန္တလေးလမ်းဘေးတွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားတစ်ဦးအား ယခင်လပိုင်းအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ချောင်းဦးမြို့နယ်၊ မုံရွာ - မန္တလေးလမ်းဘေးတွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားတစ်ဦးအား ယခင်လပိုင်းအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် ညကင်းပတ်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ လေးဦး သေဆုံးကြောင်း ဗိုလ်တောက်ထွန်း (MBTT)အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သြဂုတ် ၇ရက် ည ၉ နာရီ ၂၀ မိနစ်ခန့်ကငါးရှန်ကျေးရွာဘက်မှ ဆိုင်ကယ် ၅စီးဖြင့် ကင်းပတ်လာသော ၁၁ဦးပါ စစ်ကောင်စီအဖွဲ့အား နတ်ရေကန်ရွာအကျော်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၎င်းအုပ်စုအား ပဒေသာမိုင်း ၈လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး နေရာမှာပင် သေဆုံးခဲ့ပြီး ၎င်းတို့စီးလာသည့် ဆိုင်ကယ် နှစ်စီးပါ ပျက်စီးသွားကြောင်း MBTTအဖွဲ့က ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ MBTT အဖွဲ့ တာဝန်ရှိသူက “သူတို့က လှည့်ကင်းက နေ့ကောညကောရှိတယ်။ ငါးယှန်ဘက်ကျ လုပ်လို့မရဘူး။ ချောင်းဦးနဲ့နီးလို့။ တိုက်ခိုက်ခံရပြီးတော့ ချောင်းဦးဘက်သယ်သွားတယ်လို့ သတင်းရပါတယ်။”ဟု ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့၊ ဗိုလ်နေတိုးပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညို၊ ဒီမိုသိန်းငှက်ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သြဂုတ်လ ၆ ရက်ကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းလာသည့် စစ်ကောင်စီယာဥ်များအား ဒေသတွင်းမဟာမိတ်အဖွဲ့များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နွားထိုးကြီး PDF အဖွဲ့သ​ည် ဇူလိုင် ၂၉ရက်ကလ​ည်း မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ အကြမ်းဖက်စစ်တပ်အုပ်စုဝင်တစ်ဦးကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်နက်အချို့ပါ သိမ်းဆည်းရမိခဲ့သည်။

သတင်း

ဒီတိုက်ပွဲတွေကြောင့် BGF ဘက်က (၃၈၆)ဦးသေဆုံးခဲ့ကာ (၂၈၀)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People's Spring သတင်းဌာနက မုံရွာမြို့နယ် သတင်းမှန် ပြန်ကြားရေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မီဒီယာအား ဖြေကြားခြင်းမပြုကြောင်းကိုသာ အကြောင်းပြန်ခဲ့သည်။

သတင်း

ကလေးမြို့ ကျွန်းချောင်းနှင့် သာယာကုန်းကျေးရွာကြားတွင် ယနေ့(သြဂုတ် ၈ရက်) နေ့လည် ၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့​ခြင်းဖြစ်သည်။