Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်း၊ မြို့နယ်သုံးခုတွင်စစ်​ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲရဟတ်ယာဥ်ဖြင့်ပစ်ခတ်နေ

ရဟတ်ယာဉ် ၃ စီးဝဲပျံခဲ့ကာ ကံတော်ရွာနှင့် စပါးကျင်းရွာကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများချသွားခဲ့သည်ဟုဆိုသည်။

(ယခင်ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့စဥ်။ ။ဓာတ်ပုံ-CJ)
(ယခင်ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့စဥ်။ ။ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း၊ မြင်းမူ၊ ဝက်လက်မြို့နယ်များတွင် စစ်​ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲရဟတ်ယာဥ်ဖြင့်လာ​ရောက်ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင်လ၂၇ရက်) နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်သည်စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာနှင့်မူးသာရွာတို့တွင်ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ကာ တပ်သားများချခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ဆက်လက်ပြီး မူးသာရွာမှထွက်ခွာလာသော အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဥ်သည် ဝက်လက်မြို့နယ်၊ကျီးကန်ရွာနှင့် လှတောရွာကြားတွင် စက်သေနတ်ကြီး ၅ချက်ခန့် ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

အလားတူ မြင်းမူမြို့နယ်တွင်လည်း ယနေ့နံနက် ၉နာရီ ၄၀ မိနစ်ခန့်က မူးမန္တလေးရွာ၊ ကျောက်ဖျာရွာ၊ အင်းမရွာတို့ကို အကြမ်းဖက်စစ်တပ်က ရဟတ်၃စီးဖြင့် ပစ်ခတ် ဗုံးကြဲမှုများ ပြုလုပ်သွားကြောင်းနယ်ခံများကပြောသည်။

ရဟတ်ယာဉ် ၃ စီးဝဲပျံခဲ့ကာ ကံတော်ရွာနှင့် စပါးကျင်းရွာကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများချသွားခဲ့သည်ဟုဆိုသည်။

အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် နယ်ခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်မှုအခြေအနေမသိရသေးဟု ဒေသခံတို့ကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစတင်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၈ သိန်းခွဲကျော်အထိ တိုးမြင့်လာပြီး မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူဦးရေ စုစုပေါင်းဟာ ၁ ဒသမ ၂ သန်းအထိ ရှိလာပြီလို့ ဇူလိုင်လ (၁၈) ရက်နေ့ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ သိရတယ်လို့ UNOCHA...

သတင်း

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့နှင့် အရှေ့တောင်ပိုင်း ဖြစ်သည့် ပေခုနှစ်ပင် -ပုသိမ် မုံရွာလမ်း၊ ယာကြီးပြင်ကျေး ပုသိမ်-မုံရွာ ဆိပ်ဖြူလမ်းပိုင်းအား မည်သည့်ယာဥ်အမျိုးအစားမှ ဖြတ်သန်းသွားလာ​ခြင်း မပြုရန် ​ဒေသတွင်းPDFအဖွဲ့များက သတိပေးသည်။

သတင်း

စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြရာ အကြမ်းဖက်စစ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုလည်းရှိနိုင်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ဇူလိုင် ၂၁ ရက်ကလည်း အက်ုက္ကားရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူဆောထီးများ လှည့်ကင်းထွက်လာစဥ် ကျွန်းတောက်အနောက်ဘက်၌ ပဒေသာမိုင်းခြောက်လုံးဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။