Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“ပဇီကြီးရွာကို မပြန်ရဲတော့ပါ”

အဖြစ်ဆိုးကိုထိတ်လန့်တုန်လှုပ်ခဲ့ကြတဲ့ဒေသခံတွေကို စစ်ကောင်စီက ကမ်းကုန်အောင်ထပ်မံရက်စက်ခဲ့တယ်လို့ ယမန်နှစ် ဧပြီလထဲက ငရဲခန်းနေ့ရက်တွေအကြောင်း ကန့်ဘလူမြို့က ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပြပါတယ်။

(ပဇီကြီးရွာအဖြစ်ဆိုးတွင် ​သေဆုံးခဲ့သူများ၏ ရုပ်အ​လောင်းများကို ၂၀၂၃ ခုနှစ် ဧပြီလတွင် မီးသဂြိုဟ်စဥ်။ဓါတ်ပုံ-​ပေးပို့)
(ပဇီကြီးရွာအဖြစ်ဆိုးတွင် ​သေဆုံးခဲ့သူများ၏ ရုပ်အ​လောင်းများကို ၂၀၂၃ ခုနှစ် ဧပြီလတွင် မီးသဂြိုဟ်စဥ်။ဓါတ်ပုံ-​ပေးပို့)

-ယောနသံ/People’s Spring

(စစ်ကောင်စီတပ်ရဲ့ ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်ပြည်သူအများဆုံး​သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာအဖြစ်ဆိုး နှစ်ပတ်လည်ဆောင်းပါး)

သက်ကြီးရွယ်အိုတွေအများစုပါတဲ့ လူတစုဟာ လယ်ကသင်းရိုးတစ်ခုဘေးလမ်းအတိုင်း ခပ်သွက်သွက်လျှောက်နေကြပါတယ်။ အင်္ကျီအရောင် ဖျော့ဖျော့တွေကို ဝတ်ဆင်ထားကြပါတယ်။ ဆောင်းလာကြတဲ့ ခပ်နွမ်းနွမ်းထီးတွေကလည်း အရောင်အဆင်းမရှိကြတော့ပါဘူး။ယာယီစုပေါင်းနေထိုင်ရာ တဲစုကနေ ၁၀မိနစ်ခန့်လမ်းလျှောက်အပြီးမှာတော့ သူတို့သွားမယ့်နေရာကိုရောက်ရှိပါပြီ။

ချိန်းဆိုထားတဲ့နေရာမှာတော့ သံဃာတော်အချို့နဲ့ အမျိုးသားအချို့ရှိနေပါတယ်။ သံဃာတော်တွေက တရားပေးဖို့အတွက် ခုံတန်းလျားပေါ်မှာအသင့်အနေအထားရှိပါတယ်။ လယ်ကသင်းရိုးကိုဖြတ်လာခဲ့ကြတဲ့ သူတွေကလည်း ရောက်ရောက်ခြင်းပဲ လက်အုပ်ချီ၊ ပဆစ်တုပ်ထိုင်လိုက်ကြပါတယ်။

Public Service Announcement

Public Service Announcement

” ကဲ ဩကာသကန်တော့ချိုးလိုက်ကြရအောင်”

ဩကာသကန်တော့ချိုးဖို့ သံဃာတော်တစ်ပါးဆီကနေ ဆော်ဩသံထွက်ပေါ်လာပြီးနောက် တရားပွဲကို အကျဉ်းချုံးပြီးပြုလုပ်ကြပါတယ်။ သွားလေသူတွေ ကောင်းရာမွန်ရာရောက်အောင် ဆုတောင်းပေးပြီး အမျှအတန်းပေးဝေပြီးတဲ့နောက် တရားပေးတဲ့သံဃာတော်တွေရော တရားနာတဲ့လူပုဂ္ဂိုလ်တွေပါ ခပ်သုတ်သုတ်ပြန်လည်ထွက်ခွာသွားကြပါတယ်။ တရားပေးသူတွေရော တရားနာသူတွေဟာ တစ်ချိန်လုံး မျက်နှာတွေညှိုးငယ်နေကြပါတယ်။

ဒီမြင်ကွင်းဟာ ၂၀၂၃ ယခုလိုနေ့ ဧပြီလ၁၁ရက်နေ့က စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် ၁၈၀ နီးပါး သေဆုံးခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ ဒီရက်ပိုင်းလုပ်ဖြစ်တဲ့ တစ်နှစ်ပြည့် တရားနာတဲ့မြင်ကွင်းဖြစ်ပါတယ်။ ဒီကနေ့ဟာ အဆိုပါဖြစ်ရပ်ဆိုး ၁ နှစ်တိတိပြည့်တဲ့ နှစ်ပတ်လည် နေ့ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓဘာသာအဆုံးအမအရ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေးလုပ်ရမယ့် သေဆုံးသွားသူတွေကို ရည်စူးတဲ့ဆွမ်းသွပ်သပိတ်တရားဟောခြင်းကို မိနစ်ပိုင်းအတွင်း ခပ်သွက်သွက်လုပ်လိုက်ကြရတာပါ။ လုပ်တဲ့အခါမှာလည်း အခင်းဖြစ်တဲ့နေရာကိုမလုပ်ရဲခဲ့ကြပါဘူး။ အဖြစ်ဆိုးကြုံခဲ့တဲ့ ဒီ‌လိုနေ့မှာလည်း မလုပ်ရဲခဲ့ဘဲ ရှေ့ရက်အနည်းငယ်က ရွာနဲမိုင်အနည်းငယ်ဝေးတဲ့နေရာတစ်ခုကို သွားပြီး ရေကြီးသုတ်ပြာလုပ်ခဲ့ကြရတာပါ။

“သူတို့ရွာကိုလုံးဝမပြန်ရဲကြဘူး။ သူတို့အကြောက်တရားက အပစ်ခံရတဲ့နေ့ကလိုပဲ။ ဘယ်လောက်ပဲတရားနဲ့ဖြေဖြေ မရရှာကြဘူး။ အခုလုပ်တဲ့တရားပွဲတောင် လေကြောင်းကနေလာပစ်မလား။ စစ်တပ်ကပစ်မှတ်ရှာနေမှာလားဆိုတဲ့ ကြောက်စိတ်နဲ့ အင်္ကျီအရောင်တောက်တောက်တွေမဝတ်ရဲခဲ့ကြဘူး ” လို့ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ အသက်မသေဘဲကျန်ခဲ့တဲ့ ဒေသခံတွေကို အကူအညီပေးနေတဲ့ အခြားတစ်ရွာက ဦးမိုးမောင်(အမည်လွှဲ)က ပြောပြတာပါ။

ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၁ရက် နံနက် ၇နာရီ ၃၀ မိနစ်မှာပဇီကြီးရွာနဲ့ အနီးပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေဟာ တသက်မေ့နိုင်မှာမဟုတ်တဲ့ ကြမ္မာဆိုးဝင်ခဲ့ပါတယ်။ ရွာတစ်နေရာမှာ ပြည်သူ့လုံခြုံရေး၊အုပ်ချုပ်ရေး ၊ကာကွယ်ရေးစ တဲ့ ကိစ္စရပ်တွေဆောင်ရွက်မယ့်အိမ်လည်းဖြစ် ၊ အလှူမဏ္ဍပ်လည်းဖြစ်တဲ့အ ဆောက်အအုံသစ်ထဲမှာ ကလေးငယ်‌ တွေ၊အပါအဝင် အလှူလာသူ ၂၀၀ ကျော်ဟာ မဏ္ဍပ်ထဲမှာ ရှိနေခဲ့ပါတယ်။ဗြောသံစည်သံတွေနဲ့ အလှူကြီးပေးနေချိန်မှာပဲစစ်ကောင်စီတပ်ကရုရှားနိုင်ငံထုတ်တိုက်လေယာဉ် YAK-130 နဲ့ ပေါင် ၅၀၀ ဖျက်အားပြင်းဗုံးနှစ်လုံးကိုကျဲချတိုက်ခိုက်ခဲ့ပါတယ်။

ဖျက်အားပြင်းဗုံး ကြောင့် မဏ္ဍပ်တစ်ခုလုံးအပြင် ဘေးပတ်ဝန်းကျင်နေရာတွေ မီးလောင်ပြင်ဖြစ်ခဲ့ပါတယ်။ သေ ဆုံးနေသူတွေရော၊မသသေဆုံသေးသူများကိုပါ MI-35 ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ထပ်ခါထပ်ခါ ပတ်ချာလည်ပျံသန်းပစ်ခတ်ခဲ့ပါတယ်။ ရုပ်အလောင်းတွေ၊ ကိုခန္တာအစိတ်အပိုင်းတွေဟာ မီးလောင်ကျွမ်းနေတဲ့ မဏ္ဍပ်ပတ်ချာလည်မှာ လွင့်စင်ပြန့်ကြဲနေခဲ့ပါတယ်။ ဒီဖြစ်ရပ်ဆိုးမှာ ကလေးငယ် ၄၀၊ အမျိုးသမီး ၂၄ ဦးအပါအဝင် အရပ်သား ၁၆၈ဦး သေဆုံးခဲ့ ပြီး ဒဏ်ရာရသူအများအပြားလည်းရှိခဲ့ဝာယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အဖြစ်ဆိုးကိုထိတ်လန့်တုန်လှုပ်ခဲ့ကြတဲ့ဒေသခံတွေကို စစ်ကောင်စီက ကမ်းကုန်အောင်ထပ်မံရက်စက်ခဲ့တယ်လို့ ယမန်နှစ် ဧပြီလထဲက ငရဲခန်းနေ့ရက်တွေအကြောင်း ကန့်ဘလူမြို့က ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပြပါတယ်။

“သေဆုံးသူတွေရဲ့အလောင်းကို လိုက်ကောက်နေတုန်းမှာပဲ စက်သေနတ်နဲ့ပစ်တယ်။ ဒေသခံတွေကိုခေါ်ပြီး ဘေးလွတ်ရာပြေးပြန်တော့လည်း မြေပြင်စစ်ကြောင်းကနေလိုက်ပစ်တယ်။ NUG အစိုးရက အရေးပေါ်ကယ်ဆယ်ရေးကော်မတီဖွဲ့ပြီး ထောက်ပံ့တဲ့ဆန်အိတ်တွေရလာပြန်တော့လည်း စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားခဲ့တယ်။ အဲဒီအကြောက်တရားတွေက ဒေသခံတွေ့ရင်ထဲမှာ မနေ့တစ်နေ့ကမှားစူးတဲ့ ဆူတချောင်းလို ထိုးစိုက်နေတုန်းပဲ” လို့ ဆိုပါတယ်။

ပဇီကြီးရွာဟာ လူ နေအိမ် ၂၀၀ ကျော်၊ လူဦး ရေ ၂၀၀၀ ကျော် ရှိပြီးတောင်ယာလုပ်ငန်းအဓိကလုပ်ကိုင် တဲ့ရွာကြီးဖြစ်ပါသည်။၂၀၂၁မှာ စစစ်အုပ်စုအာဏာသိမ်းမှုကိုလက်မခံ ဘဲ ဆန့်ကျင်ခဲ့တဲ့ရွာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အာဏာဘီလူးစီးနေတဲ့ စစ်ကောင်စီတပ်က လက်နက်မဲ့အရပ်သားတွေကို လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေ၊ စက်သေနတ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဧပြီ ၁၁ရက်အဖြစ်ဆိုးကြုံပြီးတဲ့နောက် ရွာပျက်ဖြစ်သွားပါတော့တယ်။

ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေဟာ NUG အစိုးရနဲ့ချိတ်ဆက်ပြီး ဒေသခံတွေကို ဖေးမကူညီမှုတွေပြုလုပ်နေပေမယ့် အဖြစ်ဆိုးကို မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့တဲ့ဘယ်သူတွေအဖို့ ခန္တာကိုယ်ဒဏ်ရာအနာတရတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ရုန်းကန်နေကြရဆဲပါပဲ။ အဖြစ်ဆိုးကနေလွတ်မြောက်လာခဲ့တဲ့ဒေသခံတွေဟာ တစ်နှစ်ပြည့်တဲ့အထိ ရွာကိုပြန်မလာရဲကြတော့ဘဲ ရွာနီးချုပ်စပ်ကတောတောင်တွေထဲမှာပဲ နေကြပါတော့တယ်။

“ကျနော်ဖြတ်သွားဖြတ်လာတိုင်း တွေ့နေရပါတယ်။ ရွာဟာ အခုအထိခြောက်ကပ်နေတုန်းပါပဲ။ ရွာထိပ်ကရွာဦးကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနဲ့ သံဃာငယ်နှစ်ပါးပဲရှိပါတယ်။ရွာထဲမှာတော့ ဘယ်သူမှပြန်မနေရဲကြသေးပါဘူး” လို့ ဝမ်းရေးအတွက်ရုန်းကန်ရင်း ပဇီကြီးရွာဘေး လမ်းကို အလျဉ်းသင့်သလို ဖြတ်သွားဖြတ်လာလုပ်နေတဲ့ ခင်ဦးမြို့ခံတစ်ဦးက ဆိုပါတယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြဝတီမြို့ပြင်တိုက်ပွဲများကြောင့် မြို့ခံအချို့မှာ လုံခြုံရေးအခြေအနေစိုးရိမ်၍ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊​ မဲဆောက်မြို့သို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိနေသည်။

သတင်း

မြဝတီမြို့မှာ တော့ မြို့စောင့်တပ် ခလရ ၂၇၅ ဆုတ်ခွာလိုက်ရပြီး အဲဒီတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းဘက်ကို တိမ်းရှောင်ဖို့ သောင်ရင်းမြစ်ကူး ချစ်ကြည်ရေးတံတားအမှတ် ၂ ဆီ ရောက်ရှိနေကြပါတယ်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီတပ်ကစခန်းကျပြီး​နောက် ယမန်​နေ့ညတွင် ​ဗုံးကျဲသလို ယ​နေ့ နံနက်ပိုင်းတွင်းလည်း စခန်းကို ​ပေါင်း၅၀၀ ဗုံးဖြင့်ကြဲခဲ့​ကြောင်း သတင်းရရှိသည်။