Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်းတွင် ကုတင် ၅၀ဆန့်ဆေးရုံကို CNO ဖွင့်လှစ်

ယခုဖွင့်လှစ်သည့် ဆေးရုံသည် ၂၀၂၁ကတည်းမှ ဆေးကုသမှုပေးနေသည့်နေရာဖြစ်ပြီး ၂၀၂၁ အောက်တိုဘာလတွင် ဆေးရုံအဖြစ်တိုးချဲ့ဖွင့်ခဲ့ခြင်းသည်ဟု​ဖော်ပြထားသည်။

(​ဆောင်ဒွန်း​ဆေးရုံဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CNO)
(​ဆောင်ဒွန်း​ဆေးရုံဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CNO)

ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ဦးစီး၍ ဖလမ်းမြို့နယ်တွင် ကုတင် ၅၀ ဆံ့ဆေးရုံကို ယနေ့(ဩဂုတ် ၂၀ ရက်)က ဖွင့်လှစ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယခုဖွင့်လှစ်သည့် ဆေးရုံသည် ၂၀၂၁ကတည်းမှ ဆေးကုသမှုပေးနေသည့်နေရာဖြစ်ပြီး ၂၀၂၁ အောက်တိုဘာလတွင် ဆေးရုံအဖြစ်တိုးချဲ့ဖွင့်ခဲ့ခြင်းသည်ဟု​ဖော်ပြထားသည်။

Suangdawn(ဆောင်ဒွန်း)ဟူအမည်ရှိ ထိုဆေးရုံကို ယနေ့ နံနက် ၁၀ နာရီခန့်က ဖလမ်းမြို့နယ်တွင် ချင်း​ဒေသကာကွယ်​ရေးတပ်-CDF ၊ချင်းအမျိုးသားအဖွဲ့ချုပ်CNO စ​သည်တို့မှတာဝန်ရှိသူတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

(​ဆောင်ဒွန်း​ဆေးရုံဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CNO)
(​ဆောင်ဒွန်း​ဆေးရုံဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CNO)

ထိုဆေးရုံတွင် ယမန့်နှစ်အောက်တိုဘာလကတည်းက PDF(ကလေး)မှ ဆရာဝန်များနှင့်ပူးတွဲ၍ ဒဏ်ရာရရဲဘော်များကို ခွဲစိတ်ကုသပေးခြင်း၊ ကလေးမီးဖွားပေးခြင်းနှင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။

တော်လှန်ရေးအောင်မြင်မှု၏အသီးအပွင့်တစ်ခုဖြစ်ပြီးစစ်ကောင်စီကြောင့် ပျက်စီးနေသည့်ပြည်သူများအတွက်အခြေခံကျန်းမာရေးကို အစားထိုးတာဝန်ယူခြင်းဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ​ဆောင်ဒွန်းဆေးရုံဖွင့်ပွဲသို့​ပေးပို့​သော သဝဏ်လွှာတွင်​ဖော်ပြထားသည်။

(​ဆောင်ဒွန်း​ဆေးရုံဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CNO)
(​ဆောင်ဒွန်း​ဆေးရုံဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CNO)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း အဆိုပါဆေးရုံသည် စစ်ကောင်စီကြောင့် ဆုတ်ယုတ်ယိုယွင်းလျက်ရှိသော ပြည်သူ့ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းကို ပြန်လည်ထူထောင်ရာတွင် တစ်တပ်တစ်အားဖြစ်စေသည်ဟု သဝဏ်လွှာပေးပို့ခဲ့သည်။

ဖွင့်ပွဲသို့ CDFစစ်ဦးစီးချုပ် ဆလိုင်းပီတာထန်း ဦးဆောင်၍ ချင်းအမျိုးသားအလံအလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲ‌ဘော်များအား အလေးပြုခြင်း၊ ချင်းအမျိုးသားသီချင်းသီဆိုကာ ဒေသခံဆရာတော်မှ ဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ခဲ့သည်။

ထိုအတူ CNO အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထိုအတူPDF(ကလေး) စစ်ဦးစီးချုပ်ကလည်း အမှာစကားပြောကြားခဲ့သည်ဟု CNOက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ZFU/PDF Zoland သည် တော်လှန်ရေး အကြောင်းပြု၍ အုပ်ချုပ်ရေးနယ်မြေတစ်ခုအား တရားမဝင် သတ်မှတ် ရယူလိုသည့် အပြုအမူများအား လုံးဝ (လုံးဝ) လက်ခံနိုင်မည်မဟုတ်ဘဲ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

သတင်း

ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီက မတရား သေဒဏ်စီရင်မှုအပေါ်CNO/CNDFက သဘော ထားထုတ်ပြန်ရာ၌ ယင်းသို့ဖော်ပြခဲ့ခြင်း ဖြစ်သည်။

သတင်း

ထိုလုပ်ရပ်များအပေါ် CNO/CNDF အပါအဝင် ချင်းပြည်သူများသည် အလွန်အံ့အားသင့်သည့်အပြင် ယင်းလုပ် ဆောင်ချက်များကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

သတင်း

တိုက်ပွဲ၌အထိနာသည့် စစ်ကောင်စီတပ်သည် ဖလမ်း - ဟားခါးအကြားရှိ တာလ်ကျေးရွာနှင့် ချွန်ကျုံးကျေးရွာ တို့မှ နေအိမ် ၃၅လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။