Hi, what are you looking for?
အကြမ်းဖက်စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူလူထုအားသတ်ဖြတ်မှုမှာ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့်ရက်စက်ကြမ်းကြုတ်သောစစ်ရာဇဝတ်မှုဖြစ်ကြောင်း လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၄၅ဖွဲ့က စုပေါင်းထုတ်ပြန်ခဲ့ပြီး အဲဒီဖြစ်ရပ်ကို အခြေပြုလျက် အကြမ်းဖက်စစ်အုပ်ရဲ့ လူမျိုးရေးမုန်တီးလှုံ့ဆော်လမ်းလွှဲနေခြင်းအား သတိပြုကြရမယ်လို့ သတိပေးထားပါတယ်။
■မြောက်ဦးဆေးရုံကြီးဗုံးကြဲခံရမှု ဒဏ်ရာရသူတွေကိုကူညီနေတဲ့ စာရေးဆရာဝေဟင်အောင်နဲ့ မေးမြန်းခန်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ ဆေးရုံကြီးကို ဒီဇင်ဘာလ၁၀ရက်ညမှာအာဏာသိမ်း စစ်တပ်က တိုက်လေယာဥ် ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံးကြဲတာမှာ လသားအရွယ် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် သေဆုံးသူပြည်သူ ၃၄ဦးရှိလာပြီး ဒဏ်ရာရသူ ၇၅ ဦးအနက် ၂၆ဦးဟာ...
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဆေးရုံကို ယမန်နေ့ည က စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတာမှာ လသားအရွယ် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင်သေဆုံးသူ ၃၃ဦးရှိလာပြီး ဒဏ်ရာရသူ ၈၀ နီးပါးအနက် ၂၇ ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားနဲ့ ဆေးကုသနေရပါတယ်။