Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာနယ် ဘန်ဘွေးကုန်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်များ တိုက်ခိုက်

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားပြီး အရေအတွက် အတည်ပြုရန် ခက်ခဲကြောင်း ဖော်ပြသည်။ တိုက်ပွဲတွင် KPDF ရဲဘော် လေးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(လေကြောင်းးဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်နေသော ဘန့်ဘွေးကုန်းရွာအား အဝေးမှ မြင်တွေ့ရစဥ်၊ ဓာတ်ပုံ K.Z)
(လေကြောင်းးဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်နေသော ဘန့်ဘွေးကုန်းရွာအား အဝေးမှ မြင်တွေ့ရစဥ်၊ ဓာတ်ပုံ K.Z)

သေဆုံးထိခိုက်များသည့် စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန် သည်။

ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာ၌ တပ်စွဲထားသည့် အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၂) လက်အောက်ခံ ကချင်ဒေသ PDF နှင့်ကသာ (ပကဖ)၊ တိုက်နယ် နှင့် ရပ်ကျေး (ပကဖ)များ ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၅နာရီခွဲခန့်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်များ ရွာအတွင်း ပိတ်မိနေ၍ ကသာအခြေစိုက် စစ်ကာင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီတပ်များ ဆက်လက် ပိတ်မိနေ၍ နေ့လည် ၁၂နာရီခွဲတွင် မြစ်ကြီးနား လေတက်မှ တိုက်လေယာဉ် နှစ်စီးဖြင့် ဘန့်ဘွေးကုန်းရွာအားဗုံးကြဲတိုက်ခိုက်လာကြောင်း ကသာ(ပကဖ)က ထုတ်ပြန်သည်။

“ခလရ (၁၂၁) တပ်က စခ ရိက္ခာသဘော် တွေကို မြေပြင် စစ်ကြောင်းအရ လုံခြုံရေးလိုက်ယူ ပေးနေတာ။ဘန့်ဘွေးကုန်းရွာမှာ လာတပ်စွဲနေတာလည်း တစ်ပတ်လောက်ရှိတော့မယ်။ဒီမနက် တော့ တိုက်ပွဲတော်တော်ပြင်းထန်တယ်လို့ သိရပေမယ့် စခ တွေရဲ့ သေဆုံးမှုကို အတည်ပြုဖို့ လောလောဆယ် မပြောနိုင်သေးဘူး”ဟု ကသာမြို့နယ် (ပကဖ)နှင့် နီးစပ်သူက လူထုနွေဦးသို့ ပြောသည်။

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားပြီး အရေအတွက် အတည်ပြုရန် ခက်ခဲကြောင်း ဖော်ပြသည်။ တိုက်ပွဲတွင် KPDF ရဲဘော် လေးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဘန့်ဘွေးကုန်းကျေးရွာအား မီးရှို့နေပြီး ထွက်ခွာရန် ပြင်ဆင်နေကြောင်း ကသာ(ပကဖ)က အသိပေးသည်။

စစ်ကိုင်းနှင့် ကချင်အစပ်ဒေသများတွင် ဒေသခံ PDFများ၊ ပကဖများနှင့် KIA တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်နေသော ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဒေသခံများက လက်ဝတ်လက်စားများ လှူဒါန်းခဲ့ဖူးသည်။

သတင်း

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦးသေကာနှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိပြီး PRA မှ ရဲဘော်တစ်ဦးလည်း ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းအသိပေးထားသည်။

သတင်း

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် ၄ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟုဆိုသည်။

သတင်း

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် လေးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟု ဆိုသည်။