Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က သေဆုံးမှုအခြေအနေ KNU ထုတ်ပြန်

ကေအဲန်ယူ-ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း(၂၇)နဲ့ တပ်ရင်း(၁၈) နယ်မြေတွေအတွင်းမှာ တိုက်ပွဲအများဆုံးဖြစ်ပွားတာဖြစ်ပြီး တပ်ရင်း(၂၇)လက်အောက်ခံ ကော်ဘရာစစ်ကြောင်းလုံခြုံရေးယူထားတဲ့ နေရာတွေဟာ တိုက်ပွဲအပြင်းထန်ဆုံးနေရာတွေဖြစ်တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲအကြိမ် ၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆို
ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲအကြိမ် ၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆို

ဒူးပလာယာခရိုင်အတွင်းမှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF)တို့အကြား ရက်ပေါင်းနှစ်ဆယ်ကျော်အတွင်း တိုက်ပွဲပေါင်းအကြိမ် ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက်(၅၀)နီးပါးသေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲအကြိမ် ၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆို
ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲအကြိမ် ၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆို

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင်ထဲမှာ ဩဂုတ်(၁)ရက်ကနေ (၂၀)ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၆ လက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီ BGF တပ်တွေအကြား တိုက်ပွဲပေါင်း(၃၃)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၄၈)ဦးသေဆုံးပြီး အယောက်(၈၀) ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကေအဲန်ယူ-ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း(၂၇)နဲ့ တပ်ရင်း(၁၈) နယ်မြေတွေအတွင်းမှာ တိုက်ပွဲအများဆုံးဖြစ်ပွားတာဖြစ်ပြီး တပ်ရင်း(၂၇)လက်အောက်ခံ ကော်ဘရာစစ်ကြောင်းလုံခြုံရေးယူထားတဲ့ နေရာတွေဟာ တိုက်ပွဲအပြင်းထန်ဆုံးနေရာတွေဖြစ်တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲအကြိမ် ၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆို
ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲအကြိမ် ၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆို

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်တွေ သေဆုံးဒဏ်ရာရမှုများပြားတဲ့နေရာတွေဖြစ်တဲ့ တပ်ရင်း(၁၈)နဲ့ တပ်ရင်း(၂၇)နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က အတွဲလိုက်ပစ်ရော့ကတ်စနစ်နဲ့ လက်နက်ကြီးအမျိုးမျိုးအပြင် ဂျက်လေယာဉ် ရဟတ်ယာဉ်တွေအသုံးပြုပြီး အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်လျက်ရှိနေတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

ဩဂုတ်(၂၀)ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုခြောက်ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအမြောက်အများကြဲချခဲ့ကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNLA တပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိပေမယ့် မြေပြင်ရင်ဆိုင်တိုက်ပွဲမှာတော့ စစ်သည်တော်နှစ်ဦး ကျဆုံးခဲ့ပြီး (၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ပြည်သူလူထု(၉၀၂၉၁)ဦးဟာ နေရပ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရသေ့တောင်မြို့နယ်အတွင်း အိမ်ထောင်စု ၁၀၀ ခန့် (လူဦးရေ ၃၆၄ ဦး)သည် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒေသခံမိတ်ဖက်အဖွဲ့အစည်းများက ကူညီပေးထားကြောင်း OCHA က ဆိုသည်။

သတင်း

စစ်ရှောင်များ ကာလရှည်နေထိုင်ရမည်ဆိုပါက စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ဆက်လက် လိုအပ်နေမည်ဖြစ်သည်ဟု ဆိုသည်။

သတင်း

KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များသည် ဒွယ်လိုးမြို့နယ်ရှိ ဘောကျုံ့ထာ့ စခန်းငယ် ကို သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်ဟု ဒေသတွင်း တာဝန်ရှိ အရာရှိတစ်ဦးကို ကိုးကား ဖော်ပြသည်။

သတင်း

သြဂုတ် ၁၉ ရက် ညနေပိုင်းတွင် လက်ပံပင်ရွာ အနီးတွင် နယ်မြေကျူးကျော်တပ်စွဲထားသော အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။