Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူထွေအုပ်ရုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

တိုက်ခိုက်ခံရပြီးနောက် လူနာတင်ယာဥ်တစ်စီး ထွေအုပ်ရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

မြင်းမူထွေအုပ်ရုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
မြင်းမူထွေအုပ်ရုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား ယနေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (သြဂုတ် ၂၆ ရက်)နံနက် ၁၁နာရီခွဲခန့်က မြင်းမူမြို့အတွင်းရှိ ထွေအုပ်ရုံးအား ဒရုန်းဖြင့် ဗုံး နှစ်လုံးချ တိုက်ခိုက်သွားခြင်းဖြစ်ပြီး အနီးရှိ အထက်တန်းကျောင်းအတွင်းမှ စစ်ကောင်စီတပ်များက သေနတ်များဖြင့် ပစ်ဖောက်ခဲ့​ကြကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

တိုက်ခိုက်ခံရပြီးနောက် လူနာတင်ယာဥ်တစ်စီး ထွေအုပ်ရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

မုံရွာ – မန္တလေးလမ်းပေါ်ရှိ မြင်းမူမြို့နယ်သည် စစ်ကောင်စီအား ခုခံတော်လှန်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး အကြမ်းဖက်ယာဥ်များကိုလည်း မကြာခဏမိုင်းခွဲ တိုက်ခိုက်နေကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် မြ၀တီမြို့နယ် မြ၀တီ-ဝေါ်လေ ကားလမ်းအနီးတဝိုက်ဒေသများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရေဖြူလွင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

"မြင်းမူမြို့ ဂွေးပင်တောအနီး ကင်းပုန်းဝပ်နေသော စကစတပ်သားများနှင့် ပစ္စည်းများသယ်ယူပို့ဆောင်လာသော ရဲဘော်များ ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။"ဟု Zamani Revolution Force/MMU Myaung တပ်ဖွဲ့က အသိပေးသည်။

သတင်း

တိုက်ပွဲအတွင်း ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက်...