ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ ယင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်နေသည်ဟု သတင်းရသောကြောင့် လက်ပစ်ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA) အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။