Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်နယ်အတွင်း တိုက်လေယာဉ်များ ပျံသန်းနေ၍ ပြည်သူများ အရေးပေါ်ပုန်းခိုနိုင်ရေး စီမံထားရန် CDF တိုက်တွန်း

မင်းတပ်မြို့နယ်အတွင်း တိုက်လေယာဉ်များ အနီးကပ်ပျံသန်းနေလျက်ရှိ၍ ပြည်သူများနှင့် တပ်ရင်းတပ်ဖွဲ့များအားလုံး ဂရုစိုက်ကြရန် အသိပေးထားသည်။

ဓာတ်ပုံ - Ling YawLawThang
ဓာတ်ပုံ - Ling YawLawThang

မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ် ကာကွယ်နိုင်ရေး ဗုံးခိုကျင်းများ တူးထားကြရန် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က ယနေ့ တိုက်တွန်းချက်ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်အတွင်း တိုက်လေယာဉ်များ အနီးကပ်ပျံသန်းနေလျက်ရှိ၍ ပြည်သူများနှင့် တပ်ရင်းတပ်ဖွဲ့များအားလုံး ဂရုစိုက်ကြရန် အသိပေးထားသည်။

လူစုလူဝေး ပြုလုပ်မှုများ ရှောင်ရှားကြရန်နှင့်အရေးကြုံလျင် ချက်ခြင်း ပုန်းခိုနိုင်ရန်အတွက် ပတ်ဝန်းကျင် များတွင် ဗုံးခိုကျင်းများ တူးထားပေးကြရန် မင်းတပ် CDFက တိုက်တွန်းခဲ့သည်။

လက်တလောတွင် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ မရှိသော်လည်း စစ်ကောင်စီတပ်များက မြို့ပေါ်တွင် အိမ်ထောင်စုစာရင်းများ လိုက်လံစစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်၍ CDF ရဲဘော်အချို့နှင့် ပြည်သူလူထုများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားနိုင်၍ ရေဦး-ခင်ဦးလမ်းပိုင်း အသွားအလာရပ်နားထားသင့်ကြောင်း ဒေသခံများက ပြောသည်။

ဗီဒီယို

အုပ်စုဖွဲ့ မုဒိမ်းကျင့်သူတွေကို ပြန်လွှတ်ပေးမယ့် လုပ်ရပ်ကို မကျေနပ်တဲ့အတွက် ဩဂုတ် ၂၇ ရက်က ဒေလီမြို့တော်မှာ လူတွေ ရာနဲ့ချီ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။ အိန္ဒိယက တခြားပြည်နယ် တချို့မှာလည်း အလားတူ စုဝေးပြီး ဆန္ဒပြတာတွေ ဖြစ်လာကြပါတယ်။

သတင်း

ထို့ကြောင့် ပြည်သူများ အနေဖြင့် Cobra Column Facebook Page မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကိုသာ ကြည့်ရှုပေးရန်နှင့်Page Messengerသို့ တိုက်ရိုက် ဆက်သွယ်ပံ့ပိုးပေးရန်ကော်ဘရာ စစ်ကြောင်းက မေတ္တာရပ်ခံခဲ့သည်။

သတင်း

ယမန်နေ့(ဩဂုတ် ၂၆ ရက်) နံနက် ၆ နာရီခန့်က လယ်ဇင်ကျေးရွာသို့ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သ​ည် သတင်းပေးများနှင့်အတူ ဝင်ရောက်လာခဲ့သည်။