Hi, what are you looking for?
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မနေ့က အောက်တိုဘာ ၂၇ရက် ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သွားတဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာက စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ သေဆုံးထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဒီကနေ့ (အောက်တိုဘာ ၁၀ရက်)င စပြီး မြို့နယ်အတွင်း ကျောင်းတွေအားလုံး ခေတ္တပိတ်ထားဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က မြို့နယ် ပညာရေးဘုတ်အဖွဲ့သို့ အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်စစ် မဖြစ်မနေဆင်နွှဲနေရသည့် အခြေအနေတွင် စစ်မတိုက်ဘဲ ဘာမှ ဖြစ်လာမည်မဟုတ်၍ တောင်တန်းနှင့်မြေပြန့်ဒေသရှိ တော်လှန်ရေးအင်အားစုများအားလုံး စစ်တိုက်ရန် အဓိက လိုအပ်ကြောင်း ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်စဉ် ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ ဝှက်ထားသော လက်နက်များတွေ့ရှိသည့် ပြည်သူများက လာရောက်အပ်နှံ၍ ဆုငွေပေးအပ်ခဲ့ဟု CDF - မင်းတပ်က ယနေ့ (ဩဂုတ် ၂၂ရက်)တွင် သတင်းထုတ်ပြန်သည်။