Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ထဲက စစ်ကောင်စီစခန်းတွေကို KNLA ဝင်တိုက်

ဒါ့အပြင် မနက်(၁၁)နာရီအချိန်ခန့်မှာ KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း(၁၀၂)တပ်ဖွဲ့ဝင်တွေက မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် လှဂွန်းပျိုအခြေစိုက် စစ်ကောင်စီစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖာပွန်ထဲက စစ်ကောင်စီစခန်းတွေကို KNLA ဝင်တိုက်
ဖာပွန်ထဲက စစ်ကောင်စီစခန်းတွေကို KNLA ဝင်တိုက်

ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ က ဝင်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က လေးဦး သေဆုံးသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ(၂၈)ရက် မနက်(၉)နာရီအချိန်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတြော်(ဖာပွန်)ခရိုင်ထဲက ဖာပွန်မြို့အနီးရှိ စစ်ကောင်စီရဲ့ မယားငယ်ကုန်းစခန်းငယ်ကို KNLA တပ်မဟာ ၅ လက်အောက်ခံတပ်ရင်း(၁၅) တပ်ဖွဲ့ ဝင်တွေက ခြံခိုဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးသွားတယ်လို့ တပ်ရင်း(၁၅)အရာရှိတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မနက်(၁၁)နာရီအချိန်ခန့်မှာ KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း(၁၀၂)တပ်ဖွဲ့ဝင်တွေက မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် လှဂွန်းပျိုအခြေစိုက် စစ်ကောင်စီစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီနောက် ညနေ(၅)နာရီခွဲအချိန်ခန့်မှာ ဖာပွန်မြို့ အရင်းပိုင်ဝင်းနေရာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA တပ်ရင်း(၁၅)တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး KNLA ဘက်က ထိခိုက်ကျဆုံးမှုမရှိကြောင်း မူတြော်သတင်းစဉ်က ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ်လ(၂၈)ရက် ညနေ(၃)နာရီအချိန်က စစ်ကောင်စီစခန်းအခြေစိုက်ရာ မဲ၀ိုင်မှာ စစ်ရဟတ်ယာဉ် ဟယ်လီကော်ပတာနှစ်စီးရောက်ရှိလာပြီး တစ်စီးက စစ်လက်နက်ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ လာရောက်ကြဲချပြီး ကျန်တစ်စီးကတော့ စက်သေနတ်တွေပစ်ခတ်ခဲ့တယ်လို့ တပ်မဟာ(၅)က ပြောပါတယ်။

ဩဂုတ်လ(၂၇)ရက်ကလည်း ဒွယ်လိုးမြို့နယ် မထောကျေးရွာအုပ်စု နေပူကန်ကျေးရွာထဲကို နယ်ခြားစောင့်တပ်(BGF)က လက်နက်ကြီးလေးချက် ပစ်ခတ်ခဲ့ရာ အသက်(၉)နှစ်အရွယ်ရှိတဲ့ ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်းပျက်စီးသွားခဲ့သလို ဩဂုတ်(၂၆)ရက်နေ့ကလည်း မယ့်ကနော်နဲ့ ကျောပါးမကွီးခိုအကြားမှာ BGF တပ်ဖွဲ့တွေက လက်နက်ကြီးရမ်းသမ်းပစ်ခဲ့သေးလို့ မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ စစ်ကောင်စီတပ်အား (၃)ရက်ကြာ ကင်းပုန်းဝပ်ကာ စောင့်‌ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုလဲတပ်ရင်း - ၁ (Royal Eagle PDF)က ဆိုသည်။

သတင်း

စစ်ကောင်စီတပ်များသည် သခွတ်ချောင်ရွာ၌ ယမန်နေ့ညက စခန်းချပြီး ယနေ့နံနက်တွင် ထီးချိုင့်မြို့သို့ ပြန်ဝင်သွားကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ကို PDF တပ်ရင်း ၁၂၂၁ ၊ ၁၂၂၂ ၊၁၂၂၃ တို့က ရဲဘော်တွေ တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

သတင်း

အကြမ်းဖက် စစ်ကောင်စီတပ်စွဲရာနေရာကို ယမန်နေ့(သြဂုတ် ၂၈ရက်)က KRU၏ လက်လုပ် (၈၁)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။