Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရသေ့တောင်မြို့နယ်၌ ယနေ့နံနက် တိုက်ပွဲဆက်ဖြစ်

တိုက်ပွဲကြောင့် ဒေသတွင်းရှိ ပြည်သူများ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ရသေ့တောင်မြို့နယ်၌ ယနေ့နံနက် တိုက်ပွဲဆက်ဖြစ်
ရသေ့တောင်မြို့နယ်၌ ယနေ့နံနက် တိုက်ပွဲဆက်ဖြစ်

▪️ရေစိုးချောင်းဗျူဟာသို့ စစ်အင်အားနှင့် လက်နက်ခဲယမ်းပို့မည့် စစ်ကြောင်းကို AAက ကြားဖြတ်တိုက်ခိုက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယနေ့ တိုက်ပွဲ နှစ်နေရာဖြစ်ပွားနေသည်ဟု ရခိုင်ဒေသခံ ကပြောသည်။

ဩဂုတ် ၃၀ရက်ညပိုင်းက ဘူးသီးတောင်နှင့် ရသေ့တောင်အစပ် မေယုမြစ်အရှေ့ဘက် တစ်နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့နံနက်တွင် ယင်းနေရာ အနီးတဝိုက်၌ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဆိုသည်။ ရသေ့တောင်နှင့် ဘူးသီးတောင် နယ်စပ်ရှိ ရေစိုးချောင်းဗျူဟာကို စစ်ကောင်စီတပ်က စစ်အင်အားနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်ရာ AAက ကြားဖြတ်တိုက်ခိုက်ခြင်း ဖြစ်သည်။ တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ရသေ့တောင်မြို့နယ်၌ ယနေ့နံနက် တိုက်ပွဲဆက်ဖြစ်
ရသေ့တောင်မြို့နယ်၌ ယနေ့နံနက် တိုက်ပွဲဆက်ဖြစ်

“မနေ့ညက ဖြစ်တဲ့နေရာမှာ ထပ်ဖြစ်တယ်။ ထပ်ဖြစ်တော့ ရသေ့တောင်ကနေ ပြီးတော့ လက်နက်ကြီးတွေ ပစ်ကူပေးတယ်။နောက်တစ်ခုက ဘူးသီးတောင် စကခ(၁၅)တပ်ကနေ ရဟတ်ယာဉ်တွေသွားပြီး အဲဒီမှာ လေကြောင်းပစ်ကူပေးနေတာရှိတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

တိုက်ပွဲကြောင့် ဒေသတွင်းရှိ ပြည်သူများ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“မနေ့က ဖြစ်တဲ့နေရာပဲ။ ဒါပေမဲ့ ဒီနေ့ကတော့ တစ်နေရာမဟုတ်ဘူး ၂နေရာလို့ ပြောတယ်။ အဲဒီ အနီးပတ်ဝန်းကျင်မှာ ဖြစ်နေတာ။ စစ်ကြောင်းက ဖြန့်ပြီးလို့လာတယ်ထင်တယ်။ အဲဒါကြောင့်လေ။ တိုက်ပွဲကတော့ အခြားနေရာတွေမှာလည်း အချိန်မရွေးဖြစ်လာနိုင်တယ်။ နေရာတိုင်းမှာ နှစ်ဖက်လုံးက အဆင်သင့်ပြင်နေတာ”ဟု ရခိုင်ဒေသခံက ပြောသည်။

မောင်တောမြို့နယ် ခမောင်းဆိပ်ဗျူဟာတွင်လည်း ယနေ့ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဆိုသည်။ စစ်ကောင်စီ၏ ခမောင်းဆိပ်ဗျူဟာကို AAက စခန်းသိမ်းတိုက်ခိုက်နေခြင်းဖြစ်ပြီး တစ်ပတ်ခန့်ကြာပြီဖြစ်သည်။ တိုက်ပွဲပြင်းထန်နေပြီး စခန်းနေရာအချို့ကို AAက ရရှိထားကြောင်း၊ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၊ ရဟတ်ယာဉ်များ၊ တာဝေးပစ် အမြောက်များ သုံးပြီး တိုက်ခိုက်နေကြောင်း ရခိုင်ဒေသခံက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်များနှင့် ပျူစောထီးများသည် ဩဂုတ် ၂၉ ရက်ကလည်း တောင်မြို့ကျေးရွာနှင့် တောင်ကြားရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁၆၇လုံး မီးလောင်ပျက်စီးခဲ့သည်။

သတင်း

ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF ကန်ပတ်လက်မှ တပ်ရင်းမှူးနှင့်တပ်ခွဲမှူးသည် သြဂုတ် ၁၆ရက်က တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ခြင်း ဖြစ်သည်။

သတင်း

နှမ်းခါးကျေးရွာရှိ စစ်ဘေးရှောင်စာသင်ကျောင်း၊ နေအိမ် (၈)လုံးနှင့် နာရေးကားအပါအဝင် မော်တော်ယာဥ် (၆)စီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာ

၁၉၈၅ ခုနှစ်မှာ ဆိုဗီယက် ခေါင်းဆောင် ဖြစ်လာတဲ့ ဂိုဗာချော့ဗ်ဟာ ဆိုဗီယက်ကို နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံမှုတွေ အစပြုအောင် လမ်းဖွင့်ပေးခဲ့သလို ပြည်တွင်းမှာလည်း သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။