Hi, what are you looking for?
ရခိုင်ဒေသမြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ လူစုလူဝေးရှိတယ်လို့ ယူဆတဲ့နေရာတွေကို နေ့၊ည အချိန်မရွေး လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ပိုလုပ်လာလို့ အဲဒီလိုတိုက်ခိုက်မှု ဘေးရန်ကို အရင်ထက်ပိုသတိထားဖို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ စက်တင်ဘာ ၂၉ရက်မှာ အရေးပေါ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုနယ်၊ သရက်တပင်ကျေးရွာက ကိုယ်ပိုင် အထက်တန်း စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ကျောင်းသား တဦး ထပ်မံ သေဆုံးခဲ့လို့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀ဦး ရှိလာကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။
■ပြစ်ဒဏ်ကျူးလွန်သူ၊ စေခိုင်းသူ၊ ပါဝင်ပတ်သက်သူ များအားပြင်းထန်စွာလက်တုံ့ပြန်သွားမည်ဟုသတိပေး စက်တင်ဘာ-၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နှင့် “အမြင်သစ်” ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းများကိုစစ်ကောင်စီကစက်တင်ဘာ ၁၂ရက်နံနက်အစောပိုင်းကဗုံးကြဲတိုက်ခိုက်မှုအတွင်းသေဆုံး ၊ဒဏ်ရာရခဲ့သော ကျောင်းသား၊ကျောင်းသူများ၏ အမည်၊ဓါတ်ပုံ နှင့် အချက်အလက်အသေးစိပ်ကို ၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊အာရက္ခတပ်တော် (AA)ကထုတ်ပြန်လိုက်သည်။ လတ်တလောအထိသေဆုံးခဲ့သောကျောင်းသား၊ကျောင်းသူ ၁၉...
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ ကျောက်မဲကြားက သမိုင်းဝင် ဂုတ်ထိပ်တံတားကြီး မနေ့က သြဂုတ် ၂၄ ရက်နေ့မှာ မိုင်းခွဲခံခဲ့ရပါတယ်။ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပေမဲ့ စစ်အုပ်စုက TNLA လက်ချက်ဆိုပြီး ဦးအောင်ဝါဒဖြန့်ပါတယ်။TNLA ကလည်းစစ်တပ်လက်ချက်ဆိုပြီးပြောပါတယ်။