Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်

လက်ရှိတွင် စစ်ကောင်စီတပ်သည်တပ်ချောင်းရွာ အရှေ့နှင့် စစ်လျင်ချောင်းရွာ အရှေ့တောင်ကြောတစ်ဝိုက်၌ တပ်ဖျောက်နေကြောင်း KPDF က ပြောသည်။

(ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ စစ်ရေးလေ့ကျင်‌နေကြစဥ်)
(ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ စစ်ရေးလေ့ကျင်‌နေကြစဥ်)

အင်အား ၁၀၀ကျော်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီအဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့KPDF 2- မှတာဝန်ရှိသူတစ်ဦးက​ ပြောသည်။

မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းပိုင်းရှိ မင်းကင်းမြို့နယ် တောင်တွင်းဒေသအထက်ပိုင်းသို့ ယမန်နေ့(စက်တင်ဘာ ၆ ရက်) နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာခဲ့ခြင်းဟု ဆိုသည်။

တပ်ချောင်းရွာ အရှေ့ရွှေသမင်တောင်ထိပ်သို့ ရှေ့ပြေးတက်လာသော စစ်ကောင်စီတပ်သားများနှင့် (KPDF2)၊ ကနီမြို့နယ်ဆယ်ရွာဒေသခံ (ပကဖ)တပ်ရင်း၊ တိမ်ပျံပျောက်ကျား(တောင်တွင်းဒေသ) ပူးပေါင်းတပ်ဖွဲ့တို့ ပူး​ပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း KPDF 2- က ထုတ်ပြန်သည်။

ပူးပေါင်းတပ်ဖွဲ့၏လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ရှေ့ပြေးတက်လာသော စစ်ကောင်စီ တပ်သားများအနက် ကာကွယ်ရေးတပ်ဖွဲ့၏ မျက်မြင်အတည်ပြုချက်အရ နှစ်ဦးသေဆုံးကြောင်း အသိပေးသည်။ အဆိုပါတိုက်ပွဲတွင် PDFတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဟု တာဝန်ရှိသူကဆက်​ပြောသည်။

Public Service Announcement
Public Service Announcement

ကနီနယ်ရှိ ဆယ်ရွာတွင် စစ်​ကောင်စီစခန်းရှိပြီး အဆိုပါစခန်းသို့ စစ်​ကြောင်းမလာသည်မှာ ကြာပြီဖြစ်၍ ဆယ်ရွာရှိစခန်းသို့ စစ်​ကြောင်းထိုးလာခြင်းဖြစ်နိုင်​ကြောင်းလည်း ၎င်းက ဆက်​ပြောသည်။

“မလာတာနည်းနည်းကြာပြီဗျ။ ခုက တောင်တွင်းအထက်ပိုင်းလည်း ရောက်နေပြီ‌ဆိုတော့ ကနီနယ်ထိလာမယ် ယူဆရတယ်။ ကားလမ်းက သုံးမရလို့စစ်ကား​တွေ တောင်တွင်းအောက်ပိုင်းထားခဲ့ပြီး ခြေလျင်တဖြည်းဖြည်းချင်းတက်လာတာ။ အခုစစ်ကြောင်းက အနောက်ဘက်ကနေ ကုန်းကြောင်းထိုးတာပါ” ဟု KPDF တပ်ရင်း (၂)မှတာဝန်ရှိသူက ​ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည်တပ်ချောင်းရွာ အရှေ့နှင့် စစ်လျင်ချောင်းရွာ အရှေ့တောင်ကြောတစ်ဝိုက်၌ တပ်ဖျောက်နေကြောင်း KPDF က ပြောသည်။

ထို့အပြင် ယနေ့(စက်တင်ဘာ ၇ ရက်) ညနေ ၄နာရီခန့်တွင် ကျော်ရွာ၌ တပ်စွဲထားသည့် ပျူ စောထီးနှင့် စစ်ကောင်စီတပ်သား ၁၀ဦးခန့်မှာ ကုန်းပေါ်ရွာသို့ရောက်ရှိကာ ပြည်သူနေအိမ်များကို မီးရှို့ပြီး ဝင်ဝရွာသို့ ဦးတည်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ကင်းရာတွင် တိမ်းရှောင်နေကြရန်နှင့် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့အနေဖြင့် ပြည်သူများဘေးအန္တ ရာယ် ကင်းရှင်းရေးအတွက် အစွမ်းကုန်ခုခံကာ ကွယ်သွားမည်ဟု KPDF တပ်ရင်း (၂) ကတိပြု သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နိုင်ငံတကာ အစိုးရတွေ ချိတ်ဆက်ဖွဲ့စည်းထားတဲ့ FATFရဲ့ အမှုဆောင်တွေဟာ နောက်လကျရင် ပဲရစ်မြို့တော်မှာ ကျင်းပမယ့် အစည်းအဝေးအတွင်း အခု ဆုံးဖြတ်ချက်ကို အတည်ပြုကြဖွယ် ရှိနေတယ်လို့ ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း နိုင်ငံတချို့ရဲ့ အစိုးရ အရာရှိ ၄ ယောက်က မှတ်ချက် ပေးခဲ့ပါတယ်။

သတင်း

ယနေ့(စက်တင်ဘာ ၇ရက်) နံနက် ၁၁နာရီခန့်က မြေပုံမြို့အထွက်ရှိ နတလ ရုံးကို မိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ မြ၀တီ -ဝေါ်လေးလမ်းအနီးတဝိုက် ဒေသများ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂လကျော်ကြာပြီဖြစ်သည်။

သတင်း

ကော်ဘရာစစ်သည်တော်တွေဘက်ကတော့ ပြည်သူလူထုရဲ့မေတ္တာနဲ့ လုံခြုံဘေးကင်းလျက်ရှိတယ်လို့ ဆိုထားပါတယ်။