သတင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သမင်ခြံက ဒေသခံတွေ ရှောင်တိမ်းနေရ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံ ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့တာမို့ ပြည်သူတွေ သေဆုံးခဲ့ပြီး ဒေသခံတွေဟာ ကျေးရွာအတွင်း မအိပ်ရဲဘဲ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။ ludunwayoo37 minutes ago
သတင်း တိုက်ပွဲထဲကဆေးကြောင်နေတဲ့သုံ့ပန်းစစ်သားသစ်တွေ စစ်ကောင်စီစစ်ကြောင်းပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှာ ဆေးကြောင်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေကို ကာကွယ်ရေးတပ်တွေဖမ်းမိခဲ့ပါတယ်။ ludunwayoo1 ရက် ago
သတင်း ကနီမြို့နယ် သမင်ခြံရွာ စစ်တပ်ဗုံးကြဲလို့ အရပ်သား ၄ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က သမင်ခြံကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (စက်တင်ဘာ၂၂ရက်) ည ၇နာရီခန့်မှာ ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အရပ်သား ၄ဦး သေဆုံးသွားပါတယ်။ ludunwayoo2 ရက် ago
သတင်း ချောင်းမရွာကထွက်ပြေးစစ်သားများကို ULF ကြားဖြတ်တိုက်ခိုက် ၃ ဦးကိုလက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ ကနီမြို့နယ်၊ချောင်းမကျေးရွာမှဆုတ်ခွာထွက်ပြေးသွားသော စစ်သားများကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ ၃ဦးဖမ်းမိပြီး သေနတ်၃လက်နှင့်ကျည်ဆံများ သိမ်းဆည်းနိုင်ခဲ့ကြောင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု-ULF က သတင်းထုတ်ပြန်သည်။ ludunwayoo6 ရက် ago
သတင်း ကနီမြို့နယ်ကို စစ်ကြောင်းပြန်ထိုးဖို့ စစ်တပ် ကြိုးပမ်းနေ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထပ်ထိုးဖို့ ကြိုးစားနေပြီး ကွေ့ချောင်းရွာမှာ လက်နက်ကြီးတပ်ဆင်နေသလို မြေပြင်စစ်ကြောင်းလည်း နဘူးတောရွာကို ရောက်ရှိလာတယ်လို့ သိရပါတယ်။ ludunwayoo6 ရက် ago
သတင်း ULF စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ကျဆုံး ကနီမြို့နယ်၊ ချောင်းမကျေးရွာတိုက်ပွဲတွင် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းကျဆုံးခဲ့သည်။ ludunwayooစက်တင်ဘာ 13, 2025
သတင်း ချောင်းမရွာတိုက်ပွဲက ဆုတ်ပြေးလာတဲ့ စစ်ကြောင်းတိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံး၊ လက်နက်နှစ်လက်ရ စစ်ကိုင်းတိုင်း၊ကနီမြို့နယ် ချောင်းမကျေးရွာမှာအထိနာပြီး ဆုတ်ပြေးလာတဲ့ စစ်ကောင်စီတပ်စစ် ကြောင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး လက်နက်နှစ်လက်ရရှိတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။ ludunwayooစက်တင်ဘာ 13, 2025
သတင်း ချောင်းမရာတိုက်ပွဲစစ်သား ၃ ဦးသေ၊ စစ်သုံ့ပန်း ၄ ဦးဖမ်းမိပြီး သေနတ် ၇ လက်ရရှိ ကနီမြို့နယ် ၊ ချောင်းမရွာတိုက်ပွဲမှာ အင်အား (၁၀၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေကတိုက်ခိုက်တာမှာစစ်သား (၃) ဦး သေဆုံးပြီးစစ်သုံ့ပန်း (၄) ဦး ဖမ်းဆီးရရှိခဲ့သလို သေနတ် ၇ လက် ၊ဂျမ်ပါ နဲ့ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ NUG ၊ကာကွယ်ရေးဝန်ကြီးဌာန၊စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 13, 2025
သတင်း ကနီမြို့နယ်မှာ ပအဖ တာဝန်ခံအပါအဝင် ၁၃ဦးကို ငွေကြေးအလွဲသုံးစားမှုနဲ့ NUG ဖမ်းဆီး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ခံအပါအဝင် ၁၃ဦးကို ငွေကြေးအလွဲသုံးစားကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ ludunwayooဩဂုတ် 26, 2025
သတင်း ကနီမြို့နယ်ကို စစ်ကောင်စီဗုံးကြဲ စစ်ကောင်စီသည် ယနေ့ညနေ ၄နာရီခန့်ခွဲခန့်တွင် စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းကို လေကြောင်းမှဗုံးကြဲရာ အရပ်သားထိခိုက်မှုမရှိခဲ့သော်လည်း နွားသုံးကောင်နှင့်အိမ် မွေးတိရစ္ဆာန်အချို့သေဆုံးခဲ့သည်။ ludunwayooဩဂုတ် 5, 2025