Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြေပုံမြို့ နတလရုံးမိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်အရာရှိ နှစ်ဦးထိခိုက်သေဆုံးနိုင်ဟု ဒေသခံပြော

စက်တင်ဘာ ၇ရက် နံနက်ပိုင်းက အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းသည် နတလရုံးသို့ လာရောက်တပ်စွဲရာ နာရီဝက်ခန့်အကြာတွင် AA က မိုင်း လေးလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ရက္ခိုင့်တပ်တော်(AA)မှ ရဲဘော်များအား တွေ့ရစဥ်)
(ရက္ခိုင့်တပ်တော်(AA)မှ ရဲဘော်များအား တွေ့ရစဥ်)

ရခိုင်ပြည်နယ် မြေပုံမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးရုံး(နတလ)၌တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သူများအတွင်း အရာရှိ နှစ်ဦး ပါဝင်သည်ဟု သတင်းရရှိကြောင်း ရခိုင်ဒေသခံ အချို့က ပြောသည်။

စက်တင်ဘာ ၇ရက် နံနက်ပိုင်းက အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းသည် နတလရုံးသို့ လာရောက်တပ်စွဲရာ နာရီဝက်ခန့်အကြာတွင် AA က မိုင်း လေးလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီမှာ တိုက်ပွဲမရှိဘူး။ မြို့အစွန်မှာ နတလရုံးရှိတယ်။ နတလရုံးကို သူတို့က ဝင်လိုက်ထွက်လိုက် လုပ် နေတာကိုသိတယ်။သိတော့ သူတို့ အဲဒီကနေ စစ်ကြောင်းထွက်သွားတဲ့ အချိန်မှာ AAက မိုင်းထောင်ထားတာလို့ပြောတယ်။ မနေ့က ပြန်လာပြီး ဝင်တဲ့အချိန်မှာဖောက်ခွဲလိုက်တာ။ မနေ့က အဲဒီလိုမျိုး ဖြစ်ပြီး တဲ့နောက်ပိုင်း အဲဒီနားက သွားတဲ့လူတွေကို ပစ်ခတ်တာ၊ ခေါ်ပြီး စစ်ဆေးတာတွေရှိတယ်။ အဲဒါက မြေပုံနဲ့ မင်းပြား ကားလမ်းဘေးမှာလေ။ အဲဒီလမ်းကို ပိတ်ထားတယ် ကြားတယ်။ မနေ့က ကျတဲ့အထဲမှာ အရာရှိနှစ်ယောက်ပါတယ် ကြားတယ်။ မနေ့က ဖြစ်ပြီး သိပ်မကြာခင်မှာ စစ်တွေ ဒကစက ရဟတ်ယာဉ်နဲ့ တင်လာတယ်လို့ ပြောတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

မြေပုံမြို့နယ် ဒေသခံတစ်ဦးကလည်း ရဟတ်ယာဉ်ပေါ်သို့ လူနာ နှစ်ဦး သို့မဟုတ် အလောင်းနှစ်လောင်း ပါသွားသည်ဟုကြားရကြောင်း ပြောသည်။

“ရဟတ်ယာဉ်က အရင်ကတည်းက လာဖို့ အစီအစဉ်ရှိတယ်ပြောတယ်။ တခါတလေလည်း အဲဒီလို လာတယ် လစာတို့ ဘာတို့ ပို့ရင်လည်း ရဟတ်ယာဉ်နဲ့ ပို့တာရှိတယ်။ နောက်တစ်ခုက တပ်က အရာရှိတွေ အသွားအလာ လုပ်မယ်ဆိုရင်လည်း ရဟတ်ယာဉ်နဲ့ လာပို့တာ လာခေါ်တာရှိတယ်။ အဲဒီနေ့ကလည်း မနက်အစောကြီးကတည်းက ရဟတ်ယာဉ်လာမယ်ဆိုတာ ကြိုပြီး ပြောနေကြတယ်။ ပေါက်ကွဲမှု ဖြစ်မှ ဗြုန်းစားကြီးလာတာ မဟုတ်ဘူး။ ဒါပေမဲ့ ရဟတ်ယာဉ် ရောက်တဲ့အချိန်မှာ ပေါက်ကွဲမှု ဖြစ်ပြီးပြီ။ အဲဒီမှာ ဒဏ်ရာရတာလား ဘာလားတော့ မသိဘူး နှစ်ယောက်တော့ တင်သွားတယ် ပြောတယ်”ဟု ၎င်းက ဆိုသည်။

မြေပုံမြို့နယ်တွင် စစ်ကောင်စီ အထိုင်တပ်စခန်းမရှိဘဲ အင်အား ၁၀၀ ပတ်ဝန်းကျင် မြေပုံမြို့နယ်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ၊ ရောက်နေသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီး ရဲစခန်း၊ နတလရုံး၊ အားကစား ခန်းမ၊ မြေပုံနှင့် သုံးမိုင်ခန့်ဝေးသည့် ကံသာရွာတို့၌ နေထိုင်ကြသည်ဟု ဒေသခံက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်နီ(ကယား)ပြည်နယ်၌ စက်တင်ဘာ ပထမအပတ်အတွင်း တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(စက်တင် ဘာ ၈ ရက်) ထုတ်ပြန်သည်။ စက်တင်ဘာ ပထမအပတ်အတွင်း စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုနှင့်ဖရူဆိုမြို့တို့တွင် တပ်အင်အား ဖြည့်တင်းကာ စစ်ကြောင်းထိုးလျက်ရှိပြီး ယာဥ်တန်းများဖြင့် ရိက္ခာပို့နိုင်ရန် ကြိုးစားလျက်ရှိကြောင်း KNDF...

သတင်း

တိုက်ခိုက်ခဲ့သည့် OperationMomoအဖွဲ့က" ချမ်းမြေ့အောင်စည်က ဂေါင်းကြီးတို့ မြိန်ရဲ့လားဟ။ဂျိမ်းဂျိမ်းဂျိမ်း "ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

သတင်း

KIA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း စက်တင်ဘာ ၇ရက် နံနက် ၈နာရီခွဲတွင် KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၄)နယ်မြေ ဝါရာဇွပ် ချောင်းတံတားအနီး၌ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ ဒတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

Mytel ပိုက်ဖြင့် ဆင်ထားသော အင်အားပြင်း နှစ်ဆင့်ကွဲ ရှေ့ထွက်မိုင်းများဖြင့် အသင့်စောင့် ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြားဒဏ်ရာရရှိသွားခဲ့ကြကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။