Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မ(၈၈)စစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်၊စစ်ကောင်စီတပ် ရှစ်ဦးသေ လေးဦး ဒဏ်ရာရ

KIA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း စက်တင်ဘာ ၇ရက် နံနက် ၈နာရီခွဲတွင် KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၄)နယ်မြေ ဝါရာဇွပ် ချောင်းတံတားအနီး၌ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ ဒတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(KIA တပ်မှ ရဲဘော်များ ရှေ့တန်းတစ်နေရာ၌ တွေလရစဉ်)
(KIA တပ်မှ ရဲဘော်များ ရှေ့တန်းတစ်နေရာ၌ တွေလရစဉ်)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ရွာအနီးတွင် စစ်ကောင်စီတပ်၏ တပ်မ (၈၈)စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၇ရက် နံနက်ပိုင်းက KIAတပ်ဖွဲ့သည် မိုင်း ၅လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး နေရာတွင် သေဆုံးပြီး ငါးဦး ဒဏ်ရာရကာ တစ်ဦးလမ်း၌ ထပ်မံသေဆုံးခဲ့သည်ဟု ဆိုသည်။

“မိုင်း ၅လုံးဆွဲထည့်လိုက်တယ်။ အဲဒီမှာ ၁၂ယောက်ထိတာ။ ရွာရောက်တော့ လေးယောက်ပဲကျန်တော့တာ။လမ်းမှာ တစ်ယောက်မြှုပ်ထားလိုက်ပြီထင်တယ်။ ဒေသအခြေအနေ ကနှစ်ဖက်စလုံး အသေအကြေတိုက်လာမလား မသိပါဘူး။ အခုက စစ်တပ်အင်အားက ရှဒူးဇွပ်မှာပဲစုနေတာ။ KIA ဘက်ကလည်း စစ်ရေးလှုပ်ရှားမှု ရှိတယ်။ အဲဒါ အသေအကြေတိုက်ကြမလားမသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း စက်တင်ဘာ ၇ရက် နံနက် ၈နာရီခွဲတွင် KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၄)နယ်မြေ ဝါရာဇွပ် ချောင်းတံတားအနီး၌ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ ဒတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ စစ်ကြောင်းသည် မရန်ကထောင်မှ တက်လာသည့် တပ်မ (၈၈)စစ်ကြောင်း ဖြစ်ပြီး တပ်ရင်း (၁၄)နယ်မြေအတွင်း လှုပ်ရှားလာ၍ မိုင်းဖြင့် လေးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းထိခိုက်မှုများ ရှိခဲ့ကြောင်း KIAက အသိပေးထားသည်။

ရှမ်းမြောက်ဒေသ KIA တပ်ရင်း(၉)နယ်မြေတွင် လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်း ပစ်ကူ လက်နက်ကြီး ပစ်ကူများအသုံးပြု တိုက်ခိုက်လာသည်ဟု KIAက ဆိုသည်။

စစ်ကောင်စီ၏ တပ်မ (၇၇)နှင့် တပ်မ (၉၉) စုပေါင်းတပ်ဟု ယူဆရသည့် အင်အား ၂၀၀ခန့်ပါ စစ်ကြောင်းသည် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဘက်မှ KIA တပ်ရင်း(၉)နယ်မြေသို့ ထိုးစစ်ဆင် လာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားချိန် နမ့်ဖက်ကာရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ်ဖြင့်လည်း လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်နီ(ကယား)ပြည်နယ်၌ စက်တင်ဘာ ပထမအပတ်အတွင်း တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(စက်တင် ဘာ ၈ ရက်) ထုတ်ပြန်သည်။ စက်တင်ဘာ ပထမအပတ်အတွင်း စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုနှင့်ဖရူဆိုမြို့တို့တွင် တပ်အင်အား ဖြည့်တင်းကာ စစ်ကြောင်းထိုးလျက်ရှိပြီး ယာဥ်တန်းများဖြင့် ရိက္ခာပို့နိုင်ရန် ကြိုးစားလျက်ရှိကြောင်း KNDF...

သတင်း

တိုက်ခိုက်ခဲ့သည့် OperationMomoအဖွဲ့က" ချမ်းမြေ့အောင်စည်က ဂေါင်းကြီးတို့ မြိန်ရဲ့လားဟ။ဂျိမ်းဂျိမ်းဂျိမ်း "ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

သတင်း

စက်တင်ဘာ ၇ရက် နံနက်ပိုင်းက အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းသည် နတလရုံးသို့ လာရောက်တပ်စွဲရာ နာရီဝက်ခန့်အကြာတွင် AA က မိုင်း လေးလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

Mytel ပိုက်ဖြင့် ဆင်ထားသော အင်အားပြင်း နှစ်ဆင့်ကွဲ ရှေ့ထွက်မိုင်းများဖြင့် အသင့်စောင့် ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြားဒဏ်ရာရရှိသွားခဲ့ကြကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။