Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ် CDFနှင့် ကျောက်ထု PDF ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ် သုံးဦးသေ

တိုက်ပွဲဖြစ်ပွားချိန်၌ စစ်ကောင်စီ၏ ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီး ပစ်ကူပေးလာကြောင်း၊ ထိုသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရာ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force - Mindat)
(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force - Mindat)

မကွေးတိုင်း ယောနယ်သို့ စစ်ကြောင်းထိုးရန် ဝင်ရောက်လေ့ရှိသည့် စစ်ကောင်စီတပ်ကို ချင်းပြည်နယ်နှင့် ယောနယ်စပ်တွင် မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)နှင့် ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့၍ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ် မယ်လယ်ကုန်းရွာနှင့် လှော်၀ရွာအကြားတွင် စက်တင်ဘာ ၉ရက် နံနက် ၁၁နာရီခွဲမှ စ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဆိုသည်။

“ဒါက ယောနယ်ကို ပုံမှန်သွားနေတဲ့ စစ်ကြောင်း။ ဒီတစ်ခေါက်မှာ အဲဒီ လှော်၀တို့ မယ်လယ်ကုန်းတို့ဆိုတာ ချင်းပြည်နယ်။ ဒါပေမဲ့ ယောနယ်နဲ့ ပိုနီးစပ်တဲ့ ချင်းရွာတွေ။ ဒီကောင်တွေက မနေ့က လှော်ဝမှာ အိပ်တယ်။ ဒီမနက်မှာ မယ်လယ်ကုန်းကို ဆင်းလာတာ။ မယ်လယ်ကုန်းက ချင်းတောင်လည်း တက်လို့ရတယ်။ ယောနယ်လည်း ဆင်းလို့ရတယ်။ မယ်လယ်ကုန်းကို ထွက်လာတာကို မင်းတပ် CDFနဲ့ ကျောက်ထု PDF ပူးပေါင်း စစ်ဆင်ရေးပုံစံနဲ့ ပြောက်ကျားစနစ်နဲ့ တိုက်တာပေါ့”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်၌ စစ်ကောင်စီ၏ ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီး ပစ်ကူပေးလာကြောင်း၊ ထိုသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရာ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

“အကျအဆုံးက သူတို့ဘက်က သုံးယောက်လောက်ရှိတယ်။ အများအပြားတော့ ဒဏ်ရာရတယ်လို့ ရှေ့တန်းက နယ်မြေခံတပ်ရင်းမှူးက သတင်းပို့ထားတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ ယခု ပြန်လည်၍ တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်း ထိုးစစ်ဆင် ဝင်ရောက် လာခြင်းမရှိ၍ တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့ခြင်းဖြစ်သည်ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကော်ဘရာ စစ်ကြောင်းကလည်း သတင်းထုတ်ပြန်ရာ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ဂျီနီဗာကွန်ဗန်းရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ရက်တွင် ရွှေတောင်ကျေးရွာသို့ ဝင်ရောကက်ကာ ဒေသခံများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ဆန်တင်း ၁၅၀ ကျော်ကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက ပြောသည်။

သတင်း

သထုံမြို့နယ် (ပကဖ)က နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံး နှစ်လုံးဖြင့်မီတာရုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။