Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရိက္ခာနှင့် ခဲယမ်းလာပို့သည့် ဗိုလ်ကြီး အပါအဝင် စစ်ကောင်စီတပ်သား ၆ဦးကို KNLAနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ် ဖမ်းမိ

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကော်ဘရာ စစ်ကြောင်းကလည်း သတင်းထုတ်ပြန်ရာ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ဂျီနီဗာကွန်ဗန်းရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု အသိပေးထားသည်။

(ဖမ်းဆီးရမိ​သော စစ်​ကောင်စီတပ်မှဗိုလ်ကြီးအပါအဝင်စစ်သား၆ နှင့် ​လက်နက်ခဲယမ်းများကိုကော်ဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-​Cobra Column)
(ဖမ်းဆီးရမိ​သော စစ်​ကောင်စီတပ်မှဗိုလ်ကြီးအပါအဝင်စစ်သား၆ နှင့် ​လက်နက်ခဲယမ်းများကိုကော်ဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-​Cobra Column)

▪︎လက်နက် ၆လက်နှင့် ခဲယမ်း၊ ကျည်အများအပြားသိမ်းဆည်းရမိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် ရိက္ခာနှင့် ခဲယမ်းများ လာပို့သည့် ဗိုလ်ကြီး ဦးစီးသည့် စစ်ကောင်စီတပ်ကို ဖမ်းမိခဲ့ကြောင်း ဒူးပလာယာခရိုင်နှင့် ​ကော်ဘရာစစ်​ကြောင်းတို့က သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ ၉ရက်နံနက်က ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တောနော်အရှေ့ဘက်ခြမ်း မြဝတီ၊ ဝေါ်လေ လမ်းမပေါ်ရှိ လူခို့ဒေသတွင် အင်အား ၆ဦးပါသည့် စစ်ကောင်စီတပ်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ် (ခမရ- ၁၀၂) တပ်မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသည့် အဖွဲ့ ကို KNU လက်အောက်ခံနယ်မြေခံ KNLA တပ်ရင်း (၂၇)နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ဖမ်းမိခဲ့ရာသိမ်းဆည်းရမိသော လက်နက်များမှာ MA-3(၂)လက်, MA -1(၁)လက်, MA-2(၁) လက်, MA-4(၁)လက်, MA-5(၁) လက်၊ ကျည်အိမ် မဂ္ဂဇင်း ဘောက် (၁၇)ချပ်, ဘောက်အဝိုင်း (၁) ချပ်, လက်ပစ်ဗုံး (၂)လုံး, BSA 1 Scope (၁)လုံး, 5.56 ကျည်(၆၀၀)တောင့်, 40-mm ဗုံးသီး (၂၀၀)လုံး, 60-mm ဗုံးသီး (၂၀၀) လုံး တို့ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ရိက္ခာခြောက် မမခေါက်ဆွဲ (၁၂) အိပ် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကော်ဘရာ စစ်ကြောင်းကလည်း သတင်းထုတ်ပြန်ရာ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ဂျီနီဗာကွန်ဗန်းရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မိုးဗြဲမြို့တိုက်ပွဲမှာ စက်တင်ဘာ ၈ရက် (ယမန်နေ့)နံနက် ၈နာရီခန့်ကစတင်ခဲ့ပြီး ဝါရီဆူးပလိုင်ဘက်မှ မိုးဗြဲမြို့ဘက်သို့ အင်အား ၁၀၀နီးပါးဖြင့် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

သတင်း

ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်သွားရန်နှင့် မလိုက်နာပါက အမျိုးသားညီညွတ်ရေးအစိုးရ မှ ချမှတ်သော တရားဥပဒေနှင့် အညီ ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာ(ပကဖ)က သတိပေးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ရက်တွင် ရွှေတောင်ကျေးရွာသို့ ဝင်ရောကက်ကာ ဒေသခံများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ဆန်တင်း ၁၅၀ ကျော်ကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲဖြစ်ပွားချိန်၌ စစ်ကောင်စီ၏ ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီး ပစ်ကူပေးလာကြောင်း၊ ထိုသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရာ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။