Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ် ၍ ဒေသခံပြည်သူနေအိမ်များပျက်စီးဟု မင်းတပ် CDF အသိပေး

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ရက်မှာ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

(စက်တင်ဘာ ၁၀ရက်က စစ်ကောင်စီတပ် လက်နက် ကြီးပစ်ခတ်၍ မင်းတပ်မြို့ ခွီးရိန်ရွာရှိ နေအိမ်များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ် CDF)
(စက်တင်ဘာ ၁၀ရက်က စစ်ကောင်စီတပ် လက်နက် ကြီးပစ်ခတ်၍ မင်းတပ်မြို့ ခွီးရိန်ရွာရှိ နေအိမ်များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ် CDF)

ချင်းပြည်နယ် မင်းတပ်မြို့ ခွီးရိန်ရွာရှိ ပြည်သူ့နေအိမ် များအပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF) က ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ရက်မှာ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

(စက်တင်ဘာ ၁၀ရက်က စစ်ကောင်စီတပ် လက်နက် ကြီးပစ်ခတ်၍ မင်းတပ်မြို့ ခွီးရိန်ရွာရှိ နေအိမ်များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ် CDF)
(စက်တင်ဘာ ၁၀ရက်က စစ်ကောင်စီတပ် လက်နက် ကြီးပစ်ခတ်၍ မင်းတပ်မြို့ ခွီးရိန်ရွာရှိ နေအိမ်များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ – မင်းတပ် CDF)

ယခင်ကလည်း စစ်ကောင်စီတပ်ဟာ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးများ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ယခု တစ်ကြိမ်တွင်လည်း ဖျက်အားပြင်း လက်နက်ကြီးများ အပြစ်မဲ့ ပြည်သူလူထု နေအိမ်များနှင့် အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။

” လူစိတ်မရှိတဲ့ အာဏာရှင် အမြစ်ပြုတ်ဖို့အရေးပြည်သူများ အားလုံးဆက်လက်ပြီး အဆုံးထိ ပူးပေါင်းပါ၀င် ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ စကစ အကြမ်းဖက် စစ်တပ်များဟာ တော်လှန်ရေး ကာလကြာမြင့်လေ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်စီးနေအုံးမှာ မို့ အထိအခိုက်များလေ ဖြစ်နအုံးမှာပါပဲ”ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း မင်းတပ် မြို့နယ် ချပ်ကျေးရွာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများနှင့် CDF ရဲဘော်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မိုးဗြဲမြို့တွင် စက်တင်ဘာ ၈ရက်စ၍ ယနေ့ထိ (၄) ရက်တိုင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲဖြစ်၍ မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ရန် ပြည်သူများအား KNDFက တိုက်တွန်းသည်။

သတင်း

ယနေ့ညနေ ၆ နာရီ ၃၅ ခန့်က မြို့နယ်ခန်းမ၌တပ်စွဲထားသော စစ်ကောင်စီတပ်များ အပြင်သို့ထွက်လာချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီ၏ ခလရ ၇၇ /ခမရ ၄၁၅/ခလရ ၇၈/ခမရ ၄၁၆ တပ်ရင်း (၄)ဖွဲ့ပေါင်း အင်အား ၁၇၆ ဦးသည် ချောင်းဝရွာ၌ ရှိနေသည်ဟု ဆိုသည်။

သတင်း

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် မဆင်မခြင် ရမ်းသမ်းပစ်ခတ်မှုများ ရှိသဖြင့် ဒေသခံပြည်သူများကို ကော်ဘရာ စစ်ကြောင်းက အထူးသတိထားရန် နှိုးဆော်လိုက်ခြင်းဖြစ်သည်။