Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်-ထီးခီးလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှဒုတပ်ရင်းမှူးအပါအဝင် (၁၂)ဦးသေဟုဆို

အထက်ပါဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်မှ သတင်းဖြန့်ရာတွင် ခလရ (၂၆၅)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဝင်းအောင်အပါအဝင် တပ်ကြပ်တစ်ဦးနှင့် ဒုတပ်ကြပ်ငါးဦးဖြင့် စုစုပေါင်း စစ်သားခုနစ်ဦးသာ​သေဆုံးကြောင်း ဖော်ပြထားသည်။

ထားဝယ်-ထီးခီးလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် (၁၂)ဦးသေဟုဆို
ထားဝယ်-ထီးခီးလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် (၁၂)ဦးသေဟုဆို

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား လမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် (၁၂)ဦးသေဆုံးကြောင်း Nway Oo Guerrilla Force(နွေဦးပြောက်ကျားတပ်)က ထုတ်ပြန်သည်။

ထားဝယ်-ထီးခီးလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ခလရ(၂၆၅)တပ်ကို စက်တင်ဘာ ၆ ရက်က ဆာကဆောတပ်မဟာ တပ်ရင်း (၁) နယ်မြေအမိုးခီးနော်သူးက္လို ရွာအနီးတွင် ဗိုလ်ကော်လော ဦးဆောင်သော ကော်သူးလေတပ်မတော်(KTLA)နှင့် Nway Oo Guerrilla Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုရင်းမှူးတစ်ဦးအပါအဝင် (၁၂)ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိပြီး (၄၀)မမ ဗုံးပစ်လောင်ချာအပါအဝင် MA 3 ​လေးလက်၊ (၄၀)မမ ဗုံးသီး (၁၁) လုံး၊ ကျည်ဘောက် ရှစ်ခု၊ ပစ္စတိုတစ်လက်၊ (၆၀)မမ ဗုံးသီးတစ် လုံး၊ ရှေ့ထွက်မိုင်း(လိပ်ခုံး)တစ်လုံး၊ ဆက်သွယ်ရေးစက် လုံးအပါအဝင်စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်း ဆည်းရမိခဲ့သည်ဟု အသိ​ပေးသည်။

အထက်ပါဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်မှ သတင်းဖြန့်ရာတွင် ခလရ (၂၆၅)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဝင်းအောင်အပါအဝင် တပ်ကြပ်တစ်ဦးနှင့် ဒုတပ်ကြပ်ငါးဦးဖြင့် စုစုပေါင်း စစ်သားခုနစ်ဦးသာ​သေဆုံးကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲများအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF တပ်များဘက်မှ ၅,၁၂၅ ဦး သေဆုံးခဲ့ပြီး ၄,၁၇၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

ရှဒူးဇွပ်ဒေသခံတစ်ဦးကလည်း အဆိုပါ တပ်စခန်းရှိ KIA ရဲဘော်များသည် လွန်ခဲ့သည့် ၃ရက် ခန့်က ဆုတ်ခွာထားကြောင်း သိရသည်ဟု ဆိုသည်။

သတင်း

အလားတူ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲကျေးရွာတွင် ကင်းထောက်နေစဉ်အတွင်း စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း KNDF တပ်ရင်း(၅)က အသိပေးသည်။

သတင်း

ဇူလိုင်လကုန်ပိုင်းကလည်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် စစ်ကိုင်းမြို့နယ် စဉ့်ကိုင် (တောင်)ရွာရှိ ဆရာတော်တစ်ပါး လက်နက်ကြီးထိမှန် ပျံလွန်တော်မူခဲ့ပြီး ဒေသခံရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။