သတင်း သရက်ချောင်းမှာ ရွာတွေကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ရပ်မိရပ်ဖတွေ လိုက်ရွေးပေးနေ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲမှာ ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးတာနဲ့ ဝင်ရောက်တပ်စွဲတာတွေလုပ်နေတဲ့ စစ်ကောင်စီတပ်တွေက ရပ်ရွာအလိုက်ရပ်မိရပ်ဖရွေးချယ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။ ludunwayoo5 နာရီ ago
သတင်း ထားဝယ်နယ်မှာစစ်တပ်ယာဥ်တန်းတိုက်ခိုက်မှု ၆ စီးကို တော်လှန်ရေးတပ်များဖျက်ဆီးနိုင်၊ ကားသုံးစီးစာရိက္ခာနဲ့ လက်နက်တွေရ ထားဝယ်မြို့ဘက်ကနေလာတဲ့ စစ်တပ်ယာဥ်တန်း ၁၁ စီးမှ ၆ စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ကျားသစ်နက်တပ်ဖွဲ့နဲ့ဘီလုံးပြောင်ကျားတပ်တို့ကစက်တင်ဘာ၂၀ ရက်နေ့မှာပူးပေါင်းထုတ်ပြန်ပါတယ်။ ludunwayoo5 ရက် ago
သတင်း ထားဝယ်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှ တပ်သားသစ်တစ်ဦး လက်နက်နဲ့အလင်းဝင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဓဝယ်အ မျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ludunwayoo7 ရက် ago
သတင်း ထားဝယ်မြို့နယ်တိုက်ပွဲ စစ်တပ်အထိနာ၊ ကျေးရွာကို လေယာဉ်တိုက်ခိုက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာတိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 18, 2025
သတင်း ထားဝယ်တွင်စစ်တပ်စစ်ကြောင်းမှထွက်ပြေးလာသည့်စစ်သား ၄ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်တပ်မဟာ (၄)နယ်မြေတွင် ထားဝယ်မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသော စစ်သား ၄ဦးကို လက်နက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 3, 2025
သတင်း ထားဝယ်မှာစစ်တပ်ယာဥ်တန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်၊ စစ်တပ်အထိနာ ထားဝယ်မြို့ဘက်မှလာသော စစ်ကောင်စီတပ်ယာဥ်တန်းနှင့် စစ်ကြောင်းကိုတော်လှန်ရေးတပ်များက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ရဲ့ ယာဥ် ၁၀ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် DNLA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ludunwayooဩဂုတ် 21, 2025
သတင်း ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ပြည်သူတွေထွက်ပြေးနေရ တနင်္သာရီတိုင်းက ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ထိုးနေလို့ ကျေးရွာတွေက ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက People's Spring ကို ပြောပါတယ်။ ludunwayooဩဂုတ် 16, 2025
သတင်း စစ်တပ်က ထားဝယ်မြို့အဝင်အထွက်ကိုပိတ်ဆို့ပြီး လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေ တနင်္သာရီတိုင်း၊ထားဝယ်မြို့မှာစစ်ကောင်စီတပ်က ညအချိန် မြို့အဝင်အထွက်တွေကိုပိတ်ဆို့ပြီး ဧည့်စာရင်းအကြောင်းပြကာ နေအိမ်ပေါ်အထိတက်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေအခုရက်ပိုင်းဆက်တိုက်လုပ် ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက People's Spring ကို ပြောပါတယ်။ ludunwayooဩဂုတ် 6, 2025
သတင်း ထားဝယ်မြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းတွေကို ၃ရက်ဆက်တိုက်ခိုက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ယာဥ်တန်းတွေကို နေရာ၃နေရာမှာရက်ဆက်တိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော်(DNLA)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ludunwayooဇူလိုင် 25, 2025
သတင်း ထားဝယ်အရှေ့ခြမ်းရှိ KNLA ဂိတ်စခန်းကို စစ်ကောင်စီတပ် ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ် စစ်ကောင်စီ လက်နက်ကြီးကြောင့် ကားသမားနှင့် ခရီးသွားပြည်သူ ၂ဦးသေ၊ ၅ဦး ဒဏ်ရာရ ludunwayooဇူလိုင် 23, 2025